စနေနေ့ နေ့လည် ၁၃း၀၀ နာရီ
(က)
ဒီနေ့.
ခရီးတစ်ခုက ကျွန်တော်အပြန်
ရထားဘူတာ တစ်ခုရဲ့ စက်လှေကားပေါ်မယ် (မှာ)
အမယ်အို တစ်ယောက် ကို ရုတ်ချည်း တွေ့ခဲ့ရတယ်
သူက အဆင်း. ကျွန်တော် က အတက်ပေါ့။
(ခ)
သုံး စက္ကန့် စာလောက်ပဲ
ဖျတ်ကနဲ. သူ့မျက်နှာကို တွေ့လိုက်ရပေမယ့်
စိတ်ထဲမှာ နင့်ကနဲ
နှစ်ရှစ်ဆယ်စာ သူ့လောကဓံတွေနဲ့
ကျွန်တော် ပါ ရင်းနှီးကျွမ်းဝင် လိုက်သလိုမျိုး.
(ကျွန်တော့် ကိုတော့ သူ(မ) သတိထား လိုက်မိဟန် မတူပါဘူး။)
(ဂ)
တွန့်ကြေနေတဲ့
အရေးအကြောင်းတွေနဲ့ မျက်နှာ ပေါ်မှာ
အိမ်က မြေးလေးတွေ အတွက် ပူပန်ခြင်းတွေကို
နောင်တ တရား တစ်ချို့နဲ့
ခြယ်သ ထားတာကို တွေ့လိုက်ရတယ်၊
ဆီ မထိတာ ကြာနေတဲ့ ဆံပင်ဖြူ တစ်ချို့က
နဖူးပေါ်မှာ ပုခုံးပေါ်မှာ၊. မညီမညာ လွင့်လွင့်ပါးပါး၊
ပျိုမြစ်စဉ်က မာန တစ်ချို့ကလည်း
အရောင်ဖျော့ရီဝေ မျက်လုံးတစ်စုံနှင့်
နွမ်းလျလျ သိုးမွေးဆွယ်တာ အဟောင်းလေးပေါ်မှာ
ခပ်ပါးပါး တွယ်ငြိလို့။
(ဃ)
တရွေ့ရွေ့သွားနေတဲ့ လက်ရမ်းကို
အရိုးပြိုင်းပြိုင်း လက်လေး နှစ်ဖက်နဲ့
ခပ်တင်းတင်း ဆုပ်ကိုင်ပြီး
..တစ်ခုခုကို သူတွေးနေတယ်.
တစ်စုံတစ်ခုကို သူပူပန်နေတယ်.
တစ်ချိန်တစ်ခါတုန်းက အရာတွေကို တမ်းတနေတယ်.
သူ့ကိုသူ ခွင့်မလွတ်နိုင်တဲ့ အဖြစ်အပျက်တွေ အတွက်
ယူကျုံးမရ ဖြစ်နေခြင်း တွေကလည်း.
နောင်တ တရားတွေ အဖြစ် သူ့ကို နှိပ်စက်နေတယ်၊
ဖြစ်နိုင်ရင်
ဒီကြမ်းတမ်းလှတဲ့
လောကဓံဆိုတဲ့ အရာကြီးနှင့် အဝေးဆုံးကို
ထွက်ပြေးဖို့ အထိသူတွေး နေလိမ့်မယ်.။
(င)
ဒီလိုနဲ့ လက်ရှိမှာ.
တစ်ရွေ့ရွေ့ဆင်းနေတဲ့
စက်လှေခါး ကို သူ(မ) သတိမမူ မိဘူး၊
သူ(မ) နဲ့ မျက်နှာခြင်းဆိုင်က
တစ်ရွေ့ရွေ့ တက်သွားနေတဲ့
လူလှေခါး ကြီးကိုလည်း
မြင်လိမ့်မယ်လို့ (ကျွန်တော်မထင်ဘူး)၊
ဘူတာရုံ အပေါ်ထပ်က
ခပ်တိုးတိုးပျံ့လွင့်နေတဲ့
နွေရာသီ အထူးလျော့ဈေး ဆိုတဲ့
ကြော်ငြာ ရေဒီယိုသံ ကလည်း
သူ့အာရုံကို ဖမ်းမစားနိုင်ခဲ့ဘူး၊
ပါးချင်းထပ်၊ ရင်ချင်းအပ်လို့
ကြည်နူးနေကြတဲ့
သူ့ အောက်တစ်ဆင့် မောင်နှံတစ်စုံဆီက
တွတ်ထိုးသံ တွေကိုလည်း
သူ(မ) ကြားမိဟန် မတူဘူး၊
သူ့ဆီက လောကဓံတစ်ချို့ကို
သုံးစက္ကန့်အတွင်း
ရင်ဘတ်တစ်ခုစာ အပြည့် သယ်မသွားတဲ့
ဆံပင်အနက်၊ အင်္ကျီအနက် နဲ့
လူငယ်တစ်ယောက် ကိုလည်း
သတိ မထားမိလိုက်ဘူး.။
(စ)
အတိတ်မှာ သူမျောနေတယ်.
တစ်ချိန်တည်းမှာပဲ
မနက်ဖြန် ဆိုတဲ့ အနာဂတ်မှာ
သူ့ဝမ်းစာအတွက်
သူ့ လူမမယ် မြေးလေးတွေရဲ့ စရိတ်စကတွေ အတွက်.
ဖြေရှင်းဖို့နည်း လမ်းတွေကို
အိုကြီးအိုမ ဦးနှောက် တစ်စုံနဲ့
ပစ္စုပ္ပန် မှာ လေးလေးလံလံ စဉ်းစားနေလိမ့်မယ်၊
အပြစ်မဲ့ လူမမယ် လေးတွေကို
ရက်ရက်စက်စက် စွန့်ပစ်သွားတဲ့
သမီးအရင်း ခေါက်ခေါက်ကိုလည်း
ကျိန်ဆဲချင် ကျိန်ဆဲနေမှာပေါ့၊
ပြီးတော့…..
တစ်မြန်နှစ်ကမှ
သူနှင့် တကွ မြေးတွေကိုပါ စွန့်ခွာသွားတဲ့
တတိယမြောက် သွားလေသူကြီးကိုလည်း
တမ်းတမိနေပေဦးမယ်။
(ဆ)
အဲဒီလိုနဲ့.
ဘ၀ရဲ့ အလိုမကျခြင်းတွေကို ပွေ့ပိုက်ရင်း
သောကတွေ ခြံရံလို့
သူ(မ)လည်း တစ်ရွေ့ရွေ့ဆင်း..ဆင်းသွား…
ငနဲသား ကျွန်တော့်မှာသာ
မတောင်းပဲ ရလိုက်တဲ့
သူ့ဆီက အဟောင်းအမြင်း လောကဓံတွေနဲ့ လေးလံရင်း
အပေါ်ကို ဆက်တက်ခဲ့.။
(ဇ)
ဟုတ်ကဲ့. ဒီနေ့လား.?
….
ဒီနေ့.
ခရီးတစ်ခုက ကျွန်တော်အပြန်
ရထားဘူတာ တစ်ခုရဲ့ စက်လှေကားပေါ်မယ် (မှာ)
အမယ်အို တစ်ယောက် ကို ရုတ်ချည်းတွေ့ခဲ့ရတယ်
သူက အဆင်း. ကျွန်တော် က အတက်ပေါ့။ ။
မှော်ဆရာ
(စာကြွင်း။ ။ သောကတွေ အပြည့်နဲ့ လောကကြီးကို တံခါးတစ်ပေါက်က ချောင်းကြည့်ဖို့ ကြိုးစားကြည့်တာပါ။)















Jul 14th, 2008 at 2:16 pm
ွှအတက်ကားလေးပေါ့နော်.. နောင်တတွေအနည်းဆုံးနဲ့ လောကကိုအလှဆင်နိုင်ပါစေ..မော်ဆရာ.. The world is waiting for your magic.
Jul 14th, 2008 at 3:24 pm
လောကဓံရဲ့အတွေးနဲ့ သောကတွေကိုလည်း ဖြန်ဝေနေတယ်လားဗျ..
Jul 14th, 2008 at 3:35 pm
သောကတွေ အပြည့်နဲ့ လောကကြီးကို ချောင်းကြည့်တော့ ဘာတွေ တွေ့သလဲ မှော်ဆရာ
:lol:
သောကနဲ့ ကြည့်ရင် သောကတွေ့မယ်
အလှနဲ့ ကြည့်ရင် အလှတွေ့မယ် ….. လောကကြီးကလှပါတယ် ။
လူတွေကသာ မလှတာဂျ။
Jul 14th, 2008 at 4:50 pm
အကိုကြီးရေ ညီလဲဒီလိုမျိုးရေးတတ်ချင်လိုက်တာဗျာ။ နေရာတိုင်းမှာရှိနေတဲ့ ကဗျာတွေကို အကိုမှော်ဆရာက ကဗျာမှော်သားဓာတ်တွေအပြည့်သွင်းပြလိုက်တာ ညီတော့ အားကျတယ်ဗျို့။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
:)
Jul 14th, 2008 at 5:10 pm
ဆံပင်အနက်၊ အင်္ကျီအနက် နဲ့
လူငယ်တစ်ယောက်
သူ့  ဆီရောက်လာတဲ့
သူလေးလံသွားတဲ့ …
လောကဓံကို ဘလော့မှာ မျှဝေလိုက်တဲ့ အခါ
ငါ့ရဲ့ အိုကြီးအိုမ ဇာတ်..
ဘယ်ပုံစံနဲ့ များ
ခရီးဆက်မလဲ… ဆိုတဲ့ အတွေးတွေ နဲ့  .. အတွေးတွေ နဲ့ ….။
Jul 14th, 2008 at 5:45 pm
@Apprenticeship - ဟုတ်ကဲ့ AP ရေ. လာအားပေးသွားတာ ကျေးဇူးပါဗျာ. ကျွန်တော်လည်း တက်ပြီးရင် ပြန်ဆင်းရဦးမယ်လေဗျာ.



________________________
@အဇ္ဈတ္တပြခန်း - ကိုမျိုးဥာဏ်ရေ. မြင်ကြည့်ဖို့ ကြိုးစားကြည့်မိတာပါဗျာ.
________________________
@နှင်းပွင့်ဖြူလေး - ဟုတ်တယ် မနှင်းပွင့်ရေ… ကျွန်တော်လည်း အခုတစ်လော သောကတွေနဲ့ ပဲ လောကကြီး ကိုကြည့်ကြည့်မိ နေလို့ဗျ.
________________________
@ညိမ်းညို - ကဗျာဆရာ ရင့်မာကြီး ဖြစ်တဲ့ ညီ့ဆီက အဲဒီလို မှတ်ချက်မျိုးကြားရတာ အမှန်ပြောရရင် ကိုယ် အတော့်ကို အနေအထိုင်ခက်မိပါတယ် ညီရေ. (ကိုယ် ကဗျာနဲ့ ပတ်သက်လို့ သူငယ်တန်း တက်ဖို့ ကြိုးစားနေတဲ့ သူပါ.) . လာအားပေးတဲ့ အတွက် ကျေးဇူးအထူးပါ ညီရေ.
________________________
@လေးမ - ဟုတ်ကဲ့ အစ်မရေ. ကျွန်တော်လည်း အခုထိကို အဲဒီ အတွေးတွေထဲက မထွက်နိုင် သေးပါဘူးဗျာ.
Jul 14th, 2008 at 11:36 pm
အော် ကိုရင် ကိုရင်
ခင်ဗျားကတော့ ဖြစ်ရမယ်။ ဟဲဟဲ ။ ကောင်းတယ်ဗျာ။
ဒါနဲ့ စကားမဆပ် စီဘောက်စ်ဘယ်နား မှာလဲဗျ။
Jul 15th, 2008 at 1:01 pm
@ဆိုးသွမ်း - ဟဲဟဲ. ဟုတ်ကဲ့ပါ ကိုရင်ရာ. လာအားပေးလို့ ကျေးဇူးပါဗျာ. ဆီပုံးက ခန်းနေတာဗျို့. ၀ယ်မထည့် နိုင်တော့လို့ မသုံးပဲ ထားလိုက်တော့တာ.
Jul 15th, 2008 at 3:22 pm
သရုပ်ပေါ်အောင် ဖော်ကျူးထားတဲ့ ကဗျာမို့လား… ရင်ထဲ နင့်ခနဲ ခံစားရတယ်။ သွင်ပြင်ပုံစံဖော်ညွှန်းမှုမှာ မျက်ရည်ဝဲရတယ်။
ဖတ်ခဲ့ဖူးတဲ့ စာထဲက ဘ၀ ရဲ့ အဓိပ်ပယ်ဖွင့်ဆိုချက်ကို မြင်ယောင်လိုက်မိတယ်။
ဘ၀ ဆိုတာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းကို ခံစားရုံသာမကဘဲ တွေ့ကြုံလာတဲ့ အခက်ခဲဆုံး လောကဓံတွေကို မျက်ကွယ်ပြုနိုင်ဖို့ကြိုးစားရင်း ခိုင်ခိုင်ကြီးဆက်လျှောက်သွားခြင်း လို့ ဆိုတယ်။
Jul 26th, 2008 at 7:15 am
ဒီပို့ စ်လေးကို ကျနော် မပြန်ခင်လေးတင်ဖတ်လိုက်ရတယ် ကော့မန့် ပေးမမှီလို့  အရမ်းကောင်းတယ် အစ်ကို ကျနော်တို့လည်း အသက်တွေကြီးသွားရင် အဖွားအိုလိုဖြစ်သွားမှာလား မသိ
Jul 27th, 2008 at 5:12 pm
@အေးချမ်းသူ -ကျေးဇူးပါ ညီမရေ. လာအားပေးတဲ့ အတွက်
_________________________
@မောင်မျိုး - သေချာတာကတော့ ကျွန်တော်တို့လည်း တစ်ချိန်ကျရင် အိုကြရဦးမှာပဲဗျ.
Jul 31st, 2008 at 3:16 am
ဒီကဗျာက စကားလုံးတွေ တအားလှတယ် အစ်ကိုရေ။ အဲဒီမြင်ကွင်းကို ပုံဖော်ထားတာလည်း ကောင်းတယ်။
လက်စသတ်တော့ အစ်ကိုက လိပ်စာပြောင်းသွားတာကိုး။ မသိဘူး သိလား။ reader မှာ ထည့်ထားတယ်။ အစ်ကို အသစ်မရေးဖြစ်ဘူးပဲထင်နေတာ။ ဟိုးနေ့ကမှ မသဉ္ဖာဆီရောက်မှ သိတာ။ တော်တော် ခေတ်နောက်ကျသွားပြီပဲ။
Jul 31st, 2008 at 10:43 am
@winkabar - ဟုတ်တယ် ညီမလေးရေ.. ကိုယ်ပြန်ရေးနေတာ အတော်ကြာသွားပြီ.
ညီမ ဆီကို ရောက်ဖြစ်ပေမယ့် ခြေရာ မချန်ဖြစ်လို့ ညီမလည်း မသိဖြစ်နေတာ နေမယ်.. ကောမန့် တွေ အများကြီး အတွက် ကျေးဇူးအထူး ညီမလေး.
Aug 4th, 2008 at 6:53 pm
It’s a good ! This represent the natural process of life !!!!
We have to aware and prepare for that !!!
Aug 6th, 2008 at 9:04 pm
@ KTKMELODY - အသေအချာပဲ အစ်မရေ. တစ်နေ့ကြုံရမယ့် တရားတစ်ခု ဆိုတော့ အခုကတည်းက နဲနဲ တွေးထား ကြည့်တာပါ.
Aug 8th, 2008 at 7:59 pm
so good…
so so so good..
i will come again…
you the men….
by the way…
nice to meet you with your… idea…
thanks……plz do again the best of your…….
i sure ..i will come back…
….