Please Download Unicode Standard Myanmar Fonts To View this Blog!

Unicode and Culture of Myanmar Language

Please Attention!

ကျွန်တော့် ဘလော့ဂ်ကို အောက်ပါ ယခု ပို့စ်မှ စတင်ကာ ယူနီကုဒ်စနစ်သုံး မြန်မာဖောင့်များ ပြောင်းရေးနေပြီ ဖြစ်၍ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်သော မြန်မာ ဆီးရီး ဖောင့်ထ်များ ( မြန်မာ ၁၊ ၂၊ ၃)၊  ပုရပိုဒ် ဖောင့်ထ် သို့မဟုတ် ပိတောက် ဖောင့်ထ် တစ်ခုခုအား မိမိ စက်ထဲတွင် ထည့်သွင်းထားမှ အဆင်ပြေပါမည်။ ယခု ပို့စ် မတိုင်မှီ ပို့စ် အဟောင်းများ အားလုံးကိုမူ ဇော်ဂျီဖြင့်ပင် ဖတ်ရှုနိုင်မည် ဖြစ်ပြီး ယခုပို့စ်မှ စတင်ကာ နောက်ဆက်လက် ရေးသားမည့် ပို့စ်များအား ဖတ်ရှုရန် အတွက် အထက်ပါ ဖောင့်ထ်များ မိမိစက်ထဲတွင် ရှိနေရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ ယူနီကုဒ် စနစ်သုံး ဖောင့်ထ်များအား ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် စာရိုက်သည့် လက်ကွက်ဆော့ဖ်ဝဲရ် အင်စတောလ် လုပ်စရာ  လုံးဝ မလိုပါ။ အခြား မိမိ လက်ရှိ သုံးနေသော ဇော်ဂျီ အစရှိသည့် ဖောင့်ထ် နှင့် လက်ကွက်များကိုလည်း ဖယ်ရှားရန် မလို  ပြဿနာတက်ရန် မရှိ သည့် အတွက် အသုံးပြုရန် အလွန်ပင် လွယ်ကူပါသည်။

ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်ထ် များကို ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် အောက်ပါ အဆင့် (၂) ဆင့်ဖြင့်လုပ်ဆောင်ရုံဖြင့် လုံလောက်ပါသည်။

(၁) မြန်မာ-၃၊ သို့ ၊ ပုရပိုဒ်၊ သို့၊ ပိတောက် ဖောင့် တစ်ခုခုကို ဒေါင်းလုဒ်ချပါ။ ဒေါင်းလုဒ်ချပြီးလျင် ဖိုင်တစ်ထုပ်ရရှိလာမည် ဖြစ်ပြီး ၎င်းဖိုင်ထဲတွင် OpenType Font File တစ်ခုစီ ကိုတွေ့ရပါမည်။

(၂) ၎င်း ဖောင့်ထ် ဖိုင်ကို ဝင်းဒိုးစ်၏ Start မှ တစ်ဆင့် Control Panel ထဲရှိ Font ဆိုသော Folder ထဲသို့ Copy & Paste လုပ်လိုက်ရုံသာ ဖြစ်ပါသည်။
သို့မဟုတ်ပါကလည်း ၎င်း ဖောင့်ထ် ဖိုင်ပေါ်တွင် Right Click လုပ်ပြီး Install လုပ်ခြင်ဖြင့် အလွယ်တစ်ကူ မိမိစက်ထဲတွင် Install လုပ်ပြီး ဖြစ်စေပါမည်။

ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်များ အား မိမိကြိုက်နှစ်သစ်ရာ ဖောင့်ထ် ကိုဒေါင်းလုဒ် လုပ်ရန် အတွက် အောက်ပါ ဝဘ်စာမျက်နှာတွင် အသင့် စုစည်းထားရှိပြီး လွယ်လင့်တစ်ကူ ဒေါင်းလုဒ် လုပ် အသုံးပြုနိုင်ပါသည်။


>> Download Unicode Standard Myanmar Fonts

_____________________________________________________________________________

” ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန်  မြန်မာစာ ယဉ်ကျေးမှု စာတမ်း ” နှင့် ကျေးဇူးတင်စကား


စာတမ်းအား အောက်ပါ ဖိုင် အမျိုးအစား သုံးမျိုးဖြင့် အွန်လိုင်းပေါ်တွင် လည်းကောင်း ဒေါင်းလုဒ်လုပ်၍ သော်လည်းကောင်း ဖတ်ရှု နိုင်သည်။

ဖလက်ရှ်စာမျက်နှာ (FlashPaper) ဖြင့် ဖတ်ရှုရန်

ဖလက်ရှ်စာမျက်နှာ (FlashPaper) ဖြင့် ဖတ်ရှုရန်

ပီဒီအက်ဖ် (.PDF) ဖိုင်ဖြင့် ဖတ်ရှုရန် (ဒေါင်းလုဒ်လုပ်ရန်)

ပီဒီအက်ဖ် (.PDF) ဖိုင်ဖြင့် ဖတ်ရှုရန် (ဒေါင်းလုဒ်လုပ်ရန်)

မိုက်ခရိုဆော့ဖ်ဝါ့ဒ်(.DOC) ဖိုင်ဖြင့် ဖတ်ရှုရန် (ဒေါင်းလုဒ်လုပ်ရန်)

မိုက်ခရိုဆော့ဖ်ဝါ့ဒ်(.DOC) ဖိုင်ဖြင့်ဖတ်ရှုရန်(ဒေါင်းလုဒ်လုပ်ရန်)

ကျေးဇူးတင်စကား


ဤ စာတမ်းဆောင်းပါးသည် ကျွန်တော် ဘလော့ဂ် ရေးလာသော သက်တမ်းတစ်လျောက် အချိန်အကြာဆုံး (စုစုပေါင်း ၂၄-ရက် တိတိ) ရေးခဲ့သည့် ဆောင်းပါး တစ်ပုဒ်ဖြစ်ပြီး မိမိအတွက် စိမ်းလွန်းလှသော နယ်ပယ်တစ်ခု ထဲသို့ စိတ်ဝင်စားမှု နှင့် ရေးသားလိုခြင်း ဆန္ဒ တစ်ခုတည်းကို အရင်းပြု၍ ဆောင်းပါးပါ အကြောင်းအရာများ အားလုံးကို မိမိဘာသာ မိမိ “က”  ကြီးမှ စတင် သင်ကြား လေ့လာ ရှာဖွေခဲ့ရပါ၏။ ဤဆောင်းပါး ရေးသားရန် အတွက် ၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် အင်တာနက် တစ်ခွင်၌ ကနဦး စူးစမ်း ရှာဖွေ လေ့လာမှုများ စတင်ခဲ့ပြီး ပထမပိုင်း ဆောင်းပါး “ယူနီကုဒ် မြင်းရိုင်း”ကို နိုဝင်ဘာ (၁၀) ရက်၊ ၂၀ဝ၈-ခုနှစ် တွင် ဖော်ပြနိုင်ခဲ့သည်။ ဒုတိယပိုင်း “မြစေတီကျောက်စာမှသည် မိုက်ခရိုပရိုဆက်ဆာ ဆီသို့”  ကို နိုဝင်ဘာလ (၂၉)၊ ၂၀ဝ၈-ခုနှစ် တွင်မှ အပြီးသတ် နိုင်ခဲ့သည်။ တတိယပိုင်း “ယူနီကုဒ် စနစ်သုံးမြန်မာ စာလုံးများ” နှင့် နောက်ဆုံးပိုင်း “မည်သည့် ယူနီကုဒ် ဖောင့်ထ် ကိုသုံးစွဲကြမည်နည်း” တို့အား ၂၂.၁၂.၂၀ဝ၈ နေ့တွင် အပြီးသတ်၊ အချောကိုင် ရေးသားနိုင်ခဲ့၏။

ဤစာတမ်းအား အပြီးမသတ် နိုင်မှီ ကာလ များတွင်လည်း အလုပ်ကိစ္စနှင့် ကျောင်းကိစ္စများ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြင့် အချိန်လု နပန်းလုံးရင်း တစ်ခါတစ်ရံ တစ်ရက်လုံးလုံး စာတစ်ကြောင်းသာ ရသည့်အခါလည်း ရှိခဲ့သလို တစ်ခါတစ်ရံလည်း တစ်ရက်လုံး ရေးဖို့ကြိုးစားရင်းနှင့်ပင် လိုအပ်သော အထောက် အထား ရှာမတွေ့၍  စာတစ်လုံး၊ တစ်ပါဒမျှပင် ထွက်မလာသည် များလည်း ရှိခဲ့ပါသည်။ တစ်ခါတစ်ရံလည်း ဝါကျအထားအသို များအား ရေးပြီးမှ မကြိုက်၍ သော်လည်းကောင်း၊ အချက်အလက် မခိုင်လုံဟု ယူဆ၍ သော်လည်းကောင်း၊ ဤသို့ မရေးသားသင့်ဟု မိမိဘာသာ မိမိ ယူဆ၍ သော်လည်းကောင်း ဖြုတ်၊ ထုတ်၊ နှုတ်ပယ်၊ ပြုပြင်ခြင်းများ ပြုလုပ်ခဲ့သည့် အကြိမ်တွေကလည်း များပြားလှစွာပင် ဖြစ်သည်။

ဆိုခဲ့သည့် အတိုင်း တစ်ခုတည်းသော စိတ်အား ထက်သန်မှုနှင့် ခိုင်မာ တည်တံ့ပြီး အသုံးပြုရန် လွယ်ကူသည့်၊ အားလုံး လက်ခံသဘောကျသည့် မြန်မာယူနီကုဒ်စနစ် တစ်ခု အမြန်ဆုံး ပေါ်ပေါက် စေလိုခြင်း တည်းဟူသော တစ်ကြောင်းတည်းသော ရည်ရွယ်ချက် စေတနာ တို့အပေါ်တွင် အလုံးစုံ အခြေပြု၍ ကျွန်တော်၏ တစ်ထွာ၊ တစ်မိုက် မျှသာဖြစ်သော ဦးနှောက်နှင့် နုံနဲ့လှသည့် အသိဉာဏ်ကို မဖြစ်ဖြစ်အောင် ကြိုးစား ဖြစ်ညှစ် ရေးသားခဲ့ခြင်းသာ ဖြစ်သဖြင့် စာတမ်းပါ အချက်အလက်များ၏ မတိကျ၊ မခိုင်လုံမှုများ၊ မှားယွင်းချွတ်ချော်မှုများ နှင့် အခြားသော လိုအပ်ချက်များ အားလုံး တို့အတွက် ကျွန်တော့်တွင်သာ အပြည့်အဝ တာဝန်ရှိပါကြောင်း တို့အား စာဖတ်သူအားလုံးကို လေးစားစွာ တစ်ပါတည်း အသိပေး အပ်ပါသည် ခင်ဗျား။

ဤစာတမ်း ပြုစုနိုင်ရေး အတွက် အင်တာနက်ပေါ်တွင် လေ့လာဖွယ်၊ မှတ်သားဖွယ် မှတ်တမ်းမှတ်ရာများအား စနစ်တကျ ပြုစု စုဆောင်း ထားရှိခဲ့ကြသူများ အားလုံး နှင့် ကျွန်တော် ရေးသမျှ ဆောင်းပါးတိုင်းတို့ကို လာရောက် ဖတ်ရှုအားပေးကြသူများ၊ နောက်ထပ်၊ နောက်ထပ် ဆောင်းပါးများ ထပ်မံ ရေးသားလိုစိတ်ဖြစ်လာအောင် မှတ်ချက်များ ချီးမြှင့် ပေးသွားခဲ့ကြသူများ နှင့် ယခုစာဖတ်နေသူ အပါအဝင် စာဖတ်သူအားလုံးတို့ကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း ထပ်ဆင့် ပြောကြား လိုက်ရပါသည်။

အားလုံး ပျော်ရွှင်ဖွယ် ခရစ်စမတ်နှင့် နှစ်သစ်ကူး အချိန်ဖြစ်ကြပါစေ!

Merry X’mas & Happy New Year to All!

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

21 Responses to “Unicode and Culture of Myanmar Language”

  1. အစ်ကို ကျနော် စာတွေဖတ်လို့မရတော့ဘူးး စာလုံးတွေ အကုန်လုံးပူးပြီး ဆက်နေတယ် ဘာလို့လဲမသိ :(

  2. ကြိုဆိုပါတယ်။
    မြန်မာ၃၊ ပုရပိုက် နဲ့ ပိတောက်တို့ဟာ compatible ဖြစ်ပေမယ့် မြန်မာ၂ နဲ့ မြန်မာ ၁တို့နဲ့ နည်းနည်း ကွဲပြားတာကို သတိပြုစေချင်ပါတယ်။
    ကျွန်တော်တို့တွေ ဘလော့ခ်တွေကို ယူနီကုတ် ၅.၁ ပြောင်းဖို့အတွက် တတ်နိုင်သလောက် ကူညီပေးသွားမှာပါ။
    အခုလက်ရှိ ဇော်ဂျီ သုံးနေတဲ့ သူတွေပါ ဖတ်လို့ ရနိုင်ဖို့ On-the-fly Convertor ထည့်ထားနိုင်ရင် ပိုကောင်းပါလိမ့်မယ်။
    http://mmfontconvert.blogspot.com မှာ နမူနာကြည့်နိုင်ပါတယ်။
    ထပ်ပြီး ဆွေးနွေးချင်ရင်တော့ http://groups.google.com/group/myanmar-unicode-2009 မှာ ကျွန်တော်တို့နဲ့ လာပြီး ဆွေးနွေးနိုင်ပါတယ်။

  3. @ ညီမောင်မျိုးရေ. စာတွေက ကိုယ်မြန်မာ-၃ ယူနီကုဒ် ဖောင့်ထ်နဲ့ ပြောင်းရေးနေတာဖြစ်တဲ့ အတွက်၊ ညီ့စက်ထဲမှာလည်း မြန်မာ-၃ ဖောင့်ထ် မရှိတဲ့ အတွက် အဲဒီလိုဖြစ်နေတာပါ။ အပေါ်က ပို့စ်ထဲမှာ ယူနီကုဒ် စတန်းဒတ် မြန်မာဖောင့်ထ် တွေ ဒေါင်းလုဒ်ချနိုင်ဖို့ စုပေးထားတဲ့ လင့်ခ် တစ်ခု တင်ပြထားတာ ရှိပါတယ်။ အဲဒီကနေ တစ်ဆင့် ဖောင့်ထ် တစ်ခုခု ကို ဒေါင်းလုဒ်လုပ် ညီ့စက်ထဲ ထည့်လိုက်မယ် ဆိုရင်တော့ အားလုံး အဆင်ပြေသွားလိမ့်မယ် ဖြစ်ကြောင်း အကြောင်းပြန်လိုက်ပါရစေ။ :)
    ___________________________________
    @ Zaw Thet Aung - အခုလို ကူညီလမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူး အထူးတင်ရှိပါသည် ကိုဇော်သက်အောင် ခင်ဗျား။ ကိုဇော်သက်အောင် အကြံပေးချက်အတိုင်းပဲ ကျွန်တော် ဘလော့ဂ်မှာ အော့ဖ်လိုင်း ကွန်ဗာတာ တစ်ခုလည်း ထည့်သွင်းပြီးသွားပါပြီ။ နောက် မြန်မာယူနီကုဒ် ၂၀ဝ၉ ဂူဂယ်အဖွဲ့သို့လည်း အဖွဲ့ဝင်အဖြစ် ဝင်ပြီးသွားပါပြီ။

    မြန်မာ-၃ ယူနီကုဒ် နှင့် ပတ်သက်၍တော့ သုံးစွဲရာမှာ အခက်အခဲ အနည်းငယ် ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ ပဲ အားလုံးအဆင်ပြေအောင် ကျွန်တော်တို့ ဖြေရှင်းသွားနိုင်လိမ့်မယ် ဖြစ်ကြောင်း ယုံကြည်မိပါသည် ခင်ဗျား။ :)

  4. အစ်ကိုရေ….
    ကျွန်တော် myanmar 3 font download လုပ်ပြီး control panel/font ထဲ ထည့်ပြီးပြီ။ ဒါပေမယ့် စာတွေ မပီပြင်ပဲ ဖတ်လို့ မရဖြစ်နေတယ်။ ကျွန်တော် open type တစ်ခုထဲ ယူတာပါ။ ဒေါင်းလုပ်ဖိုင်အရဆိုရင် .exe , .kmx, IE.reg သုံးမျိုးစလုံး run ဖို့  လိုအပ်ပါသလား။ လောလောဆယ်တော့ ကျွန်တော်စာဖတ်ရုံလေးပါပဲ။ ကိုသင်ကာဆီမှာလည်း ဖတ်လို့ မရတော့ဘူး။
    ကျေးဇူးပြု၍….

  5. @ giant - ကို ဘီလူး ရေ. Open Type တစ်ခုကိုပဲ ကျွန်တော်တို့ စက်ထဲမှာ ထည့်ဖို့ လိုတာဖြစ်ပါတယ် ခင်ဗျာ။ တစ်ကယ်လို့ ကိုဘီလူးက FireFox နဲ့ ဇော်ဂျီ ဘလော့ဂ် တွေ ဖတ်တာ ဆိုရင်တော့ IE.reg ကို Double Click ပေးပြီး ကျန်တဲ့ ယူနီကုဒ် စနစ်သုံး မြန်မာ ဘလော့ဂ် တွေဖတ်နိုင်ဖို့ Internet Explore ကို သုံးသင့်ကြောင်း အကြံပေး လိုပါတယ်။

    လတ်တလော အနေနဲ့ ကျွန်တော် ဘလော့ဂ် ရဲ့ ညာဘက် အပေါ်ထောင့်မှာ. Offline Converter တစ်ခု ထည့်ပေးထားပါတယ်ခင်ဗျား။ အဲဒီမှာ လည်း ကိုယ်နဲ့ အဆင်ပြေမယ့် ဇော်ဂျီနဲ့ ဖြစ်စေ၊ ယူနီကုဒ် ၅.၁ နဲ့ ဖြစ်စေ. ရွေးချယ် ဖတ်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်။

    အခု လောလောဆယ်မှာတော့ စာဖတ်ရတာ အဆင်မပြေမှု အတွက် အထူးတောင်းပန်ပါကြောင်း နှင့် အားလုံး အတွက် အကောင်း ဆုံး ဖြစ်အောင် ကျွန်တော်နည်းလမ်းရှာဖွေ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားလိုက်ပါရစေဗျို့။ :)

  6. ဇော်ဂျီကို ဖယ်ပြီး မြန်မာယူနီကုဒ်တွေပဲ သုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ တစ်စွန်းတစ်စ စကားလေးတွေ ကြားတာ တော်တော်ကိုကြာနေပြီ။ ဒါပေမဲ့ ခုလို မျက်မြင်တွေ့ရတဲ့အခါကျတော့ ကိုယ်နဲ့ အလှမ်းဝေးသွားသလို ခံစားရတယ်။ အမှန်တော့ လိုက်မီအောင် ကြိုးစားရမှာပါ။ အခုလို စာတမ်းပြုစုပြီးတော့ကို ယူနီကုဒ်အကြောင်း ရှင်းပြပေးထားတာ တကယ့်ကို ကျေးဇူးတင်ပါတယ်။ ဒေါင်းလုဒ်လည်း လုပ်သွားတယ်။ စစဖတ်ချင်းက ဖောင့်တွေ ဖတ်မရပေမဲ့ ဒေါင်းလုဒ် လုပ်ပြီးတော့ အားလုံး အိုကေသွားတယ်။ နောက်ဆို အဆင်ပြေသွားမှာပါ။ မြန်မာယူနီကုဒ် ၂၀ဝ၉ ဂူဂယ်အဖွဲ့မှာ အဖွဲ့ဝင် ဖြစ်သွားပြီဆိုလို့ ဂုဏ်ယူပါတယ်။
    စာတွေ အများကြီးဖတ်ပြီး သိသမျှ ပြန်လည်ဝေမျှနိုင်ပါစေ။

  7. [...] မှော်ဆရာကလည်း သူ့ရဲ့ ဘလော့ဂ်ကို ယူနီကုဒ်နဲ့ ပြောင်းရေးတော့မှာ ဖြစ်

  8. Welcome Brother

    I suppose that this is the right time to change to unicode blogging practice.

    Your contribution to knowledge of Myanmar unicode is great.
    Really great work.

    I refer you in my latest post.
    http://bloggerthinker.wordpress.com/2008/12/29/unicode-and-%E2%80%A6-unicode/

  9. [...] တစ်စောင် သဖွယ် ပြုစုထားသော “ယူနီကုဒ်မြင်းရိုင်းနှင့် ဘိုင်နရီေ…” အား ဤနေရာတွင် အလွယ်တစ်ကူ [...]

  10. ကိုမှော်ရေ
    ကျွန်တော် Font လဲ တင် IE.reg ကိုလဲ လုပ်ပြီးပြီ ဒါပေမယ့် ပို့စ် က စာတွေ unicode font ကောင်းကောင်းမပေါ်ဘူးဗျ။ ကောမန့်တွေမှာတော့ ရတယ်။ အချိန်ပေးပြီး ပြုစုထားတဲ့ စာတမ်းအတွက် အထူးကျေးဇူးပါဗျာ။ လောလောဆယ်တော့ ဘလော့ဂ်ကို ပြင်ရင်းနဲ့ ပို့စ်အဟောင်းတွေက font html tab တွေကို ဖြုတ်ထုတ်ထားလိုက်တယ်။ အပြီးသတ်ပြောင်းဖို့ကိုတော့ ဘရောင်ဇာတွေ စပို့ လုပ်တဲ့အချိန်ထိ စောင့်ရင်ကောင်းမလားလို့ အကြံပေးပါဦး:)

  11. @ အေးချမ်းသူ - ညီမရေ. နောက်ဆုံး စာဖတ်လို့ အဆင်ပြေသွားတယ် ဆိုတာ ကြားရလို့ ဝမ်းသာမိပါတယ်။ ယူနီကုဒ်နဲ့ ပတ်သက်တာတွေကတော့ ကိုယ်လည်း မှတ်သားမိတာတစ်ချို့ ကိုပြန်ဝေမျှတဲ့ သဘောပါ။ နောက် ညီမပြောသလိုပဲ စနစ်တစ်ခု နောက်ကို လိုက်ကြည့်ဖို့ ကြိုးစားကြည့်တဲ့ သဘောပါ။ အစပိုင်းမှာ အဆင်မပြေပေမယ့်၊ နောက်တော့ အားလုံး အဆင်ပြေသွားလိမ့်မယ် လို့ ယုံကြည်မိပါကြောင်း။

    အားလုံး အစစအရာရာ အဆင်ပြေပါစေ။ :)
    ____________________________________

    @ mmthinker - ကိုသင့်ရေ. ယူနီကုဒ် အသုံးပြုခြင်းနဲ့ ပတ်သက်လို့ ထောက်ပြပြောဆိုခဲ့တဲ့ ကိုသင့် ရေးခဲ့တဲ့ ဆောင်းပါးတွေရဲ့ အကျိုးဆက်အဖြစ် ဒီ စာတမ်းဖြစ်လာတာ ဖြစ်ပါတယ်ခင်ဗျာ။ အဲဒီ အတွက် ကိုသင့်ကို ကျေးဇူးတင်ပါကြောင်း နှင့် အခုလို အားပေး၊ ကိုသင့် ဘလော့ဂ်မှာ ထပ်ဆင့် ညွှန်ပြပေးတဲ့ အတွက်လည်း ကျေးဇူး အထူးတင်ပါကြောင်း ပြောပါရစေဗျို့။ :)

    _____________________________________

    @ mtj - ကိုသင်္ကြန်ရေ.. လတ်တလောမှာ တစ်ကယ်လို့ အဲဒီလို လုပ်လို့မှ အဆင်မပြေသေးဘူး ဆိုရင် ကျွန်တော့် ဘလော့ဂ် ညာဘက် ထောင့် အပေါ်မှာ Font Converter လေး ထည့်ထားပေးတာ ရှိပါတယ် ခင်ဗျာ။ စာကောင်းကောင်း မမြင်ရတဲ့ အပိုင်းရောက်ရင် အဲဒီဖောင့်ထ် ကွန်ဗာတာလေးမှာ ပါတဲ့ ဇော်ဂျီနဲ့ ယူနီကုဒ်-၅.၁ ဆိုတာလေးကို တစ်လှည့်စီ ပြောင်းကြည့်ပြီး ဖတ်ရှုကြည့်ဖို့ အားနာစွာနှင့် အကြံပေးပါရစေခင်ဗျာ။ အမှန်တော့ ကိုသင်္ကြန်လုပ်တာ မှန်ပြီးသားပါ။ ကျွန်တော် အရင်ပို့စ် အဟောင်းတွေကိုပါ ကျန်တဲ့ သူတွေ ဖတ်မရမှာ စိုးတဲ့ အတွက် CSS က Font Face ကြေညာတဲ့ နေရာမှာ ဇော်ဂျီကို ခေတ္တရှေ့ပြန်တင်ထားလိုက်တဲ့ အတွက် အဲဒီလိုဖြစ်နေတာပါ။ လောလောဆယ် အတွက်တော့ ဖောင့်ကွန်ဗာတာ အားကိုးနဲ့ပဲ စမ်းသပ်ကြည့်ဖို့ အကြံပေးပါရစေဗျို့။ :)

    နောက် ယူနီကုဒ် ကိုအပြီးသတ်ပြောင်းဖို့ အတွက်တော့ အဲလိုလည်း မဟုတ်သေးဘူး လို့ပဲ ပြောရမယ် ထင်တယ် ကိုသင်္ကြန်။ ကျွန်တော်တို့လည်း လက်ရှိမှာ အပြီးသတ်ပြောင်းလိုက်ပြီလို့ ဆိုပြီး ဇော်ဂျီကို လုံးလုံးပစ်ပယ် လိုက်တဲ့ သဘောမဟုတ်ပါဘူး၊ ကျွန်တော် တို့ ဇော်ဂျီကိုလည်း ပစ်ပယ်လို့ မရသေးတာသေချာပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ နေရာတိုင်းမှာ ဇော်ဂျီကို ဦးစားပေး (၁) ဆိုတဲ့ အနေအထားကနေ တစ်ဆင့်လျော့ချပြီး တစ်ကယ့်ယူနီကုဒ် စတန်းဒတ်နဲ့ ကိုက်ညီတဲ့ ဖောင့် တစ်ခုခုကို ဦးစားပေး (၁) နေရာမှာ ပြောင်းသုံးဖို့ ရည်ရွယ်တဲ့ သဘောပါပဲ။

    ဘရောက်ဇာတွေ အတွက်ကတော့ လတ်တလောမှာ ကျွန်တော့် စက်ထဲ မီးမြေခွေး၊ ဂူဂယ် ခရုမ်း နှင့် အိုင်အီးတို့ ရှိတဲ့ အနက် မီးမြေခွေးကိုတော့ ဇော်ဂျီဖောင့် အသေတပ်ဆင်ထားပြီး၊ အိုင်အီးကိုတော့ မြန်မာ-၃ ဖောင့် တပ်ဆင်ထားပါတယ်။ သုံးတဲ့ ဖောင့်အမျိုးအစားကို လိုက်လို့ ဆိုဒ်တွေကို ဖတ်လို့ရအောင်လို့ပါ။

    လောလောဆယ် အနေနဲ့တော့ ကျွန်တော် လည်း ထပ်ပြီး အားလုံး အတွက် အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းကို တတ်နိုင်သမျှ ရှာဖွေလျက်ရှိပါတယ် ကိုသင်္ကြန်ရေ။ နည်းလမ်းတစ်ခုခု အဆင်ပြေပြီဆိုတာနဲ့ ကျွန်တော် အမြန်ဆုံး မျှဝေပေးသွားပါ့မယ် အကြောင်း။ :)

    အားလုံး အဆင်ပြေပါစေခင်ဗျာ။

  12. ကျေးဇူးဗျာ… အခုလိုတင်ပြပေးသွားတာ။ မော်ဆရာရဲ့ နောက်ထပ် စာမူတွေလဲ အားပေးပါတယ်။ ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေနော်…. :) :D

  13. ကိုမှော်ဆရာခင်ဗျား…
    အကြံပေးတဲ့အတိုင်း ကျွန်တော်လည်း IE ကို Myanmar 3 default ထားလိုက်ပါတယ်။ Firefox ကိုတော့ Zawgyi အတိုင်းထားပြီး Fonts setting ရဲ့ Advance မှာ All pages allow to their own font ကို Check လုပ်ပေးလိုက်တော့ အဆင်ပြေသွားတယ်။ (အစ်ကို့ blog မှလွဲ၍ ကိုသင်ကာ၊ ကိုခက်ထန်တို့ အားလုံး ကောင်းကောင်းဖတ်လို့ ရသွားပါပြီ။) Google Chrome အတွက် ဘာမှအထွေအထူး လုပ်ပေးစရာ မလိုတာကို တွေ့ ရပါတယ်။ ကျွန်တော့အနေနဲ့ ကတော့ မြန်မာ web page တွေအားလုံး အဆင်ပြေပြေ ဖတ်ချင်ပါတယ်။
    နောက်တစ်ခုကတော့ Myanmar 3 သုံးချင်ရင်(စမ်းသပ်ဖို့ )လက်ရှိသုံးနေတဲ့ Zawgyi Keyboard ကို ဖြုတ်စရာလိုပါသလား။
    လေးစားစွာဖြင့်….

  14. ဖတ်ပြီး ကျေနပ်ပီတိအဖြစ်ရဆုံး စာတမ်းတစ်စောင်ပါပဲ။ မြန်မာယူနီကုဒ်ဆိုတာကို နားနဲ့ ရင်းရင်းနှီးနှီးကို ကြားဖူးနေပေမဲ့ သုံးစွဲသူတစ်ဦးအနေနဲ့တော့ အစိမ်းသက်သက်ပဲဖြစ်နေခဲ့တယ်။ လက်ဆင့်ကမ်းအနေနဲ့ မိုင်မြန်မာယူနီကုဒ်ကို အခွေရော၊ သုံးစွဲပုံပြ စာအုပ်ပါ လက်ဆောင်ရဖူးပေမဲ့ install လုပ်ရမှာရယ်၊ လက်ကွက် အပြောင်းအလဲတွေရယ်ကြောင့် ဒီနေ့ထိ မသုံးဖြစ်ဘဲ ရှိနေဆဲပါ။ ပို့စ်ကို ဖတ်ဖတ်ချင်းမှာ သိပ်နားမလည်ပေမဲ့ Unicode_and_Culture_of_Myanmar_Language ဆိုတဲ့ စာမျက်နှာ 24 မျက်နှာပါ pdf file ကို သုံးနာရီနီးပါး အပြန်ပြန်အလှန်လှန်ဖတ်ပြီးချိန်မှာတော့ ကိုမှော်ဆရာရဲ့ ကြိုးပမ်းအားထုတ်ထားမှုအပြင် ဆိုလိုရင်းကိုရော စေတနာကိုပါ ခံစား နားလည်မိလိုက်ပါတယ်။ တစ်ဆက်တည်း ကိုယ့်ရဲ့ လေ့လာမှုအား နည်းပါးတာကိုပါ သတိပြုမိသွားပါတယ်။
    My myanmar unicode နဲ့ dictionary တွေ ပြုစုနေတယ်ဆိုတာကိုလည်း သိရတယ်။ ပုံနှိပ်လုပ်ငန်းတွေမှာတော့ စာလုံးလှပမှုနဲ့ သပ်ရပ်သေသပ်မှုကို အလေးပေးကြလို့ စံမ၀င်တဲ့ မြန်မာစာလုံးတွေကို သုံးစွဲနေကြတယ်ဆိုပေမဲ့ တစ်ချိန်မှာ ယူနီကုဒ်စနစ်သုံး မြန်မာစာလုံးတွေကိုသာ အသုံးပြုကြမယ်ဆိုရင် ဒါဟာ နိုင်ငံတကာနဲ့ယှဉ်ရင် ပုံနှိပ်လုပ်ငန်းတွေအတွက်လည်း ကောင်းတဲ့အလားအလာတစ်ခုလို့ ထင်ပါတယ်။ စာအုပ်အဖြစ် သိမ်းဆည်းရုံသာမက နေရာဒေသမရွေး အချိန်မရွေး အလွယ်တကူ ဖွင့်ကြည့်လို့ရမယ့် file တစ်ခုအဖြစ်နဲ့ပေါ့။ ဒီစာတမ်းကိုဖတ်ပြီး လေ့လာမှု အားနည်းခြင်းကြောင့် အစာမကြေဖြစ်ခဲ့ရတဲ့ မြန်မာယူနီကုဒ်ကို ဘာကြောင့် သုံးဖို့လိုအပ်သလဲ ဆိုတာကို သဘောပေါက်လိုက်ရပါတယ်။
    မြန်မာစာ မြန်မာစကားကို
    အများ လက်ခံ သဘောတူညီသော ခိုင်မာတည်တံ့သည့် စံနှုန်း၊ နည်းစနစ် တစ်ခုဖြင့် တိုးတက်ဖွံ့ဖြိုးမှုဆီသို့ ဆက်လက် ဦးတည်စေလိုသော ဆန္ဒရင်း၊ စေတနာအတွက် ကိုမှော်ဆရာကို ထပ်မံကျေးဇူးတင်ရှိပါတယ်။
    ဒီထဲမှာ ကိုမှော်ဆရာ ရေးသားထားတဲ့ No Donation, No Project! ဆိုတာကို အရမ်းသဘောကျပါတယ်။ အလကားရရင် ဘာမဆို လိုချင်တတ်ကြတဲ့ လူ့သဘာဝအရ ‘No pain, No gain’ ဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခုကို တီထွင်ဖန်တီးသူအများ မေ့လျော့ခဲ့ကြတယ်ထင်ပါရဲ့ (အလကားရတာတောင် သွားဖြဲကြည့်တတ်တဲ့ ကိုယ့်လို လူစားမျိုးလည်း ရှိသေးပါ့။)
    ကိုမှော်ဆရာရဲ့ စေတနာ တိုက်တွန်းစကားများနဲ့ ကိုယ့်ရဲ့ အမြင်မှန်ရမှုတို့ကြောင့် မြန်မာ-3 ကို သုံးစွဲပါမယ်။ မြန်မာယူနီကုဒ်နဲ့ပတ်သက်လို့ လာမယ့် နောက်ပိုင်းရက်များအတွင်း ကိုမှော်ဆရာ ဖတ်မှတ် ကြားနာရသမျှ မြန်မာယူနီကုဒ်နဲ့ပတ်သက်သော ဆောင်းပါး၊ စာတမ်းများအား မျှော်လင့် ကြိုဆိုစွာ စောင့်စားဖတ်ရှုနေပါမယ်။

    (ps. ခုချိန်ထိ မြန်မာ-3 ကီးဘုတ် install လုပ်ရတာ အဆင်မပြေသေးလို့ ပစ်ပယ်လို့မဖြစ်တဲ့ ဇော်ဂျီနဲ့ပဲ ရိုက်သွားပါတယ်။)
    စံမီ ယူနီကုဒ်ဖြင့် ဇော်ဂျီကိုလည်း ရှေ့အလားအလာမှာ အောင်မြင်စေဖို့ ဒီနေရာကနေပဲ ဆုတောင်ပေးပါတယ်။

  15. အစ်ကိုတင်ထားတာကို တွေ့နေတာတော့ကြာပြီ။ အခုမှပဲသေချာဖတ်ဖြစ်တော့တယ်။ စုံလိုက်တာ။ နောက်လည်း ဒီထက်ပိုပြီးတော့ နည်းပညာတွေမျှဝေနိုင်ပါစေနော်။ Happy New Year !!

  16. ဘလော့ဂါ အတော်များများက တပြေးညီ လိုက်ပြောင်းနိုင်ရင်တော့ ပြဿနာ အတော်များများက ပြေလည်ပြီးသား ဖြစ်သွားမှာပါ။ ခက်တာက အသစ်အသစ်တွေကို ကောင်းမှန်းသိလျက်နဲ့ ပြောင်းလဲလက်ခံတတ်တဲ့ အကျင့်တွေ နည်းနေကြတယ်။ ဘာကို ကြောက်မှန်းမသိ ကြောက်နေကြတယ်။ တကယ်တမ်း ပြောရရင် ယူနီကုတ်အကြောင်း များများစားစား မသိတော့ ကျနော်ကိုယ်တိုင်လည်း မဝံ့မရဲပါဘဲ။ တစ်ချိန်က ယူနီကုတ်မစစ်လို့ နှာခေါင်းရှုံ့ခဲ့တဲ့ ကျနော်က အခုအချိန်မှာ ဇော်ဂျီနဲ့ပဲ ဘလော့ဂ်ရေးလာတာ အတော်ကြာပေါ့။ အခု ကျနော်လည်း ယူနီကုတ်စစ်စစ်ကို ပြောင်းလဲ သုံးဖို့ ဆုံးဖြတ်ထားပါတယ်။ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ အသိပညာ ဝေမျှမှုတွေကို ကိုမှော်ဆရာဘက်က ထောက်ပံ့သွားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာမှမဟုတ်ပေမယ့် ပြောင်းလဲဖို့ ဆိုတာကိုတော့ အတော်လေး ပြင်ဆင်ရမယ်။ ဟိုးအရင် ဘလော့ဂ်စရေးစဉ်က ဇော်ဂျီဖောင့်မရှိကြလို့ EOT လုပ်ဖို့ ပြောကြတယ်။ ကျနော်လည်း လုပ်ခဲ့တယ်။ ၂၀၀၈ နှစ်ဆန်းပိုင်း ရောက်တော့ EOT လုပ်ထားတာတောင် အပိုလို ဖြစ်သွားတယ်။ စက်တိုင်းလိုလိုမှာ ဇော်ဂျီဖောင့် ရှိနေပြီကိုး။ အခု ယူနီကုတ်စစ်စစ် သုံးကြမယ်ဆိုရင်လည်း ဒီဥပမာအတိုင်းလို့ မြင်မိပါတယ်။ ပထမပိုင်းတော့ မရှိဘူးဆိုတဲ့ ပြဿနာတွေ ရှိလာနိုင်ပေမယ့် ကျနော်တို့ဘက်က ရဲရဲရင့်ရင့် သတ္တိရှိရှိ လိုက်ပြောင်းလဲဖို့ပဲ လိုမှာပါ။ မဝေးတဲ့ အချိန်တစ်ခုမှာ စက်တိုင်းလိုလို ယူနီကုတ်ဖောင့်တွေ ရှိလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

  17. ယူနီကုတ်ဖောင့်တွေပဲ ဆိုက်တိုင်းသုံးလာနိုင်ရင် ပိုကောင်းတာပေါ့…..

  18. ယူနီကုတ်အဖွဲ့မှာ ၀င်သွားပြီဆိုလား…. ဘာလား…. မုန့်ကျွေးပွဲလေးဘာလေးလုပ်ပေါ့ကွ…. တို့ဆီမှာတော့ ရှိတဲ့ယူနီကုတ်တွေ ဖိုက်နေကြပြီ။ လောလောဆယ်တော့ အိုကီစံနဲ့ ကိုငွေထွန်းနဲ့ ရန်ခဏခဏဖြစ်တာပဲ ဟိဟိ…. ဒါတောင် မိုင်မြန်မာ မပါသေးလို့….

  19. ယူနီကုတ် တစ်ခေတ် ပြန်ရောက်ပြီ…..

  20. ညာဘက်ထောင့်မှာလည်း ဖောင့်ပြောင်းတဲ့ဟာရှာမတွေ့၊ ဖောင့်ဒေါင်းလုပ်လုပ်ဖို့ကလည်း ဘလော့စပေါ့ဆိုတော့ မရ၊ ဖတ်ချင်ပါတယ်ဆိုမှ ဖတ်ရကံမပါဘူးလားမသိ။ ကောမန့်တွေဖတ်ပြီး ရေးရေးလေးနားလည်သလိုလိုတော့ရှိပါတယ်။ ယူနီကုတ်ဖောင့် ဘယ်မှာဒေါင်းလို့ရလဲပြောပေးပါနော်။ ဘလော့စပေါ့မဟုတ်တဲ့ဟာပေါ့။ ပြောင်းတာတော့ ပြောင်းရမှာပေါ့။ စာလုံးအ၀ိုင်းတစ်မျိုးတည်းကိုတောင် လေးငါးဖွဲ့ဆိုတော့… သုံးစွဲသူတွေလည်း ပြောတတ်တော့ပါဘူးဗျာ။ အခုလောလောဆယ်တော့ ယူနီကုတ်ကိုစမ်းသုံးကြည့်ချင်သေးတယ်။ အရင်တစ်ခါသုံးကြည့်တာ… ကီးဘုတ်ကမတတော့… ကီးဘုတ်လည်း ရှာလို့မတွေ့တော့… ပစ်ထားလိုက်တာ.. ခုမရှိတော့ဘူး.. ကူညီပါနော်..

  21. ကောမန့်ပြန်တာ နောက်ကျနေတဲ့ အတွက် အားလုံးကို အရင်ဆုံး တောင်းပန်ပါတယ် ခင်ဗျာ။ ဒီရက်ပိုင်း စာမေးပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ အပြင်၊ စာမေးပွဲပြီးတော့ ကျန်တဲ့ ကိစ္စတွေပါ ဆက်ပါလာတဲ့ အတွက် ကောမန့်ပြန်ဖို့ နောက်ကျသွားတာပါ။ :)

    @ Apprenticship - စာတွေ အမြဲလာဖတ်တဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် အေပီရေ။ အေပီ့ အတွက်လည်း ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ :)

    _________________________________________

    @ giant - ကိုဘီလူးရေ. အခုလို အဆင်မပြေမှုတွေ ဖြစ်ရတာ ကြားရတဲ့ အတွက် ကျွန်တော်လည်း စိတ်မကောင်း ဖြစ်မိပါတယ်ခင်ဗျာ။ အားလုံးအတွက် အဆင်အပြေဆုံး ဖြစ်အောင် ကျွန်တော် အခု နောက်ထပ် ဘလော့ဂ် အသစ်တစ်ခု (ဘလော့ဂ် အသစ်က လိပ်စာ မပြောင်းပါဘူး၊ ဒီလိပ်စာ အတိုင်းပဲ ရှိနေမှာ ဖြစ်ပြီး အဟောင်းကိုပဲ Sub Domain နဲ့ ထားခဲ့မှာ ဖြစ်ပါတယ်) ပြောင်းဖို့ ပြင်နေပါတယ်။ အားလုံး မြန်မာ-၃ နဲ့ပဲ ရေးမယ့် ဘလော့ဂ်ပါ။ အခု ကိုဘီလူးလုပ်ထားတာ တွေ အားလုံး မှန်ပါတယ်။ ပြည့်လည်း ပြည့်စုံနေပါပြီ။ အမှန်က ကျွန်တော် ဒီဘလော့ဂ်မှာကိုက အရင် ပို့စ်အဟောင်းတွေ မမြင်ရမှာ စိုးတဲ့ အတွက် ဘလော့ဂ်ရဲ့ CSS ထဲမှာ ကျွန်တော် ဇော်ဂျီ နဲ့ မြန်မာ-၃ ကို အီးအိုတီ အပါအဝင် ရော ကြေညာထားလို့ အခုလို အဆင်မပြေဖြစ်နေရတာပါ။ နောက် ဘလော့၈် အသစ်မှာတော့ Clean & Pure Myanmar3 ဖောင့်ကိုပဲ CSS နဲ့ EOT လုပ်ထားတော့မှာ ဖြစ်တဲ့ အတွက် အအဲဒီအခါကျရင်တော့ အားလုံး အဆင်ပြေပြေ မြင်လိမ့်မယ် ဖြစ်ကြောင်း လေးလေးစားစား အသိပေးလိုပါတယ်ခင်ဗျာ။

    နောက် ကိုဘီလူးမေးတဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ မြန်မာ-၃ ကိုသုံးဖို့ ဇော်ဂျီကို ဖြုတ်ဖို့ လိုသလား ဆိုတာနဲ့ ပတ်သက်လို့ ဖြေရရင်. လုံးဝ မလိုပါဘူးလို့ပဲ ဖြေပါရစေ။ ကျွန်တော် ကိုယ်တိုင်လည်း အခုလက်ရှိမှာကို ဇော်ဂျီကီးဘုတ်နဲ့ မြန်မာ-၃ ကီးဘုတ် ၂ ခုလုံးကို တစ်ပြိုင်တည်း သုံးနေတာဖြစ်ပါတယ်။ ဇော်ဂျီနဲ့ မြန်မာ-၃ ကို ယှဉ်သုံးတဲ့ နေရာမှာ ဘာပြဿနာ မှ မရှိပါဘူးခင်ဗျာ။ မိမိ လိုအပ်သလို ပြောင်းလို့ သုံးစွဲလို့ ရပါကြောင်း။ :)

    _________________________________________

    @ karyan - ကာရန် ရေ. ကျွန်တော့် စာတမ်းကို သေသေချာချာ ဖတ်ပြီး၊ သေသေချာချာ ကောမန့် အရှည်ကြီး ချီးမြှင့်ခဲ့တဲ့ အတွက် ပြောမပြတတ်အောင်ကို ဝမ်းသာမိပါကြောင်းနဲ့ အဲဒီ အတွက် ကျေးဇူး အထူးတင်ပါကြောင်း၊ နောက် .အသိအမြင် အသစ် တစ်ခုခုကို ရရှိသွားတယ် ဆိုတာ သိရတဲ့ အတွက်လည်း ဒီစာတမ်းကို ရေးခဲ့မိတဲ့ အတွက် အရမ်းကို ကျေနပ်ပီတိဖြစ်ရပါကြောင်း အရင်ဆုံး ပြောပါရစေခင်ဗျာ။

    အမှန်တော့ ကျွန်တော်လည်း စာတမ်းထဲမှာ ရေးထားသလိုပဲ ပြီးခဲ့တဲ့ ၃ လလောက် က အထိ ယူနီကုဒ်နဲ့ ပတ်သက်လို့ ရေရေရာရာ သိခဲ့သူ မဟုတ်ပါဘူး။ နောက် ဒီစာတမ်းကို ရေးတဲ့ အချိန်မှာလည်း ကျန်တဲ့ တစ်ကယ့် ပညာရှင်တွေလို ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို ပိုင်ပိုင်နိုင်နိုင် ပြောဆိုရေးသား နိုင်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကို မခံယူဝံ့ပါဘူးခင်ဗျာ။ အဓိက ကတော့ သာမန် သုံးစွဲသူ (End User) တစ်ယောက် အနေနဲ့ပဲ ကိုယ် သိတဲ့ အနည်းအကျဉ်းကို တစ်ခြားသူတွေနဲ့ တတ်နိုင်သလောက် မျှဝေဖို့ ကြိုးစားကြည့်တဲ့ သဘောပါ။ ပြောခဲ့သလိုပဲ ဦးတည်ချက်ကတော့ စံမှီတဲ့ ယူနီကုဒ် စနစ်တစ်ခု အမြန်ဆုံး ထွက်ပေါ်လာစေလိုရင်းပါပဲ။

    ဘယ်လိုပဲ ဖြစ်ဖြစ်. ကျွန်တော်တို့တတွေ အခုလို တစ်ယောက်ထံက တစ်ယောက် သင်ယူရင်း၊ လေ့လာရင်း၊ ဆည်းပူးရင်း၊ အချင်းချင်း အသိအမြင်တွေ မျှဝေရင်းကနေပဲ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်တစ်ခုဆီကို အားလုံးညီညီညာညာ ရောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိပါကြောင်း ခင်ဗျာ။ :)

    _________________________________________

    @ winkabar - Happy New Year! ပါ ညီမရေ. လာလည် ဖတ်ရှုအားပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ :)

    _________________________________________

    @ ပီကေ - အကောင်းဘက်ကို အများကြီး တွေးမိစေအောင် အတွေးစတွေ ချပြခဲ့တဲ့ အဖိုးတန် မှတ်ချက်လေး အတွက် ကျေးဇူး အများကြီးတင်ပါတယ် ကိုပီကေရေ။ ကိုပီကေ ပြောသလိုပါပဲ ကျွန်တော် တို့ အားလုံး ရည်မှန်းချက်၊ ရည်ရွယ်ချက် တစ်ခုဆီကို ဦးတည်နေကြတယ် ဆိုရင် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လုပ်ကိုလုပ်ကြရမှာပါပဲ။ လတ်တလောမှာ ယူနီကုဒ် ဖောင့်ထ် တွေဟာ ဇော်ဂျီလောက် အဆင် မပြေပေမယ့်လည်း လတ်တလော အဆင်ပြေမှုကိုပဲ ကျွန်တော်တို့ ဆက်ပြီး ဦးစားပေးနေကြလို့ မရတော့ဘူး ဆိုတာ သေသေချာချာ နားလည် သဘောပေါက်လာကြရင် အားလုံးလည်း ယူနီကုဒ် ဆိုတဲ့ စံအောက်၊ စနစ်အောက်ကို လိုက်ပါပြောင်းလဲ ဖို့ အသီးသီး ကြိုးစားလာကြလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။ အဲဒီကာလမှာတော့ ကျွန်တော်တင် မကပါဘူး၊ တစ်ကယ့်ကို နားလည် တတ်ကျွမ်းတဲ့ မြန်မာ ပညာရှင်တွေ၊ ဆရာသမားတွေ ကိုယ်တိုင် ဒီပြောင်းလဲခြင်း ဆိုတဲ့ အရှိန်အဟုန်ထဲ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်စေဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ကူညီလုပ်ဆောင်ကြလိမ့်မယ် ဖြစ်ကြောင်း ကျွန်တော် လေးလေးနက်နက်ကို ယုံကြည်မိပါတယ်ဗျာ။

    လက်ရှိနဲ့ လောလောဆယ် အနေအထားအရတော့ ဘလော့ဂ်မှာ မြန်မာ-၃ ကို ရေးမယ်ဆိုရင် EOT နဲ့ ပဲ စ နှစ်ပါးသွားဖို့ လိုအပ်ကောင်း လိုအပ်ဦးမှာပါ။ နောက် မကြာခင်အချိန်အတွင်းမှာတော့ အားလုံးဟာ အသားတစ်ကျဖြစ်သွားမှာဖြစ်ပြီး နောက်ပိုင်းကာလတွေမှာတော့ ယူနီကုဒ် ဖောင့်တစ်ခု ရှိရုံနဲ့တင် ကျွန်တော်တို့ မြန်မာဆိုဒ် တွေအားလုံး ကို အဆင်ပြေပြေ ဖတ်ရှုနိုင်ပါလိမ့်မယ်။

    ဒါနဲ့ ဆက်စပ်လို့ ဝမ်းသာစရာ တစ်ခုပြောရရင် အခု နောက်ဆုံးထွက် ဗားရှင်း Opera 9.6 မှာကိုပဲ မြန်မာ-၁ ဖောင့် ကို တရားဝင် Support လုပ်နေပြီ ဆိုတဲ့ အကြောင်းပါ။ လူသုံးများတဲ့ မီးမြေခွေး၊ Maxthon အစရှိတဲ့ ဘရောက်ဇာတွေလည်းမကြာခင် အဲဒီ အခြေအနေရောက်ပြီး မြန်မာ ယူနီကုဒ်များကို တရားဝင် Support လုပ်လာကြလိမ့်လို့ ယုံကြည်ရပါကြောင်း။ :)

    _________________________________________

    @ manawphyu - ဟုတ်ကဲ့ ဆိုဒ်တိုင်း လူတိုင်း သုံးလာနိုင်တဲ့ လွယ်ကူရှင်းလင်း၊ စည်းစနစ်ကျတဲ့ ဖောင့်မျိုးအရင် ထွက်လာအောင် ကျွန်တော်တို့က ဖောင့်ထုတ်လုပ်သူ အဖွဲ့အစည်းတွေကို ကိုယ်တတ်နိုင်တာ ကိုယ်ကူညီဖို့ အရင် စကြိုးစားကြရမယ် လို့ထင်ပါတယ်။ အခု ကျွန်တော်တို့ မြန်မာ-၃ နဲ့ စရေးတယ် ဆိုတာ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ မြေစမ်း၊ ခရမ်းပျိုးတဲ့ သဘောပါပဲ။ :)

    ___________________________________________

    @ yamin - ဟုတ်ကဲ့ ကျွန်တော် အဖွဲ့ဝင်တာကတော့ ယူနီကုဒ် အကြောင်း ဆွေးနွေးကြတဲ့ Google Group တစ်ခုထဲကို ပါခင်ဗျာ။


    မြန်မာ ယူနီကုဒ် အကြောင်းကို စိတ်ဝင်စားတဲ့ သူ မည်သူမဆို အလွယ်တစ်ကူ ဝင်ရောက် ပြောဆို ဆွေးနွေး နိုင်ကြပါတယ်။ Unicode Consortium ထဲကိုတော့ ကျောင်းသားကဒ် နဲ့ဝင်မယ် ဆိုရင်တောင် ဒေါ်လာဂဏန်း အတော်များများ သွင်းရမှာမို့ အဲဒီကိုတော့ အဖွဲ့ဝင် အဖြစ် မဝင်နိုင်သေးပါကြောင်း။ :D

    ___________________________________________

    @ နေ့အိပ်မက် - နေ့အိပ်မက်ရေ. အဆင်မပြေဖြစ်ရတဲ့ အတွက် အထူး တောင်းပန်ပါတယ်ခင်ဗျာ။ လောလောဆယ် ကျွန်တော် မြန်မာ-၃ ယူနီကုဒ် ဒေါင်းလုဒ် လုပ်လို့ ရမယ့် တိုက်ရိုက် လင့်ခ် ကို ပေးလိုက်ပါတယ်။ ဒီအောက်က လင့်ခ်မှာ ဒေါင်းလုဒ်လုပ်ပြီး ရယူသုံးစွဲနိုင်ပါတယ် ခင်ဗျာ။

    http://www.myanmarnlp.net.mm/downloads/Myanmar3_Unicode.zip

    အဲဒီ အထုပ်ထဲမှာပဲ Font သက်သက် သုံးချင်ရင် ဖောင့်ထ် တစ်ခုကိုပဲ အင်စတော့လ် လုပ်ဖို့နဲ့ လက်ကွက်ပါ သုံးချင်ရင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ အညွှန်းပါ ပါရှိပါတယ်။ အားလုံး အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ :)

    အားလုံး ပျော်ရွှင်ဖွယ် နှစ်သစ်ကူး ဖြစ်ကြပါစေဗျာ။ :D

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>