Please Download Unicode Standard Myanmar Fonts To View this Blog!

Integrating Comment Form with IntenseDebate Plugin

IntenseDebate Logo
IntenseDebate Logo

WordPress 2.7 ကို Upgrade လုပ်ပြီးကတည်းက ဟိုရှာ၊ ဒီရှာ ဟိုကလိ၊ ဒီကလိ လုပ်နေလိုက်တာ ဒီနေ့တော့  Add New Plugin  Feature ထဲကနေ Blog Comment Form အတွက် အရမ်းလန်းတဲ့ Plugin တစ်ခု သွားတွေ့လို့ Install လုပ်ကြည့်လိုက်တယ်ဗျာ။

IntenseDebate ဆိုတဲ့ ကောင်ပါ။ အတော်မိုက်တယ်လို့ ပြောလို့ရတယ်ဗျို့။ WordPress ရဲ့ မိခင် ကုမ္ပဏီ Automattic နဲ့ပေါင်းထားတာ မကြာသေးတဲ့ Service တစ်ခု ဖြစ်ပြီး Blog ရဲ့ Commenter တွေ၊ Reader တွေ အချင်းချင်းရော၊ ဘလော့ဂ်ရဲ့ ရေးသားသူတွေနဲ့ပါ ဖိုရမ်ပုံစံ မျိုး ဆက်ဆံပြောဆိုလို့ရတဲ့ Community Comment Form တစ်ခုပဲဗျ။ WordPress ရဲ့ မူလ Spam Filter ဖြစ်တဲ့ Akismet ကို ဆက်သုံးလို့ ရတဲ့ အပြင် သူ့ကိုယ်ပိုင် Spam Word Filter မှာလည်း ကိုယ့်စိတ်ကြိုက် မွမ်းမံပြင်ဆင် (Customize) လုပ်လို့ရသေးတယ်ခင်ဗျ။ အိုင်ပီတွေကို ဘန်းလို့ ရတဲ့ စနစ်ပါသလို၊ ဘလော့ဂ် ပိုင်ရှင်တွေ အနေနဲ့လည်း ကိုယ့်ယူဇာတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ အတွက် ကိုယ်ပိုင် စာမျက်နှာ တစ်ခု ဖန်တီးလို့ ရတာကြောင့် အတော့်ကို အဆင်ပြေတဲ့ ဝန်ဆောင်မှု တစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒီ IntenseDebate အကောင့်ထ် တစ်ခု လုပ်ထားပြီး လိုအပ်တဲ့ဒေတာ တစ်ချို့ ဖြည့်ထားခြင်းဖြင့် ဘာတွေထူးလာလဲ ဆိုတာကို ကျွန်တော် ပြန်ထားတဲ့ နောက်ဆုံး ကောမန့် တစ်ချို့မှာ ရှိတဲ့ ကျွန်တော်တဲ့ Gravatar Icon လေးပေါ်ကို Mouse Pointer တင်ကြည့်တာနဲ့  သိပါလိမ့်မယ်။ :D တစ်ခုပဲ ပြောစရာ ရှိတာကတော့ WordPress ရဲ့ Smiles Feature အလုပ် မလုပ်တော့ နဲ့  Comment ရေးသူရဲ့ မြန်မာလို နာမည်တွေ အပြည့်အစုံ မပေါ်တော့ တာပါပဲ။ :( ကျန်တာတွေ အားလုံးကတော့ သုံးကြည့်ရသလောက် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

ကိုယ့် ဝါ့ဒ်ပရက်စ် ဘလော့ဂ်မှာ အဲဒီ ပလဂ်အဲင်န် ကို အင်စတောလ် လုပ်မယ်ဆိုရင် InstenseDebate ဆိုဒ်မှာ အကောင့်တစ်ခု အရင် ရှိဖို့လိုမယ်။ အပြင်က စာဖတ်သူတွေ၊ ကောမန့် ရေးလိုသူတွေ အနေနဲ့တော့ အကောင့်မရှိလည်း အရင်လိုပဲ လိုအပ်တဲ့ ဒေတာ တစ်ချို့ထည့်ပြီး ရေးလို့ရပါတယ်။ ဘလော်ဂါ ကောမန့်ရေးသူ တွေ အနေနဲ့တော့ InstenseDebate အကောင့် တစ်ခု ရှိထားတာ မမှား ဘူးလို့ ပြောရပါမယ်။ ဘာလို့လဲ ဆိုတော့ အတော်များများ ဘလော့ဂ် တွေမှာ အဲဒီ Comment Form ကို သုံးနေကြလို့ပါပဲ။ ပြီးတော့ အားလုံး အဆင်ပြေတယ် လို့ ပြောလို့ရတယ်ဗျာ။ ခေတ်ကြီးကိုက ဆိုရှယ် နက်ဝါ့ခ် နဲ့ ဝဘ်တူးပွိုင့်ဇီးရိုးခေတ် (Social Network & Web 2.0)  လေဗျာ  (စကား မစပ်..အဲဒါတွေနဲ့ ပတ်သက်ပြီးလည်း ပို့စ် တစ်ပုဒ် ရေးဖို့ ကျွန်တော် တွေးထားသေးတယ်ဗျ၊ Buddhism & Web 2.0 လို့ နာမည် တပ်ရင် ကောင်းမလားလို့။ :D  အဓိက ကတော့ အင်တာနက် ခေတ် ရောက်လာတာနဲ့ အမျှ ဗုဒ္ဓဘာသာ ဟာလည်း ကျမ်းဂန် အဟောင်းကြီးတွေ၊ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွေ လောက်နဲ့တင် တန့်မနေပဲ အားလုံးနားလည်တဲ့ ဘာသာစကား၊ ခေတ်နဲ့ လျော်ညီတဲ့ စကားလုံး အသုံးအနှုန်း တွေကိုသုံးပြီး ဝဘ်တူးပွိုင့်ဇီးရိုး နဲ့ ဆိုရှယ် နက်ဝါ့ခ်ထဲ ကို ထိုးဖောက် လျင်လျင်မြန်မြန်၊ ရှင်းရှင်းလင်းလင်း နဲ့ ခေတ်မှီမှီ ပိုပြီး ထိထိ ရောက်ရောက် သာသနာ ပြုနိုင်ဖို့၊ အတုမရှိတဲ့ ဗုဒ္ဓရဲ့ အတွေးအခေါ်တွေကို ဝဘ်တူးပွိုင့်ဇီးရိုးနဲ့ ဆိုရှယ် နက်ဝါ့ခ် တွေကနေ ဖြန့်ဝေပြီး လူတွေကို ငြိမ်းချမ်းမှု ပိုမိုရရှိစေဖို့ လုပ်ဆောင်သင့်တဲ့ အကြောင်း. စသဖြင့် တောင်စဉ်ရေမရောက်… တွေးထားတာလေးပါ. စာမေးပွဲ မတိုင်ခင်ပဲ ရေးဖြစ်မလား တော့ မသိသေးဘူး။ မိတ်ဆွေများအား ကြိုပြီး သတင်း ပေးထားခြင်းပါဗျာ။ :) )  စောစောက စကား ဆက်ပြောရရင်ဗျာ.. အဲဒီ Intense Debate မှာ အကောင့် အသစ် လုပ်ဖို့ အတွက်ကလည်း အရမ်းကို လွယ်ပါတယ်။ အီးမေးလ် Confirmation ကို လုပ်ဖို့ မလို လောက်အောင်ပါပဲ။  Open ID ရှိရင်လည်း အဲဒီ အိုင်ဒီနဲ့ ဝင်လို့ ရပါသေးတယ်။

အခု ကျွန်တော့် ဘလော့ဂ်မှာလည်း ကောမန့် ပုံစံ အသစ်နဲ့ ရေးလို့ အဆင်ပြေမပြေ စာဖတ်သူ မိတ်ဆွေများ စမ်းသပ်ကြည့်ကြပါဦး။ မူရင်းပို့စ် ကိုတင်မကပဲ စာဖတ်သူ အချင်းချင်းပါ ကောမန့် ပြန်လို့ ရတဲ့ အတွက် ပိုပြီးတော့ အဆင်ပြေပြေ၊ သဘာဝကျကျ ဆွေးနွေးခန်း သဘောမျိုး ဖြစ်လာလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။ :)

အားလုံးပဲ စိတ်ရော၊ ကိုယ်ပါ ကျန်းမာ၊ ချမ်းသာ ကြပါစေဗျာ. :)

PS: မေ့လို့ဗျာ. BlogSpot User တွေ အတွက် အဲဒီ Advance Comment Form ပုံစံမျိုး ဆန်ဆန် အစားထိုးသုံးလို့ရတဲ့ ဆားဗစ် တစ်ခုရှိသေးတယ်ဗျ။ JS-Kit : Comment Services ဆိုတဲ့ ကောင်ပဲဗျ။ နမူနာ အဖြစ် မြန်မာ ဘလော့ဂ် တစ်ခုဖြစ်တဲ့ ကိုဝေဖြိုး သုံးထားတာ ကို ဒီမှာ သွားကြည့်လို့ရပါတယ်။ မြန်မာဖောင့်ထ် လည်းကောင်းကောင်း Support လုပ်ပါတယ်။ နောက်..အဲဒီမှာ WordPress User တွေလည်း သုံးလို့ရသေးတယ်ဗျို့။

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

4 Responses to “Integrating Comment Form with IntenseDebate Plugin”

  1. မိုက်တယ်နော် ကိုသင်္ကြန်ကြီး. ဟုတ်တယ်ဟုတ်လား. :D

  2. ကျေးဇူး ကိုမှော်ရေ … စမ်းကြည့်ဦးမယ် :)

  3. WordPress ရဲ့ Smiles Feature အလုပ် မလုပ်တော့ဘူးဆိုတာ comment နေရာမှာပဲ မဟုတ်လား..။ အဲဒီပုံလေးတွေ မမြင်ရရင် သိပ်မမိုက်ဘူး..။

  4. @ layma - ဟုတ်တယ် အစ်မရေ. Comment Box ထဲမှာ အလုပ်မလုပ်တော့တာ။ ကျွန်တော်လည်း အဲဒါနဲ့ စမ်းသုံးပြီး တစ်ခုခုလိုနေသလို ခံစားရလို့ ပြန်ဖြုတ်ထားလိုက်တာ။ :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>