ခပ်တုံးတုံးနဲ့ မိုက်မဲသူ တစ်ယောက် အတွေးများ
(က)
အချစ် တဲ့လား.
သီချင်းရေးဖို့၊ ကဗျာစပ်ဖို့၊ ဖွဲ့ဖို့၊ နွဲ့ဖို့ အတွက်
အကောင်းဆုံး အကြမ်းသုံး ပစ္စည်းတစ်ခုပေါ့.
သကာတွေ အုပ်ကြ၊ ပျားရည်တွေ ဆမ်းကြနဲ့
နောက်ဆုံး
ဆင်ခြေ၊ ဆင်လက် အမျိုးမျိုးအောက်
အလဲလဲ အကွဲကွဲနဲ့လည်း ရွှေတွေ၊ ငွေတွေနဲ့
“လဲ” စား ပစ်တတ်ကြသေးတယ်.။
Might is right! ပါပဲ.
ဇာတ်သိမ်းမှာ အကြွေ စောခဲ့တိုင်းလည်း
တယုတယနဲ့ ဂူသွင်းခြင်း မခံခဲ့ကြရ ပါဘူးလေ။
အဲဒီလို.
ဘုန်းတော်ဘွဲ့တွေနဲ့ မွှမ်းဆို.
ဆေးသကြားအုပ်တဲ့ ပျားရည်တုသီချင်းတွေကို နားခါးတယ်။
(ခ)
ရမ္မက်ကို အကြောင်းပြု
ခံစားချက် အတုနဲ့ ပြောတဲ့ စကား
ထသွား၊ ထလာ ကောင်းသလောက်
ဒီဘက် လမ်းကြားက
ရိုင်းပြမှု အလျဉ်းမပါတဲ့
“အောင်နက်” တစ်ကောင်ရဲ့ မေတ္တာလောက်
ရင်ဘတ်ထဲ မဖြူစင် နိုင်ခဲ့ကြဘူး။
အမှန်အမှားဟာ
ပျံသွားတဲ့ ငှက်ခါးတွေ ကြားတဲ့
ဦးနှောက်ကိုပါ ဒရွတ်တိုက် သွားစေတယ်.။
ဘယ်အရာမှ မတားဆီးနိုင်ဘူး
ကမ္ဘာကြီး တစ်ခုလုံးလည်း.
ပုပ်အဲ့အဲ့ အနံ့ထွက်ခဲ့တာ ကြာပြီပဲ။
(ခ)
အလွမ်းတွေ အကြောင်းလား
စိတ်ထဲ၊ ကိုယ်ပေါ်က အမှန်တရားကို ဖုံးကွယ်
မင်းသမီးဘဝမှာ ခဏခဏ ကျပြလို့ ကောင်းတဲ့
သိပ်ချိုတဲ့ မျက်ရည်တစ်စက်ပေါ့။
(အမှန်တော့ အရမ်းခါးတာ ဘယ်သူမှ မသိကြ။)
ဒီလိုမျိုး…
ခပ်တုံးတုံး ခါချဉ် တစ်ကောင် အတွက်တော့
ဘဝတင်မက. ကမ္ဘာပါ ပျက်သွားစေတယ်လေ.။
ထားပါတော့
ဝေဖန်ရေး၊ လေကန်ရေး လုပ်ရတာ လွယ်ပါတယ်
လက်ခုပ်တီးဖို့ မေ့မေ့နေတာ တော့ ခက်လှတယ်ဗျာ။
နိုင်သူကို သူရဲကောင်းဘွဲ့ပေးရင်
အနည်းဆုံးတော့ ရှုံးသူအတွက်
အညတရ အမည်တစ်ခု ချီးမြင့်သင့်တယ် မထင်ဘူးလား။ (ကျေးဇူးပြု၍ လေးလေးစားစား လေးပေါ့)
(ဂ)
နောက်ဆုံးတော့.
ဟောဒီ ခပ်ခါးခါး လောကကြီးထဲ
ရိုးသားမှု၊ မြင့်မြတ်မှု၊
ခွင့်လွှတ်မှု၊ နားလည်မှု၊
အားပေးမှု၊ ကူညီမှု၊
စွန့်လွတ်မှု။ အနစ်နာခံမှု.
ငြိမ်းချမ်းခြင်း၊ မေတ္တာ.
အဲဒါတွေကို အကောင်းဆုံး တိုင်းတာနိုင်ဖို့
မျက်မှန် တပ်မထားတဲ့
အချိန် ကွေးညွတ်မှု သီအိုရီတွေ မပါတဲ့
အနီရောင် ရင့်ရင့် X-Dimension တစ်ခု လိုအပ်နေတယ်။ ။
မှော်ဆရာ
(၂၉.၁၀.၂၀၀၈)















Oct 30th, 2008 at 4:41 am
အချစ်ဆိုတာမိုက်မဲခြင်းလား?
ဟင့်အင်းမဟုတ်နိုင်လောက်ဘူး
ရှင်သန်မှုအတွက် လောင်စာကောင်းဆိုရင်တော့
ဟုတ်ကောင်း ဟုတ်မယ်…
တကယ်လို့ သီအိုရီတစ်ခုဆိုရင်တော့
အပန်းရောင် နဲ့ အပြာရောင်တွေ ရောစမ်နေတဲ့
ချိုစိမ့်စိမ့် ဖျော်ရည်တစ်ခွက်ပေါ့။
ထူးခြားတာက
ဖျော်ရည်ခွက်တစ်ခွက်ရဖို့
အချိုးအစားညီတဲ့
အချစ်၊နားလည်မှု၊ခွင့်လွတ်မှု၊
အစအစသော နာမ်စားများ
လိုအပ်တဲ့အပြင်
ဖော်စပ်သူ နှစ်ဦးလိုနေခြင်းပေါ့။
ဟဲဟဲ လိုက်စပ်ကြည့်တာ…
ကောင်းတယ် မော်ဆရာရေ…. မော်ဆရာအတွက်တောင် အချစ်က ပုပ်အဲ့အဲ့ဖြစ်နေမယ် ဆိုရင်တော့ အင်း…. ကြောက်စရာကြီး
Anyway, best luck!
Oct 30th, 2008 at 5:47 am
ကိုမှော်တို့ ကတော့ နာမည်နဲ့ လိုက်တယ်ဗျာ အောင်းထားတာတွေတစ်ခါတည်းဖွင့်ချလိုက်တာ ဖတ်ရတဲ့ သူလည်း မှော်မသွားသလို လှိုက်ခနဲ လှိုက်ခနဲနဲ့  ပျော်ဝင်သွားတယ် ။
ရမ္မက်ကို အကြောင်းပြု
ခံစားချက် အတုနဲ့ ပြောတဲ့ စကား
ထသွား၊ ထလာ ကောင်းသလောက်
ဒီဘက် လမ်းကြားက
ရိုင်းပြမှု အလျဉ်းမပါတဲ့
“အောင်နက်” တစ်ကောင်ရဲ့ မေတ္တာလောက်
ရင်ဘတ်ထဲ မဖြူစင် နိုင်ခဲ့ကြဘူး။
လန်ထွတ်နေတယ် ဂွဒ်
အရှုံးသမားကိုတော့ အမည်နာမလေးတစ်ခုတွင်သင့်တာပေါ့နော့် ဒဿဂီရိလောက်မဟုတ်ရင်တောင် ကိုပေါ လို့ အများခေါ်တယ်ဆိုတဲ့ လွှမ်းမိုး သီချင်းထဲက ဇတ်ကောင်ဆိုရင်ကျေနပ်ပါပြီးး ။
Oct 31st, 2008 at 12:25 am
အကိုရေ ဒီကဗျာကြိုက်တယ်ဗျာ ၊ နောက်ဆုံးစာကြောင်းလေး အကြိုက်ဆုံးပဲ ၊ အခုလောလောဆယ်တော့ အကိုပြောသလိုပဲ လမ်းကြောင်းပြန်တည့်နေတယ် ၊ အဆင်ပြေပါစေ အကို ။
Nov 1st, 2008 at 4:24 pm
@apprenticeship - Special Respond-comment-poem တစ်ခုပဲဗျာ။ လောင်စာကောင်း၊ ဖျော်ရည်၊ လူနှစ်ဦး၊ အချိုးအစား ညီမျှမှု၊ သိပ်ကောင်းတဲ့ အတွေးတွေပဲဗျို့..
ကျေးဇူး AP
_______________________
@မောင်မျိုး - ဟဲဟဲ. စုထားတာတွေ နဲနဲများနေလို့ပါညီ.. ဟုတ်ပါရဲ့. ညီပြောသလိုပဲ ကိုပေါ လို့ တစ်လေးတစ်စား လေး အခေါ်ခံရရင်ပဲ ကျေနပ်ပါပြီ။
_______________________
@THS - ဘိုတင့်ရေ.Comment အတွက် ကျေးဇူးပါ. အားလုံး အဆင်ပြေနိုင်ပါစေ ညီလည်း။
Nov 3rd, 2008 at 6:42 am
အရမ်းခါးတာ ဘယ်သူမှမသိကြဘူးဆိုတော့ တစ်ကြိမ်တစ်ခါတော့ စားသုံးဖူးတယ်ထင်တယ်။
ဘယ်အရာနဲ့မှ တိုင်းတာမနေဘဲ စစ်မှန်တဲ့ ရိုးသားမှု၊ မြင့်မြတ်မှု၊ ခွင့်လွှတ်မှု၊ နားလည်မှု၊ အားပေးမှု၊ ကူညီမှု၊ စွန့်လွတ်မှု။ အနစ်နာခံမှု. ငြိမ်းချမ်းခြင်း၊ မေတ္တာ. ပိုင်ဆိုင်နိုင်ပါစေ
Nov 3rd, 2008 at 9:26 am
လေးစားတယ်ဗျာ ရေးထားတာလေးတွေကထိတယ် ဘယ်နှစ်ခုနှစ်ကတည်းကစုထားသလဲတော့မသိဘူးပေါ့နော် အတွေးလေးတွေက နက်နည်းတယ် ကိုမှော်ကြီး ပိုင်ဆိုင်ချင်တာလေးတွေ ပိုင်ဆိုင်နိုင်ပါစေဗျာ
Nov 3rd, 2008 at 2:43 pm
ဒီအတွေးတွေကို ဖတ်ရတာ ရေးတဲ့သူက မိုက်မဲမှန်း သိပါတယ်… ခပ်တုံးတုံးဆိုတာတော့ မဖြစ်နိုင်ဘူး..။
Nov 5th, 2008 at 10:47 pm
@ အေးချမ်းသူ - လမ်းလျောက်တော့လည်း တစ်ခါတစ်လေ၊ လမ်းပျောက်ဖူးတာမျိုးပါ ညီမရေ။
Comment အတွက် ကျေးဇူးပါ။
လောလောဆယ် အထိတော့ ကိုယ့်ကိုယ်ကို ကြည့်တိုင်း တစ်ခါမှ အချိုးပြေတယ် မရှိပါသေးဘူးဗျာ.
_____________________________
@ ဇင်မျိုးအောင် - ဆုတောင်းပေးတဲ့ အတွက်ရော၊ Comment အတွက် ပါ ကျေးဇူးပါ ကိုဇင်မျိုးအောင် ရေ.
_____________________________
@ layma - ဟုတ်ကဲ့ အစ်မ.
Nov 16th, 2008 at 3:51 am
အကို
စိတ်ဓာတ်ချင်းသွားပြီးတူသလိုလိုပါပဲ။ခက်ထန်မာကျောပြီး ပြတ်သားစွာပြောရဲတဲ့၊မူကွဲတဲ့ကဗျာလေးအတွက် အထူးကျေးဇူးတင်ပါတယ်။
Nov 16th, 2008 at 5:13 am
@ မိုးကြီး - ကိုမိုးကြီးရေ.. ခံစားချက်တွေ သွားတိုက်ဆိုင် မိနေတာ ဖြစ်လိမ့်မယ်ဗျ။
ကဗျာ အတွက် Comment ချီးမြှင့်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။