Please Download Unicode Standard Myanmar Fonts To View this Blog!

Tutorials


Step by Step Video Tutorial For Beginner Bloggers on WordPress

wordpress logo

44.765 MB ရှိပြီး ကျွန်တော်ကြည့်ဖူးသမျှ YouTube ဗီဒီယိုတွေထဲမှာ အရှည်လျားဆုံးနဲ့ အပြည့်စုံဆုံး ရှင်းလင်းထားတဲ့ Tutorial Video တစ်ခုပါ။
WordPress ကို Advance User အနေနဲ့ အသုံးပြုနေသူတွေအတွက် ဒီဗီဒီယိုက အထောက်အကူ ဖြစ်စေမှာ မဟုတ်ပဲ၊ ယခုမှ စထိတွေ့မယ့် Beginner Blogger တွေအတွက်သာလျင် ဖြစ်ပါတယ်။

How to Install Wordpress Locally

How to Install Wordpress Locally

ဒီနေ့တော့ Wordpress ကို Internet Connection ရှိစရာမလိုပဲ ကိုယ့် စက်ထဲမှာ Install လုပ်၊ အသုံးပြုတဲ့နည်း အကြောင်းပြောချင်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး Web Developer တွေအနေနဲ့ မိမိရဲ့ Design တွေ၊ မှန်မမှန် ပြန်လည်စစ်ဆေးခြင်း တွေ၊ ပြုပြင်ခြင်းတွေကို အလွယ်တစ်ကူ ပြုလုပ်လို့ ရသလို၊ Blogger တွေ အနေနဲ့လည်း မိမိရဲ့ Blog ကို Maintenance လုပ်တာ၊ ပို့စ်အနေအထားတွေ၊ နောက် မိမိစမ်းသပ်လိုတဲ့ Widget တွေ၊ Coding အချို့တွေကို လည်း အင်တာနက်ပေါ်တွင် မိမိဘလော့ဂ် အား တက်မပြင်မှီ မစမ်းသပ်မှီ Rehearsal အနေနဲ့ အလွယ်တစ်ကူ စမ်းသပ်ပြုပြင်လို့ရစေပါတယ်။ [...]

Wordpress Helpsheets

Wordpress Helpsheets

Wordpress အသုံးပြုသူတွေအနေနဲ့ အရမ်းအသုံးဝင်တဲ့ Helpsheet {Basic ,and Advance} ၂-ခုကို ရှာဖွေတွေ့ရှိလို့ အချိန်မဆိုင်းပဲ ကြားဖြတ်ပို့စ်အနေနဲ့ အမြန်မျှဝေလိုက်ပါတယ်။

ဒီ Helpsheet တွေမှာ Basic နှင့် Advance ဆိုပြီး ၂-ခုရှိတဲ့အနက် Basic ထဲမှာ ဆိုရင် Wordpress Theme တစ်ခုမှာ အခြေခံ အားဖြင့် ပါရမယ့် File တွေ အကြောင်းနှင့် အခြေခံ အကျဆုံး Wordpress ဆိုင်ရာ PHP Snippets များ ကို အပိုင်းလိုက် အလွယ်တစ်ကူသိရှိစိမ့်သောငှာ ရှင်းလင်းထားပြီး၊ Advance မှာဆိုရင်တော့ ပိုမို Advance ဖြစ်တဲ့ Styling ဆိုင်ရာတွေ၊ Dynamic Page Commands တွေ၊ Content [...]

Blogspot မှ Wordpress သို့

Blogspot မှ Wordpress သို့

Blogspot ကနေ Wordpress ကို ပြောင်းမယ် လုပ်တော့ ကျွန်တော် အရင်ဆုံးစ စဉ်းစားမိတာက ကျွန်တော့် ဆီမှာ Subscribe လုပ်ထားသူတွေ အကြောင်းနဲ့ ကျွန်တော့်ဘလော့ဂ်ကို လာလည်နေကျ ဧည့်သည်တော်တွေ အကြောင်းပါပဲ။ Feed Burner Feed Stat ရဲ့ သတင်းပေးချက်အရတော့ ကျွန်တော့် ဆီကို တစ်ရက် လာလည်သူဦးရေ ပုံမှန်အားဖြင့် ဆယ်ယောက်ခန့်ရှိပါတယ်။
အမှန်တော့ ဒီပမာဏဟာ တစ်ကယ်တန်း အောင်မြင်နေတဲ့ ပရော်ဖက်ရှင်နယ် ဘလော်ဂါတွေနဲ့ စာရင် ဘာမှ မပြောပလောက်ပါဘူး(ဟာသတစ်ပုဒ် တောင် ဖြစ်နေမလားပါပဲ)။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ ဒီလူတွေဟာ ကျွန်တော့်ရဲ့ ပထမဆုံး စာအုပ်ကို ထုတ်ဝေခွင့်ပေးသူတွေဆိုလည်း ဟုတ်တယ်၊ ဖြန့်ချီသူတွေလည်းဖြစ်တယ် ဆိုတဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီပမာဏဟာလည်း [...]

How Much Is Your Blog Worth?

သင့်ဘလော့ဂ် ဘယ်လောက်တန်သလဲ?
စမ်းသပ်လိုသူများ ရုပ်ပုံပေါ်က လင့်ခ်မှာ ကလစ်လုပ်ပြီး၊ မူရင်းဆိုဒ်ကိုသွား၍ မိမိဘလော့လင့်ခ်ကို ထည့်ကာ စမ်းသပ်နိုင်ပါတယ်ခင်ဗျာ။ဆန္ဒရှိသူများ ဆိုဒ်ဘားမှာပဲထည့်ထည့်၊ ဘယ်နေရာထည့်ထည့် ကြိုက်တဲ့နေရာ ထည့်လို့ရတဲ့ HTML ကုဒ်တွေပါရပါမယ်။

My blog is worth $2,822.70.How much is your blog worth?

How to make your Windows XP Genuine

Windows XP ကို မိုက်ခရိုဆောဖ့် အသိအမှတ်ပြု တရားဝင်ဖြစ်ကြောင်း၊ မိုက်ခရိုဆော့ဖ်မှ စစ်ဆေးမှတ်ပုံတင်အောင်မြင်ခြင်းကို Genuine ဖြစ်တယ်လို့ ခေါ်ပါတယ်။အကယ်၍ မိမိ Window XP ဟာ Genuine မဖြစ်ခဲ့ဘူးဆိုရင် မိုက်ခရိုဆော့ဖ် မှ Security Update တွေနှင့်တကွ Major Update များအပါအ၀င် မည်သည့် Update ကိုမှ အဲဒီ Window အသုံးပြုတဲ့ စက်မှာ ရရှိလိမ့်မယ် မဟုတ်ပါဘူး။ ဒါ့အပြင် Windows စနစ်ရဲ့လုပ်ဆောင်မှုဟာလည်း Genuine ဖြစ်တဲ့ Windows တွေလို သွက်လက်မြန်ဆန်မှု မရှိရုံမျှမက၊ အချို့သော Genuine Validator ပါတဲ့ ဆော့ဖ်ဝဲလ် တွေကိုလည်း Install လုပ်ခွင့်ရမှာမဟုတ်တဲ့ အပြင်၊ Genuine [...]

How to use your Gmail Acoount as an extra 4 GB HDD

ဒီနည်းလေးကတော့ မိမိရဲ့ Gmail Acoount ကိုအသုံးပြုပြီး ဖိုင်တွေသိမ်းဆည်းဖို့အတွက် နေရာ အပို ၄-ဂဂ္ဂါဘိုက် ကိုမိမိ စက်ထဲမှာတင်အလွယ်အသုံးပြုလို့ရစေပါမယ်။
Gmail Drive ကိုအသုံးပြုခြင်းအားဖြင့် သင့်စက်ထဲမှာ Window Explore မှနေ၍ တိုက်ရိုက်သင့် Gmail Acoount ထဲသို့ ကြိုက်နှစ်သက်ရာ ဖိုင်များကို Drag & Drop လုပ်ပြီး သိမ်းဆည်းလို့ရစေပါတယ်။ Gmail Drive ကိုအသုံးပြုရလွယ်ကူစေဖို့ သူက Virtual Drive တစ်ခုကိုလည်း သင့် My Computer ထဲမှာ ဆောက်ပေးဦးမှာပါ။
အသုံးပြုဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာ မှာ Gmail Drive ကိုဒေါင်းလုဒ် လုပ်ပါခင်ဗျာ။ ပြီးတာနဲ့ ရလာတဲ့ Zip File လေးကို C:/ ထဲမှာဖြစ်ဖြစ်၊ ကြိုက်တဲ့နေရာတစ်ခုမှာ ဖြေပြီး၊ [...]