Please Download Unicode Standard Myanmar Fonts To View this Blog!

Archive for April 2008

You are browsing the archives of 2008 April.

နှုတ်ဆက်ပါ၏

အကြောင်းကြောင်း ကြောင့် ကျွန်တော့်ရဲ့ ဘလော့ဂ်ရေးသားခြင်းအား ရပ်နားလိုက်ပါပြီ။ ကူညီခဲ့သူ၊ အားပေးခဲ့သူ၊ လူသိသူသိရော၊ လူမသိသူမသိပါ လာရောက်လည်ပတ်သူ၊ မှတ်ချက်များ ချီးမြှင့်သူများ နှင့် ဆဲဆိုအားပေးသူများ အားလုံး .. အားလုံးကို ကျေးဇူး အထူးတင်ပါတယ် ဆိုတာ အလေးအနက် ပြောကြားလိုပါတယ်။
 ကျွန်တော့် စိတ်ဓာတ်တွေ သန့်ရှင်းရေး လုပ်ပြီးသော တစ်နေ့. ကျွန်တော် ပေးချင်တာ၊ မျှဝေချင်တာတွေ ပြန်လည် မျှဝေဖို့  ဒီနေရာကို (ပြန်လာကောင်း) လာဖြစ်လိမ့်မယ် ဆိုတဲ့ အကြောင်း..။
 အားလုံးကို ကျေးဇူးတင်ပါတယ်။

Google ဆပ်ပြာ၊ ၀န်ဆောင်မှု အသစ်နှင့် နှစ်သစ်လက်ဆောင်

Google ဆပ်ပြာ၊ ၀န်ဆောင်မှု အသစ်နှင့် နှစ်သစ်လက်ဆောင်

မယုံမရှိပါနှင့်။ ပုံကြည့်ရုံနှင့် သိပါ။ တကယ့် ဆပ်ပြာ အစစ်တွေဖြစ်ပါတယ်။ ပြီးတော့ “ဖိုတိုရှော့ပ်” ထားတာတွေ မဟုတ်ပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီက ရုရှားကဖြစ်ပြီး “အသန့်စင်ဆုံး ဆပ်ပြာ” လို့ကြော်ငြာ ထားပါတယ်။

Via. About Blank
ဝန်ဆောင်မှု အသစ်
ဒါထက်. ဒီကိုရောက်လာတဲ့ လူကြီးမင်းတို့ရဲ့ ကွန်ပြူတာ Screen တွေ ဖုန်တက်နေတာ၊ ညစ်ပတ်ပေရေ နေတာများ ရှိခဲ့ရင် အရင်လို ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေး လုပ်နေစရာ မလိုတော့ပါဘူး။ အွန်လိုင်းပေါ်မှာ အခမဲ့ ၀န်ဆောင်မှု ပေးတဲ့ နေရာရှိနေပါပြီ ဆိုတာ သတင်းလက်ဆောင် ပါးချင်ပါတယ်။
ဘယ်ကို သွားရမလဲ ဆိုတော့ ဒီနေရာ ကိုသွားပါ။ လူကြီးမင်းတို့ စိတ်တိုင်းကျ လူကြီးမင်းရဲ့ Computer Screen ကို မပြောင်မချင်း ဖုန်သုတ်ပေးဖို့ [...]

မင်္ဂလာနှစ်သစ်ကူးဖြစ်ပါစေ

Padauk & NewYear

” သိ၍ပဲလာလာ၊ မျက်စိလည် လမ်းမှား၍ပဲ ရောက်ရောက်. ဤဘလော့ဂ် တစ်ခွင်သို့ ကြွရောက်လာကြသူ အပေါင်း မင်္ဂလာနှစ်သစ်မှာ စိတ်ရောကိုယ်ပါ တစ်ထပ်တည်းကျ၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း သုခ အ၀၀ တို့ကို ရရှိနိုင်ကြသည် ဖြစ်ပါစေကုန်။ ”