Archive for May 2008
You are browsing the archives of 2008 May.
You are browsing the archives of 2008 May.
ကျွန်တော့် ဘလော့ဂ်ကို စာဖတ်သူတွေ ဖတ်ရှုရာမှာ ပိုမိုလွယ်ကူ စေရန် အတွက် သော်လည်းကောင်း၊ ရံဖန်ရံခါ မပြောမဆိုလည်း ဒေါင်း၊ ပြောပြောဆိုဆိုလည်း ဒေါင်း တတ်သည့် Byethost Free Host ၏ သင်ခန်းစာ ပေးမှုများမှ ပြီးဆုံးခြင်း ဟူသော…
၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို..
Mozilla ရဲ့ မီးမြေခွေး (၃)၊ စမ်းသပ်ဗားရှင်း အမှတ် ( ၁) [FireFox 3RC-1] ကို အခု ဒေါင်းလုဒ် လုပ် ပြီး စမ်းသပ် သုံးစွဲနိုင်ပါပြီ။ ယခု တစ်ခေါက် ဗားရှင်းမှာတော့…
ဒီနေ့ Stumble Upon ကို ၀င်မွှေရင်း တွေ့လာတဲ့ ဆိုဒ်လေးပါ။ UI (User Interface) ကတော့ အပြင်အဆင်ရော။ လုပ်ထားတာ တွေရော အတော့်ကို သပ်သပ်ရပ်ရပ်နှင့် Creative ဖြစ်ပြီး လန်ထွက်၏။ နောက်ပြီးတော့ သီချင်းတွေကလည်း အားလုံးအတွက် စိတ်ကြိုက်ဖြစ်စေမယ့် ကဏ္ဍအသီးသီးက Top-10 ဆိုတာတွေချည်းပဲ ရွေးပေးထားသည်။ Register လုပ်ပြီးပဲ နားထောင်ထောင်၊ ဒီအတိုင်းပဲ နားထောင်ထောင် ကြိုက်သလို နားထောင် လို့ရမည်။ Register လုပ်ပြီးမှ အသုံးပြုမယ် ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် သီချင်းတွေကို မှတ်သားထားဖို့၊ ကိုယ့်စိတ်ကြိုက် Mood တွေကို မှတ်သားထားဖို့ အခွင့်အရေးတွေ ပါရပါမယ်။ Site က Flash နဲ့ရေးထားတာ ဖြစ်ပေမယ့် အလွန်အမင်းလေးလံမနေပါ။ သာမန် [...]
(၁)
တစ်ခါတစ်ခါ
စိတ်ကူးတွေ အတောင်တပ်လို့
ရောက်ရာ ပေါက်ရာ ပျံသန်းပစ်လိုက်ချင်တယ်
လွတ်လွတ်လပ်လပ် နှင့် ရဲရဲရင့်ရင့်။
(၂)
ခက်တာက..
အထနှေးတိုင်း ခြေထိုးခံကြတော့.
သွေးဆိုးတွေပဲ
ဒီလောကမှာ ကြီးစိုး နေသလား လို့.
အမြင်မှန် သံသယ ၀င်မိတယ်။
(၃)
မြောက်ပြန်လေကတော့
တောင်အရပ်ကို
အစဉ်တစိုက် ဦးတည်ခဲ့တာ အမှန်ပဲ
လူဆိုးလို့ သမုတ်ခံရတဲ့ ကျုပ်မှာသာ
ငါးမရတိုင်း ရေချိုးခွင့် ပါ အပိတ်ခံ ရတယ်လေ။
(၄)
ဆိုးပါတယ်ဗျာ.
ကျုပ်စိတ်ကို ကျုပ်ပဲ
နုတ်နုတ်စင်းလို့
ဖန်တရာတေအောင် လျှော်ပစ်လိုက်တယ်
ပုဆိုးတွေ မဲပြာရောင် ထပ်နေသလားလို့။ ။
တစ်ကယ်တန်းတော့ လူ့ဘ၀ဆိုတာ အရမ်းကို တိုတောင်းလွန်းတဲ့ တဒင်္ဂလေးပါ။ လူ့သက်တမ်း နှစ်ပေါင်း (၆၀ - ၇၀) ဆိုတာ အမှန်တော့ ဘာဆို.. ဘာမှ မကြာလိုက်တဲ့ အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်တော်တို့ နောက်လာမယ့် နှစ်ပေါင်း ၁၀၀ အရောက် ကာလကို တွေးကြည့်မယ် ဆိုပါတော့။ သက္ကရာဇ် ၂၁၀၈ - ခုနှစ်အရောက် . ပထမဆုံး တစ်ခု သေချာတာ ကတော့ အခု ဒီစာ ဖတ်နေတဲ့ ခင်ဗျားရော၊ ရေးသူ ကျွန်တော်ပါ ဒီလူ့လောက ထဲမှာ ရှိကြတော့မှာ မဟုတ်ပါဘူး။ ဒုတိယ တစ်ခုကတော့ ကျုပ်တို့၊ ခင်ဗျားတို့ အကြောင်းတွေကို ဘယ်သူတွေများ၊ ဘယ်လောက် သတိတရ ပြောကြ [...]
“သေခြင်း“ သည် လက်တစ်ကမ်းမှာလော ?
(က)
“သေခြင်း“ အကြောင်းကို လူတော်တော်များများ သိကြသည်။ သက်ရှိ ခန္ဓာကိုယ်၏ ဇီဝ အဖွဲ့အစည်း တစ်ခုလုံး၊ အကြောင်း တစ်စုံတစ်ရာ ကြောင့် အလုပ်လုပ်ဆောင်မှု လုံးဝ ရပ်ဆိုင်းသွားသည့် သဘော။ ထို့နောက်…ထို့နောက် ဘာရှိသလဲ။ ကျွန်တော် မသိသေးပါ။ သေခြင်း၏ နောက် ဘာတွေရှိသလဲ။ သေခြင်း ဆိုသော အရာနှင့် စတင် မိတ်ဆက်ဖူးကတည်းက အကြိမ်ကြိမ် မေးမြန်းဖူးသော မေးခွန်း တစ်ခုဖြစ်၏။ ယခုထိလည်း အဖြေကို တိတိကျကျ မသိသေး။ တစ်ဖက်မှ စဉ်းစားကြည့်လျင် သေခြင်းဆိုသော အရာနှင့် မတွေ့မှီ ထိုအရာ၏ နောက်ဘာတွေ ရှိသလဲ ဆိုသော မေးခွန်း၏ အဖြေကို ရှာဖို့ ကြိုးစားခြင်းသည် ရူးနှမ်းမှု တစ်ခုဟု လက်တွေ့ဝါဒီတို့က [...]