What is Professional Blogging and How to? [ 2 ]
ဘလော့ဂ် ခြင်း အမျိုးအစားများ နှင့် ဘလော့ဂ် တို့၏ အရေးပါမှု အဆင့်အတန်း
![]()
Open Diary, LiveJournal, Blogger.com, နှင့် WordPress.com စတဲ့ Blogging Community ကြီးတွေရဲ့ လျင်မြန်စွာ ပေါက်ကွဲ ကြီးထွားမှု တွေနဲ့ အတူ Internet တစ်ခွင်လုံး မှာလည်း ဘလော့ဂ်တွေ၊ ဘလော့ဂ်တွေ မိုးဦးကျ မှိုတွေလို အပြိုင်းပြိုင်း ပေါက်ရောက် လာခဲ့ကြပါတယ်။ တချို့ကလည်း မိမိ ၀ါသနာ ပါတဲ့ အကြောင်းအရာ တွေကို မျှဝေ လိုတဲ့ ဆန္ဒနဲ့ရေး၊ တချို့ကလည်း မိမိရဲ့ အိမ်၊ ကျောင်း၊ အလုပ်က ကိစ္စရပ်များကို မှတ်တမ်းတင်ရာ၊ စိတ်ခံစားမှုများ လျော့ချရာအဖြစ်ရေး၊ တစ်ချို့ကလည်း ကိုယ်နှင့် ကိုယ့်မိသားစုအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း စတာတွေကို မှတ်တမ်း မှတ်ရာ၊ ဒိုင်ယာရီ အနေနဲ့ရေး၊ တချို့ကလည်း ယခင် ကတည်းက ဓာတ်ခံရှိခဲ့တဲ့ စာ၊ ကဗျာ စတဲ့ အနုပညာ တွေကို လွတ်လွတ်လပ်လပ် ကိုယ်တိုင်စာစီ၊ ကိုယ်တိုင် တည်းဖြတ်နိုင်ပြီး ကိုယ်တိုင် ထုတ်ဝေခွင့် ရတဲ့ နေရာတစ်ခုအဖြစ် ရေး စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ဘလော့ဂ် တွေကို ပုံစံမျိုးစုံနဲ့ ကမ္ဘာ အရပ်ရပ်ကလူတွေ ရေးသား လာခဲ့ကြတာကို တွေ့ရမှာပါ။
အဲဒီလို အမျိုးမျိုးသော ပုံစံတွေနဲ့ ရေးသားလာခဲ့ကြတဲ့ ဘလော့ဂ်တွေ ကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။
- ကိုယ်ရေးကိုယ်တာဆိုင်ရာ (Personal)
- သတင်းဆိုင်ရာ (News)
- အတင်းအဖျင်းဆိုင်ရာ (Gossip)
- နိုင်ငံရေးဆိုင်ရာ (Polities)
- နည်းပညာဆိုင်ရာ (Technology)
- အထွေထွေ နှင့် (General)
- အခြား (Other)
Modern Life က ၂၀၀၆ နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ အောက်ပါအတိုင်း ဘလော့ဂ် အမျိုးအစားများ ခွဲခြား ဖော်ပြပြီး လေ့လာ ဆန်းစစ်မှု လုပ်ထားတာကို တွေ့ရပါတယ်။ အခြေပြု ဆန်းစစ်ရာ နောက်ခံ အကြောင်းအရာများ ကတော့ ရေးသားသော အကြောင်းအရာ၊ သုံးစွဲသော ဘလော့ဂ် ဆော့ဖ်ဝဲလ်၊ အသုံးပြုသော ဘာသာစကား၊ နောက်ခံအရောင် အသုံးပြုမှု အစရှိတာတို့ ဖြစ်ကြပါတယ်။
၁။ အသုံးပြုသော ဆော့ဖ်ဝဲလ် အလိုက်

အဲဒီ ၂၀၀၆ ကာလက Moveable Type က ၁၅ ရာနှုန်းနဲ့ ဦးဆောင်ကာ၊ WordPress က ဒုတိယလိုက်လို့၊ Blogger.Com ကတော့ စတုတ္ထနေရာ အဖြစ်နဲ့ တွေ့ရှိရပါတယ်။ ( လက်ရှိမှာတော့ WordPress က ဦးဆောင်သူ၊ Blogger.Com က ဒုတိယ ဖြစ်နေပါပြီ။
)
၂။ ရေးသားသော အကြောင်းအရာ အလိုက်

ဒီနေရာမှာတော့ နည်းပညာ ဆိုင်ရာ ဆိုတဲ့ ကဏ္ဍကို ရေးသားကြသူအများဆုံး ဖြစ်ပြီး အထွေထွေက ဒုတိယလိုက်လို့ နိုင်ငံရေး ဘလော့ဂ်များက တတိယနေရာ လိုက်ပါတယ်။
၃။ အသုံးပြုသော ဘာသာစကား အလိုက်

အင်္ဂလိပ် လိုရေးသားကြသူ အများဆုံးဖြစ်ပြီး ဘာသာစကား တစ်ခုချင်းစီ အလိုက်ကြည့်ရင် ဂျပန်က ဒုတိယလိုက်ပါတယ်။ လူဦးရေ သန်း ၁၀၀၀ ကျော် တရုတ်က စတုတ္ထနေရာမှာပါ။ (Apprenticeship ပြောခဲ့တဲ့ မှတ်ချက်တစ်ခု နဲ့လည်း သွား တိုက်ဆိုင်နေပါတယ်။)
၎။ နောက်ခံအရောင် အသုံးပြုမှု အလိုက်

ဘလော့ဂ် တွေရဲ့ နောက်ခံ အရောင် အသုံးပြုမှုမှာတော့ အဖြူရောင် က ပထမနေရာ နဲ့ ဗိုလ်စွဲပါတယ်။
ဒါကတော့ Modern Life ရဲ့ ၂၀၀၆ က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ ဖြစ်ပါတယ်။ ဒီစစ်တမ်းတစ်ရပ်ထက် ပိုမို Update ဖြစ်တဲ့ စစ်တမ်းတစ်ရပ်ကိုတော့ Problogger က ၂၀၀၈ ခုနှစ် အတွင်းမှာပဲ ကောက်ယူ ခဲ့ပါသေးတယ်။ အဲဒီ စာရင်း မှာကတော့ မိမိ ရေးသားတဲ့ အကြောင်းအရာကို လိုက်ပြီး ဘလော့ဂ် အမျိုးအစားခွဲခြားခြင်း ဆိုတဲ့ စစ်တမ်း တစ်ခုသာဖြစ်ပြီး ကျန်တဲ့ ဘာသာစကား၊ အသုံးပြုတဲ့ အရောင် စတဲ့အရာတွေ တော့ မပါဝင်ပါဘူး။ အမျိုးအစားတွေ ကတော့ Modern Life ကထက် ပိုမိုစုံလင်စွာ ခွဲခြား ထားတာကို တွေ့မြင်ရမှာပါ။ Problogger ရဲ့ စစ်တမ်းကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
အထက်ပါ စစ်တမ်း (၂) ရပ် အရကြည့်မယ်ဆိုရင် ဘလော့ဂ် ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးနှင့် အတူ ကြီးထွား ရှင်သန် လာတဲ့ ကွန်ယက် စာမျက်နှာ တစ်မျိုးဟာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ နေ့စဉ် မှတ်တမ်းလောက် အဖြစ် အသုံးပြုရုံသာမကပဲ နယ်ပယ် အသီးသီးမှာ ကြီးမား ကျယ်ပြန့်စွာ အသုံးပြုနေကြတယ် ဆိုတာ ထင်ရှားပါတယ်။ အင်တာနက်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်တဲ့ နိုင်ငံကြီးတွေမှာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး နှင့် အားကစား၊ ကြော်ငြာကဏ္ဍ စတဲ့ အသီးသီးသော ကဏ္ဍကြီးတွေမှာ ၀ဘ်ဘလော့ဂ်တွေကို အစွမ်းထက် လက်နက်တစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးချလာခဲ့ ကြတာ ၂၀၀၀ ခုနှစ် အလွန် သက်တမ်းများက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို ဘလော့ဂ် လောကကြီး ကြီးထွားရှင်သန်လာခြင်း နှင့် အတူ သူရဲ့ ကြီးကျယ် အစွမ်းထက်မှု ကို အင်တာနက်ကမ္ဘာရဲ့ လူသားတို့ အသိအမှတ်ပြုကြပြီးသကာလမှာ Blog လောကအတွက် အသုံးအနှုန်း ဆိုင်ရာများ၊ Blog ရှာဖွေရေး အင်ဂျင်များ စတာတွေ ပါ သီးသန့် အနေနဲ့ ပေါ်ထွက်လာ ခဲ့ကြပါတယ်။ ကိုယ်ပိုင် Blog တွေကနေတဆင့်လည်း Blogging သင်ခန်းစာများကို ပို့ချရင်း ကမ္ဘာအရပ်ရပ်မှာပါ အောင်မြင်ကျော်ကြားတဲ့ Blogger University ကြီးတွေလို့ ပြောလို့ရအောင် ကြီးကျယ်ထင်ရှားတဲ့ Blog ကြီးတွေ ပေါ်လာတာလည်း မနည်းလှပါဘူး။
အမှန်တစ်ကယ်လည်း ဘလော့ဂ်ဆိုတဲ့ ကွန်ယက်စာမျက်နှာ တစ်မျိုးဟာ ပြုလုပ်ဖန်တီးရန် လွယ်ကူသလောက် အသုံးချသူရဲ့ ကျွမ်းကျင်မှု၊ အချိန်ကာလ၊ နေရာ၊ ဒေသနှင့် လိုအပ်ချက် ကို သိရှိ ဖြည့်ဆည်းပေးနိုင်မှု စတဲ့ အချက်တွေပေါ်ကို မှီခိုပြီး ကြောက်စရာ ကောင်းလောက်အောင် ကို အစွမ်းထက် လက်နက် တစ်ခုအဖြစ် အသုံးချနိုင်တာကို တွေ့ရပါတယ်။
သာဓကအနေနဲ့ ကြည့်မယ်ဆိုရင် ဘလော့ဂ်တွေကို ကွန်ယက်သဖွယ် ထပ်မံချိတ်ဆက်ပြီး ပညာရေးဆိုင်ရာ ဘလော့ဂ်ကွန်ယက် စာမျက်နှာ များ အဖြစ် ထိရောက်စွာ အသုံးချ နေခြင်းကို Wikipedia စာမျက်နှာ က တစ်ဆင့် လေ့လာနိုင် ပါတယ်။ အဲဒီလိုပဲ နိုင်ငံရေး ဆိုင်ရာများ မှာလည်း ဘလော့ဂ် တွေရဲ့ စွမ်းပကားကို ဘယ်လို အသုံးချ နေကြတယ်ဆိုတာ ဒီစာမျက်နှာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
စီးပွားရေး ဆိုင်ရာမှာတော့ ဒီဆောင်းပါးခေါင်းစဉ် ရဲ့ မူရင်း ရည်ရွယ်ချက် အရ သာမန် အပျော်တမ်း ဘလော့ဂ် ရေးသားခြင်းမှ သည် ရေးသားသမျှ အကြောင်းအရာတိုင်းကို တစ်စုံတစ်ခုကို စူးစိုက်ရေးသားပြီး ဖတ်သူတိုင်းအတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေတဲ့ ဆောင်းပါးများကို ရေးသားပြီးသကာလ ထို ဘလော့ဂ်ဂင်းမှ တစ်ဆင့် ထိရောက်တဲ့ အပိုဝင်ငွေ၊ ပြင်ပ ၀င်ငွေ ရရှိအောင် ဘယ်လို လုပ်နိုင်တယ် ဆိုတဲ့ အကြောင်းအရာတွေကို ဦးစားပေး ပြောဆိုသွား လိုပါတယ်။
အမှန်ပါပဲ။ အပျော်တမ်း ဘလော့ဂ်ဂါတွေကနေ တဆင့် လစဉ် ဒေါ်လာ ထောင်ချီ၊ သောင်းချီရနေတဲ့ ဘလော့ဂါတွေ ဖြစ်လာအောင် လုပ်ကိုင် နေကြသူတွေ တစ်ကယ်ရှိပါတယ်။ သူတို့ အနေနဲ့ ကတော့ အခုအချိန်မှာ ဘလော့ဂ် ရေးသားခြင်းဟာ သူတို့ အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်လုပ် ရင်းကနေလဲ ဘလော့ဂ် ရေးသားခြင်းကနေ အပိုဝင်ငွေ ရှာဖွေနေကြသူတွေလည်း ရှိပါသေးတယ်။
ဒီနေ့ ခေတ် မျက်မှောက် ကမ္ဘာရဲ့ ဘလော့ဂ်တို့၏ အရေးပါမှုကို အထိရောက်ဆုံး အသုံးချပြီး ဘလော့ဂ် ရေးသားခြင်းကနေ သူတို့ အပို ၀င်ငွေတွေ ဘယ်လို ရှာနေကြသလဲ..???
ဆက်လက်ဖော်ပြပါမည်…
Ref;















Jun 4th, 2008 at 3:54 am
သေသေချာချာ လေ့လာပြီး ရေးထားတာဖြစ်လို့ ဖတ်ရတာ အကျိုးရှိပါတယ်ဗျာ။ နောက်လဲ များများ ဆက်ရေးနိုင်ပါစေဗျို့
Jun 4th, 2008 at 5:38 am
သေသေချာချာ လေ့လာထားတာပဲ ကျနော်ကတော့ အာစယ်နယ်ပဲရေးတယ် ဟုတ်ပါဘူး ပါစင်နယ်ပဲ ရေးတယ်ပြောတာ ကျန်တာတွေ နားမလည်ဘူး
Jun 4th, 2008 at 1:19 pm
@ဘလူးဖီးနစ် - လာအားပေးသွားလို့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးခင်ဗျား။
နောက်တာဗျို့… နောက်တော့လည်း နားလည်လာမှာ ပေါ့ဗျာ ဟုတ်တယ်ဟုတ်လား
____________________
@မောင်မျိုး - ဟုတ်ကဲ့ ကိုမောင်မျိုးရေ. နားလည်ဖို့သိပ်မခက် လှပါဘူးဗျာ. ဟိုဘက်ဒီဘက် လှည့်လိုက်ရုံပါပဲ။
Jun 4th, 2008 at 1:53 pm
အလွန်တန်ဖိုးရှိပါတယ်…
ပို့စ်တစ်ခုလုံးကိုဖတ်ရတာ အလွန်ဆုံး ၅ မိနစ်လောက်သာကြာပေမယ့်
ရေးသားထားပုံကို ကြည့်လိုက်တာနဲ့
အနည်းဆုံးတော့ အချိန် ၂ ရက်လောက်ယူရေးရမယ်ဆိုတာနားလည်ပါတယ်…
Jun 4th, 2008 at 4:40 pm
အစ်ကိုကတော့ တကယ့်ကို Professional ပါပဲ..။ တစ်ကယ်ကို အကျိုးရှိပြီး မှတ်သားဖို့ကောင်းတဲ့ ဆောင်းပါးတစ်ခုပါ..။ အရမ်းတန်ဖိုးရှိတဲ့ အနှစ်သာရ တစ်ခုကို ပေးနိုင်ပါတယ်။ လေးစားပါတယ် အစ်ကို။
p.s- အစ်ကိုရေ Sorry ဗျာ။ Cbox မတွေ့လို့ ဒီနေရာမှာပဲ ပြောသွားတော့မယ်။ အခုမှသတိထားမိတယ် ကိုယ်ပိုင် Domain နဲ့တောင်ဖြစ်နေပြီပဲ..။ အားကျတယ်ဗျာ..။ နောက်တစ်ခုက ကြော်ငြာ..။ ဟဲ..ဟဲ။ အစ်ကို့ပုံပါတယ်နော် လာကြည့်လှည့်အုံး
Jun 4th, 2008 at 11:17 pm
@DAnFadeR - လာအားပေးလို့ ကျေးဇူးပါ ကိုရင်ရေ။
ကိုယ်လာ ကြည့်လိုက်မယ်။ ဓာတ်ပုံတွေလည်း အမှတ်တရ သိမ်းရင်းပေါ့။
တစ်ကူးတစ်က လာအသိပေးလို့ ကျေးဇူးညီလေးရေ။
__________________________
@BlackDream - လာလည်သွားတဲ့ အတွက်ရော၊ ဖတ်ရှုအားပေးတဲ့ အတွက်ပါ ကျေးဇူးပါ ညီ။
Jun 5th, 2008 at 6:46 am
ဘောလုံးအသင်းထဲက ဘယ်တစ်ယောက်က အစ်ကိုလည်း တွေ့ ဖူးထားရအောင် နောက်လမ်းတွေ့ ရင် မုန့် ဖိုးတောင်းမလို့ 
Jun 5th, 2008 at 9:00 am
မှော်ဆရာရေ…. Thesis ပုံစံလေး လုပ်ပြီး သေသေချာချာရေးလို့ တကူးတက လာဖတ်တယ်။ ဗဟုသုတလဲ တပုံကြီးရသွားတယ်ဗျာ။ အဖြူ Background သုံးတဲ့သူ ၄၇% တောင်ရှိတာ မိုက်တယ်။ ဆက်ရန်ကို မျှော်နေမယ်…………
Jun 5th, 2008 at 9:46 am
@မောင်မျိုး - ဟဲဟဲ ဘောလုံးအသင်းထဲမှာ ကျွန်တော် မပါဘူးဗျ အမှန်က. သွားအားပေးတဲ့ အထဲမှာ ပါတာပါ။
လမ်းကြုံရင် လက်ဘက်ရည် တိုက်မယ်ဗျို့..
_____________________
@heartmuseum - ကိုပြတိုက်ကြီး တစ်ကူးတစ်က လာအားပေးလို့ ကျေးဇူးပါခင်ဗျာ။ ဆက်ရေးဖို့ ကြိုးစားသွားမှာပါ။
Jun 5th, 2008 at 11:55 am
အကိုရေ. လာလည်ပါတယ်။ ကျွန်တော် ရောက်ဖြစ်ပါတယ်။ ခြေရာမချန်မိတာပါ။ comment ကျတော့ ရေးရမှာ ပျင်းပျင်းနေလို့။ post တွေအားလုံး ဗဟုသုတရတယ်ဗျ. စာမေးစရာ ရှိရင်လည်း လာမယ်နော်.
Jun 5th, 2008 at 2:51 pm
ကိုယ် ရှာဖွေ မလေ့လာနိုင်တာတွေကို ခုလို ကိုယ့်ဘာသာစကားနဲ့ ရှင်းရှင်းလင်းလင်း အချိန်တိုအတွင်းမှာ ဖတ်ရ၊ သိရတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ နောက်ပိုင်းတော့ ဟိုဂျာဒီဘားတွေနဲ့ပဲ အလုပ်ရှုပ်ဖြစ်တော့မယ်ထင်ပါတယ်။ ဒါပေမဲ့ ပညာရတဲ့ ဆိုဒ်တွေကိုတော့ အမြဲဖတ်ဖြစ်မှာမို့
စောင့်မော်လျက်
Jun 5th, 2008 at 7:10 pm
@နတ်သျှင်နောင် - လာလည်သွားလို့ ကျေးဇူးပါ ညီလေး.. သိတာမှန်သမျှ ဖြေဖို့အဆင်သင့်ပါပဲဗျာ။:)
)
(အမှန်တော့ ကိုယ့်ကိုကိုယ် ဘာမှကို သေသေချာချာ မသိသေးဘူးလို့ ထင်တာပါပဲ ကွာ.
_____________________________
@အေးချမ်းသူ - လာလည်၊ အားပေး သွားတဲ့ အတွက် ကျေးဇူးပါညီမရေ… အလုပ်ကတော့ ဒီလိုပဲ လူတိုင်း ကိုယ့်အလုပ်နဲ့ကို ရှုပ်နေကြတာပဲ ထင်ပါတယ်။ လုပ်တဲ့ထဲမှာ သူများအတွက် များများပါရင်တော့ ပိုစိတ်ချမ်းသာတာပေါ့.
Jun 5th, 2008 at 11:17 pm
Wow… good job. The next post would be more interesting naw:P By the way, good luck with your exams
:)
Jun 6th, 2008 at 7:31 pm
ဖတ်သွားပါတယ်။ ဒီလို ဗဟုသုတရတဲ့ ပို့စ်တွေ မျှဝေလို့ ကျေးဇူး
Jun 6th, 2008 at 7:57 pm
လာလည်းသွားတာ ကျေးဇူးပါ။
ကျွန်တော်ကတော့ စာရှည်ရှည်ရေးရတာ ၀ါသနာ မပါလို့လား မသိဘူး ကိုဝါသနာပါရာ software, programming နဲ့ game development ကလွဲလို့ ဘယ်လိုမှကို ရေးလို့မရဘူး။ ကိုဝါသနာပါတာကို တောင် ရေးရင်းနဲ့ စာ ၂ ပိုဒ်လောက်ရလာပြီ ဆိုရင် ဆက်ရေးချင်စိတ် ပျောက်ပျောက်သွားတယ်။
http://mmgamedev.blogspot.com/
Jun 6th, 2008 at 8:04 pm
@Apprenticeship - အသေအချာပဲ AP ရေ။ ဒီ့ထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ့် အကြောင်းလေး တွေကို ထပ်ထည့်နိုင်ဖို့ စီစဉ်ထားတယ်ဗျ.
လာလည်၊ ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးပါဗျာ။
_________________________
@နှင်းပွင့်ဖြူလေး - လာအားပေးတာ ကျေးဇူးပါဗျို့..
_________________________
@mmGameDev - ဟုတ်ကဲ့ဗျာ. ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို၊ ကိုယ်ရေးကြတာပါပဲ။ ဒါပေမယ့် mmGameDev ရေးနေတဲ့ ဒီနည်းပညာနဲ့ ဆိုင်တဲ့ ဆောင်းပါးမျိုးတွေက အတော်ရှားရှားပါးပါး ပါပဲဗျာ။ စိတ်ဝင်စားလို့ ဖတ်ချင်ရင်တောင် ကိုယ့်ဘာသာစကားနဲ့ မဟုတ်တော့ ခက်သားလားဗျို့.. ဒီ့ထက်ပိုပြီး ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
Jun 10th, 2008 at 7:12 am
လာမဖတ်ဖြစ်လို့ အပြစ်ရှိသလိုတောင် ခံစားရသလိုပဲ။ =) ကျွန်တော့် reader လေးဒေါင်းနေလို့ ဘာအပ်ပဒိတ်မှ မတွေ့လိုက်ရတာလွတ်သွားသဗျာ။ အတော်ကောင်းတဲ့ပို့စ်ပါပဲ။ နောင်လည်း ဆက်ရေးပါဦး။
Rgds,
WaiPk
Jun 10th, 2008 at 10:44 am
@Wai Phyo - ကိုဝေဖြိုးကတော့ လုပ်ပြီ.
.. ကျေးဇူးပါဗျ. လာအားပေးလို့။ ဆက်ရေးဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ အခုလောလောဆယ် စာမေးပွဲတွေ ရှိနေသေးလို့ နည်းနည်းငြိမ်နေတာဗျို့။
Jun 12th, 2008 at 6:21 pm
လေးမက အထွေထွေ နဲ့  ပါစင်နယ် ထဲပါမယ်ထင်ရဲ့…။
wordpress ဗိုလ်စွဲနေတာဖတ်ရလို့ အလကားနေရင်း ကျေနပ်နေမိတယ်.. ဟိ..။
တော်တော်စုံတဲ့ ပို့စ်ပါ… တကယ် ချီးကျူးပါတယ်…။
Jun 13th, 2008 at 2:42 am
@လေးမ - ဟုတ်ကဲ့ အစ်မ. အစ်မရေးသားထားတဲ့ စာတွေ အရတော့ အခုလောလောဆယ် အဲလိုပဲ ဆုံးဖြတ်ရမယ်ထင်တယ်ဗျို့။
)
WordPress ကတော့ ဟဲဟဲ. WordPress ပဲလေဗျာ.. ဟုတ်ဘူးလား.. (အမှန်က ကျွန်တော်လည်း အစ်မလိုပဲ အလကားနေရင်း ကျေနပ်နေတယ် ဆိုတာကိုပြောတာ.
Jun 13th, 2008 at 11:30 am
မှေ်ဆရာကြီး
ကျနော် ပုံမှန်လာလည်ပါတယ်ဗျာ
မှော်ဆရာရဲ့ Post တွေက အချိန်ယူပြီး ဖတ် ပြီးောတ့ ကလိ၊ ဒီလို လုပ်ရတယ်ဗျ။
သင်ကာ
Jun 16th, 2008 at 12:13 am
@thinker - ဟုတ်ကဲ့ ကိုသင့်ကြီး.
ကျေးဇူးတင်ပါတယ်ဗျာ။ လာလည်တာရော၊ မှတ်ချက်အတွက်ပါ။ အားလုံး အဆင်ပြေပါစေဗျို့.
Jun 16th, 2008 at 2:03 pm
Thanks a lot for your research to post this one.
All the best,
Pinkgold!
Jun 16th, 2008 at 8:36 pm
@Pinkgold- ဟုတ်ကဲ့ လာရောက် ဖတ်ရှု အားပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ။
Jun 17th, 2008 at 5:56 am
ကျွန်တော်ရောက်လာပြီဗျ။ တကယ်တန်ဖိုးရှိတဲ့ နေရာကိုရောက်လာတာပဲဗျို့
Jun 18th, 2008 at 9:06 am
good afternoon. I visiting your home. I sincerely hope that you will succeed.Friendship is a wonderful thing.
Jun 18th, 2008 at 9:13 am
Hello
mglay
good afternoon. I visiting your home. I sincerely hope that you will succeed.Friendship is a wonderful thing.
Jun 18th, 2008 at 10:46 am
@အောင်မျိုးဟန် - ကိုအောင်မျိုးဟန်ရေ. လာလည်အားပေးလို့ ကျေးဇူးအထူးပါခင်ဗျား။

ဆိုဒ် နှစ်ခုလုံးက ကဗျာတွေလည်း လာဖတ်ပြီးပါပြီ။ လာလည်အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
_________________
@manawphyu- အစ်မရေ - လာလည်တဲ့ အတွက် ကျေးဇူး တင်ပါတယ်ခင်ဗျာ။ အစ်မလည်း အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေ။
_________________
@yamin - အစ်မရေ. မနော်ဖြူ ဆိုတာနဲ့ အစ်မနဲ့ က တစ်ယောက်ထဲပဲ လားမသိဘူး။