Please Download Unicode Standard Myanmar Fonts To View this Blog!

Launching of WordPress Myanmar.Com

ဟုတ်ကဲ့ ဒီရက်ပိုင်းအတွင်းမှာ ကျောင်းကိစ္စ အပါအ၀င် ကိုယ်ရေးကိုယ်တာကိစ္စတွေရော၊ ကျန်တဲ့ အမှုကိစ္စလေးတွေနဲ့ရော အလုပ်တွေရှုပ်နေခဲ့ တဲ့ အတွက် ပို့စ်အသစ်ကို ပုံမှန်လို မတင်ဖြစ်တာ အတော် ကြာသွားပါပြီ။ ပို့စ်မတင်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ တစ်ခုသော အကြောင်းအရင်းကတော့ အောက်ပါ ကိစ္စပဲဖြစ်ပါတယ်။

 

WordPress Myanmar.Com ကို ၀ါ့ဒ်ပရက်စ် ဆိုင်ရာ နည်းနာနိဿယများအား မြန်မာဘာသာဖြင့် ပိုမိုဖြန့်ဖြူး ပေးနိုင်ရန်နှင့် ၀ါ့ဒ်ပရက်စ် ဆိုင်ရာ အသုံးချ ဆော့ဖ်ဝဲလ်များအား မြန်မာမှုပြုရေး စသည့် ရည်ရွယ်ချက်များဖြင့် စတင် ဖွင့်လှစ်လိုက်ပါပြီ။

အထက်ပါ ကိုးကားချက်မှာ ရေးထားသလိုပဲ. ၂-ခုသော ရည်ရွယ်ချက်တို့နှင့် WordPressMyanmar ဆိုတဲ့ အသစ်ကျပ်ချွတ် ၀ဘ်ဆိုဒ်တစ်ခုကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ ကျန်တဲ့ ရှည်ရှည်ဝေးဝေး ဆန်းဆန်းပြားပြားတွေ ပြောမနေတော့ပဲ ” အစကောင်းဖို့ကို အစွမ်းကုန် ကြိုးစားခဲ့သကဲ့သို့၊ အနှောင်းသေချာဖို့ အတွက်ကိုလည်း အကောင်းဆုံး လုပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်း ” တစ်ခုတည်းသော စကားနဲ့တင် အထက်ပါဆိုဒ်ကို ဖွင့်လှစ်ကြောင်း ကြေညာရင်း စာဖတ်သူအားလုံးသို့ အသိပေးမိတ်ဆက် ရင်း လှိုက်လှဲဝမ်းမြောက်စွာ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျား။

WordPress Myanmar.Com 

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

18 Responses to “Launching of WordPress Myanmar.Com”

  1. ပထမဆုံးဆိုတော့ ဈေးဦးဖောက်ပေါ့နော်။ အားပေးပါတယ် အစ်ကိုရေ။ ရည်ရွယ်ထားတဲ့အတိုင်းလည်းရှေ့ဆက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်နော်။

  2. မြန်မြန်ဆန်ဆန်ပဲ လာအားပေးသွားလို့ကျေးဇူးအထူးပါ ညီမရေ။ အလေးအနက်ပါပဲ။ :)

  3. ဆိုဒ်ကို ဖတ်လိုက်တယ်။ ပုံသေ ဆိုဒ်တွေလိုမဟုတ်ဘဲ ပို့စ်တင်သလို အသစ်အသစ်တွေ တင်သွားမှာပေါ့နော်။ ဒါ ကိုမှော်ဆရာတစ်ဦးတည်း လုပ်ထားတာလား။ အရမ်းကြိုးစားထားတာ သိပါတယ်။ သေသေချာချာ ဖတ်ရမယ်။ တော်ရုံ ဒီလိုရှင်းပြပေးမယ့်လူ၊ ကိုယ့်ဘာကိုယ် ရှာဖတ်ဖို့ အချိန်တွေအများကြီး ပေးရမှာလေ။ စေတနာကောင်းနဲ့ လုပ်ပေးထားတဲ့ help desk ကိုလည်း ရောက်ဖြစ်တယ်။ ခုတောင် နက်က တအားကျနေတာ။ မနည်းကို ဖွင့်ထားရတာ။ ကျေးဇူး အစ်ကိုရေ…

  4. လာလည်သွားတယ် အကို..
    အရမ်းကို ဂုဏ်ယူစရာနဲ့ နည်းပညာများကို လေ့လာလိုက်စားလို့လည်းကောင်းပါတယ်..
    ကျေးဇူးတင်ပါတယ်..

  5. @ayechanthu- အားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ အားလုံးအတွက် တစ်ကယ် အကျိုးရှိမယ့် ပို့စ်တွေကို သေသေချာချာ ရေးနိုင်အောင် ထပ်ကြိုးစားသွားမှာပါ။ နက်ကျတဲ့ကြားထဲက မရမကလာဖတ်ပေးတဲ့ အတွက်လည်း ထပ်မံပြီး ကျေးဇူးတင်ကြောင်း ပြောကြားရင်း အခက်အခဲကြားက လာရကြိုးနပ်အောင် ပေးနိုင်သမျှ အကောင်းဆုံးတွေကို ပေးသွားဖို့ လုပ်ဆောင်သွားပါမယ် ဆိုတဲ့ အကြောင်း.. :)

    @ကြယ်စင်မင်း- ကြိုဆိုပါတယ်ညီရေ။ အားပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ :)

  6. ဟာ.. မိုက်တယ်။ တော်တော်လေးကို သေသေချာချာ လုပ်ထားတာဘဲ။ လင့်ခ် ထားလိုက်ပြီ။ စိတ်ကူးပေါက်တဲ့ တစ်နေ့တော့ wordpress ပြောင်းဦးမယ်။ :)

  7. @သဉ္ဖာ- ကျေးဇူးပါပဲ မသဉ္ဖာရေ။ ၀ါ့ဒ်ပရက်စ် ကတော့ The Best Around ပါပဲဗျာ။ ပြောင်းလာမယ်ဆိုရင်လည်း အားလုံးက ၀မ်းမြောက်ဝမ်းသာ ၀ိုင်းကြိုဆိုကြမှာပါ။ :)

  8. မိုက်တယ်အကိုရေ ကွန်နက်ရှင်ကျနေတာ ဒီပို့စ်ကိုဖတ်မလို့ကြိုးစားတာ reader မှာတွေ့ပြီးကတည်းကပဲ အခုမှပဲရတော့တယ်။ ကျွန်တော်လည်း wordpress ပြောင်းဖို့ ကြိုးစားလိုက်ဦးမယ်ဗျာ။ အားပေးနေပါတယ်

  9. @Tay Zar- ကြိုဆိုပါတယ် ညီရေ။ အားပေးလို့ ကျေးဇူး။ :)

  10. ကိုမှော်ဆရာရေ ကျွန်တော် အမြဲလာလာချောင်းနေတာဗျ အရမ်းမိုက်တယ် :)

  11. အစဉ်အမြဲကြိုးစားနေတဲ့အတွက် ချီးကျူးပါတယ် ကျောင်းစာအုပ်ရေ…။
    ရည်ရွယ်ချက်အတိုင်း အောင်မြင်ပါစေ…။
    အားပေးလျက်ပါ။

  12. @mtj- ကျေးဇူးကိုသင်္ကြန်ရေ။ လာအားပေးလို့။

    @tutu- ကျေးဇူးတင်ပါတယ် တူးတူးရေ။ အစဉ်တစိုက် အားပေးလာခဲ့လို့။ :)

  13. WP လောက စည်ပင်ဦးတော့မည်။ လူငယ်တွေ လမ်းပွင့်ဦတော့မည်။ ကောင်းလေစွ။
    ကျနော်ကတော့ ၀မ်းပန်းတသာရှိပါသည်။
    အားပေးလျက်

    သင်ကာ

  14. @thinker- မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ် ကိုသင့်ခင်ဗျား။ :)

  15. ကျွန်တော် WP ကိုစိတ်ဝင်စားနေတာ ကြာပြီခင်ဗျ။ အခုလိုမျိုး အချိန်ပေးပြီး စနစ်တကျလေး
    လုပ်ပေးထားတာ ကျေးဇူးတင်တယ်ဗျာ။ ကျွန်တော်လည်း WP လေးတစ်ခုလောက်တော့ဖြင့်
    ရအောင် ကြိုးစားကြည့်အုံးမယ်။ မသိတာတွေ လာလာမေးခွင့်ပြုပါ ခင်ဗျ။

  16. @ရွှေသွေး- ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ် ကိုရွှေသွေးရေ။ ကျွန်တော်သိသလောက် ဖြေပေးသွားဖို့ အသင့်ပါပဲဗျာ။

  17. ကျွန်တော်ကတော့ အသစ်ပါ။ ကျောင်းဆရာရဲ့ စေတနာကို လေးစားသော အားဖြင့် blog စရေးဖို့  ကြိုးစားနေပါတယ်။ အစိမ်းသက်သက်မို့  အကူအညီလိုရင် အားမနာတမ်းတောင်းပါရစေ။

  18. @tayzakyaw - လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် ခင်ဗျာ။ ကျွန်တော်လည်း “ကကြီး” ကနေ စခဲ့ရတဲ့ သူ တစ်ယောက်ပါပဲ။ တတ်နိုင်တာမှန်သမျှ ကူညီပေးသွားဖို့ အဆင်သင့်ပါပဲခင်ဗျာ။

    ကျေးဇူးတင်ပါတယ်. :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>