Wordpress Helpsheets
Wordpress အသုံးပြုသူတွေအနေနဲ့ အရမ်းအသုံးဝင်တဲ့ Helpsheet {Basic ,and Advance} ၂-ခုကို ရှာဖွေတွေ့ရှိလို့ အချိန်မဆိုင်းပဲ ကြားဖြတ်ပို့စ်အနေနဲ့ အမြန်မျှဝေလိုက်ပါတယ်။

ဒီ Helpsheet တွေမှာ Basic နှင့် Advance ဆိုပြီး ၂-ခုရှိတဲ့အနက် Basic ထဲမှာ ဆိုရင် Wordpress Theme တစ်ခုမှာ အခြေခံ အားဖြင့် ပါရမယ့် File တွေ အကြောင်းနှင့် အခြေခံ အကျဆုံး Wordpress ဆိုင်ရာ PHP Snippets များ ကို အပိုင်းလိုက် အလွယ်တစ်ကူသိရှိစိမ့်သောငှာ ရှင်းလင်းထားပြီး၊ Advance မှာဆိုရင်တော့ ပိုမို Advance ဖြစ်တဲ့ Styling ဆိုင်ရာတွေ၊ Dynamic Page Commands တွေ၊ Content ဆိုင်ရာတွေ ကို အိတ်ဆောင်စာအုပ်ငယ်လေးသဖွယ် တိုတိုနှင့် ထိထိမိမိရှင်းလင်းထားတာကို ထပ်မံတွေ့ရှိရပါမယ်။
Helpsheet တွေကို ဒီအောက်မှာ အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်နိုင်ပါတယ်။ ဖန်တီး ရေးသားသူရဲ့ အာဘော်နဲ့ အသေးစိတ် အချက်အလက်တွေကို သိရှိနိုင်ဖို့ Homepage တွေကိုသွားပါ။














