Please Download Unicode Standard Myanmar Fonts To View this Blog!

Downtime of Byethost.Com {Free Hosting For MMWP users}?

မြန်မာ Blogger တွေတော်တော်များများ WordPress တင် Run ထားကြတဲ့ Byethost.Com ကြီးမှာ Error တစ်ခုခုရှိနေပြီ ဆိုတာ လွန်ခဲ့တဲ့ (၃) ရက်လောက် ကတည်းက သတိထား မိခဲ့ပါတယ်။ စာမေးပွဲနှင့်တကွ အခြား အကြောင်းကြောင်း တွေကြောင့် ဇစ်မြစ်ကို သေချာ မစုံစမ်းခဲ့မိပါဘူး။ ဒီနေ့ ကျွန်တော့် Mail Box ထဲကို Mail တစ်စောင် ရောက်လာတဲ့ အချိန်မှပဲ ဘာကြောင့်လဲ၊ ဘာလုပ်ရမလဲ ဆိုတာကို သေသေချာချာသိ ခဲ့ရပါတယ်။ ရောက်လာတာကတော့ အောက်ပါမေးလ် ဖြစ်ပါတယ်။ ကျွန်တော့်လိုပဲ WP ကို FreeHost (Byethost.Com,PHPnet.US) စသဖြင့်တစ်ခုခုမှာ တင် Run ထားကြတဲ့ သူများလည်း အောက်ပါကဲ့သို့ပင် မေးလ်တစ်စောင် ရကြလိမ့်မယ် လို့ထင်ပါတယ်။

Hi there,

We are in the process of adding 14 new servers to our MySQL Grid.

The new hardware will considerably increase the speed of the free hosting service and make your website much faster!

We need you to change the ‘MySQL host’ in your scripts configuration files to:

sql102.byethost13.com

Scripts use different names for the configuration files, please look for:

config.php

configuration.php

Settings.php

db.inc.php

(or similiar)

Edit this file and locate the MySQL host name and change it to the new host name stated above.

If you have any problems please make a support ticket using the link in your control panel and we will be happy to assist you.

Best regards

အထက်ပါမေးလ် ရောက်ရှိလာတာနဲ့ တပြိုင်နက် ကျွန်တော်လည်း လုပ်လက်စ အလုပ်ကို ဘေးချလို့ Cpanel ကို ၀င်ကြည့်လိုက်တဲ့ အချိန်မှာ ပိုမိုသေချာစေတဲ့ အောက်ပါ သတိပေးချက်ကို ထပ်မံ တွေ့ရှိရပါတယ်။

Downtime of Byethost.com? [ Click Image to View Full Size ]

မေးလ် ရောက်ရောက်လာချင်းကို ကျွန်တော့် အနေနဲ့ သံသယရှိဆဲပါ။ ဒါပေမယ့်လည်း Cpanel မှာပင်ထပ်မံ သတိပေးချက်ကို ရေးသားထားမှုအရ မေးလ်ထဲက ညွန်ကြားချက်အတိုင်း ကျွန်တော် လိုက်လံ လုပ်ဆောင်ဖို့ ယတိပြတ်ဆုံးဖြတ်လိုက်ပါတယ်။

လုပ်နည်းကတော့ သူပြောထားသလိုပဲ မိမိ Cpanel ကတစ်ဆင့် Filemanager ကို သွားပြီးသကာလ မိမိရဲ့ လက်ရှိ WP အသုံးပြုနေတဲ့ Htdocs Folder ထဲမှ wp-config File ထဲရှိ sql Server Name ကို ပေးထားတဲ့ နာမည်ကို ပြောင်းပေး၊ ပြီးတာနဲ့ ၎င်း Config File ကို Upload ပြန်လုပ်လိုက်ရုံပဲဖြစ်ပါတယ်။ အခြား၊ အထွေအထူးပြဿနာမရှိပါ။ ၎င်း Config File ကို Sql Server Name အသစ်ပြောင်းပြီး ပြန်တင်လိုက်တာနဲ့ တပြိုင်နက် အားလုံးဟာ ယခင်အတိုင်း ချောချောမွေ့မွေ့ပဲ အလုပ်လုပ်တာကို တွေ့ရပါလိမ့်မယ်။

တစ်ကယ်လို့ များ စာဖတ်သူတို့ ဒီဆိုဒ်ကို ၀င်လာရာ လမ်းတစ်လျောက် အမှားအယွင်း တစ်စုံတစ်ခု တွေ့ခဲ့ရရင်လည်း အဲဒီအကြောင်းကို မှတ်ချက်ကဏ္ဍမှာ စာတစ်လုံး၊ တစ်ပါဒ မျှဖြစ်စေ ကျွန်တော့်ကို အသိပေးတဲ့ အနေနဲ့ ရေးသားပေးသွားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။

အားလုံးပဲ ငြိမ်းချမ်းကြစေသော်ဝ်!

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

11 Responses to “Downtime of Byethost.Com {Free Hosting For MMWP users}?”

  1. လေးမက Cpanel မှာကို log in လုပ်လို့မရတော့တာ…။ password ပြန်ပြောင်း..ပြန်ဝင်လဲ ၀င်လို့မရတော့ဘူး..။ ဘာမှလည်းပြင်လို့မရ..။ အရမ်းလေတယ်..။

  2. support ticket တစ်ခု create လုပ်လိုက်တာ…
    အခုဝင်ကြည့်တော့ wp-config.php မှာ
    define(’DB_HOST’, ’sql102.byethost13.com’); လို့ပေါ်နေတာတွေ့ရတယ်..။ ၀င်လို့လဲရသွားတယ်..။ အိုကေ သွားပြီလားမသိဘူးနော်..။ ပြောင်းစရာမလိုတော့ဘူးပေါ့နော်..။

  3. @လေးမ - ဟုတ်တယ်လေးမရေ- အခုလေးမရဲ့ နောက်ဆုံး Comment အရဆိုရင်တော့ အိုကေသွားပါပြီ။
    လေးမဆီမှာလည်း ကျွန်တော့်လိုပဲ မေးလ် တစ်စောင်ရောက်နေမယ်ထင်ပါတယ်။ အဲဒီမေးလ် ရဲ့ နောက်ဆုံး အပိုဒ်မှာ ဒီလိုရေးသားချက်အရဆိုရင် လေးမ လုပ်တာ အရမ်းမှန်သွားပါပြီ။ ပြီးတော့ အားလုံးလဲအိုကေ သွားပြီလို့ ပြောလို့ရပါတယ်။

    If you have any problems please make a support ticket using the link in your control panel and we will be happy to assist you.

    ကျွန်တော့်ဆီမှာတော့ ကိုယ်တိုင် config.php ကို ဒေါင်းလုဒ် လုပ်ပြီး ပြောင်းလိုက်မှ အိုကေသွားတယ် ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အရင်ပေးထားတဲ့ MySql Server ချင်း မတူကြလို့ ဖြစ်မယ်ထင်ပါတယ်။

    ပြီးတော့ အခုပြဿနာဖြစ်တယ် ဆိုတာကလည်း သူတို့ရဲ့ စာပါအရ My SQL Server အသစ် ၁၄ လုံးကို ပေါင်းထည့်နေလို့ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်သတိထားမိသလောက်တော့ ဆိုဒ်က အရင်ထက် အနည်းငယ်တော့ ပိုပေါ့သွားပါတယ်။ (၃-ရက်လောက် လေးနေတာ တွေ့ပြီး ပုံမှန်အတိုင်းပြန်ရသွားလို့ ပေါ့တယ်လို့ ထင်သွားသလား ဘာလားတော့ မသိဘူးဗျာ။ :D ) အခု ကျွန်တော် ၀င်ကြည့်ရသလောက်တော့ လေးမ အိမ်လည်း အားလုံး အိုကေနေပါပြီ။ လေးမလည်း နည်းနည်းလောက် သတိထား ကြည့်လိုက်ပေါ့။ အရင်နဲ့ ဘယ်လိုနေသလဲဆိုတာ သိရအောင်။

  4. ကိုမှော်ဆရာရေ ကျနော့်ဟာ sql server address ကိုချိန်းလို့မရဘူးဗျ။ cpanel မှာ sql112 ကိုချိန်းပါပြောတယ်။ ချိန်းလိုက်ရင် wp အလုပ်မလုပ်တော့ဘူး အရင် sql3 နဲ့ ဘာမှ မပြင်ပဲ ထားရင်တော့ အလုပ်လုပ်တယ်။ ကြောက်ကြောက်နဲ့ backup လုပ်ပြီး ဒီတိုင်းဆက်သုံးနေရတယ်။ အကြံပေးပါအုံး။

  5. @mtj- ကိုသင်္ကြန်ရေ- ကိုသင်္ကြန့် Comment အရတော့ Byethost.COM ကနေ ကိုသင်္ကြန့်ဆီကို အီးမေးလ် တစ်စောင်မှ ရောက်မလာ သေးဘူးထင်တယ်။ ဒါပေမယ့် အီးမေးလ် ရောက်မလာလဲ သိပ်တော့ ကိစ္စမရှိသေးပါဘူး။ ကိုသင်္ကြန်ရဲ့ Cpanel မှာ ကိုသင်္ကြန်ရဲ့ MySQL နဲ့ သက်ဆိုင်တဲ့ ညွှန်ကြားချက် ပေးထားမှာပဲ။ ကိုသင်္ကြန်ပြောတဲ့ အတိုင်းဆိုရင် sql112 ကို ပြောင်းရမှာပေါ့။ အဲဒါပြောင်းလိုက်ရင် အိုကေရမယ်ကိုသင်္ကြန်ရ။

    အခုက ကိုသင်္ကြန်မှာ ပြဿနာတက်နေတယ်ဆိုတော့.. ကျွန်တော့် အနေနဲ့ ကိုသင်္ကြန့် ကိုပြန်စစ်ကြည့်ဖို့ အကြံပေးချင်တာက-

    (၁) ကိုသင်္ကြန် အခု WP အသုံးပြုနေတဲ့ Byethost.COM မှာ Register လုပ်ခဲ့တဲ့ Email ကို Byethost က ပို့ထားတဲ့ အီးမေးလ် တစ်စောင်ရောက်နေမနေ ပြန်စစ်ကြည့်ဖို့။ (ရောက်နေခဲ့ ရင် အဲဒီမှာ ပါတဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်လုပ်ပေးဖို့။ Command Line တွေမှာ စာလုံး အကျ၊ အပေါက်တွေ ပြန်စစ်ဖို့။ e.g. ” “, database name, password)

    (၂) အကယ်၍ ဘာ အီးမေးလ်မှ မရောက်ခဲ့ဘူးဆိုရင် Cpanel မှာ ရှိတဲ့ ပေးထားတဲ့ Support Ticket သို့ Link တစ်ခုခုမှာ ကိုသင်္ကြန်ရဲ့ Database ကို Upgrade လုပ်ဖို့ ပေးထားတဲ့ ညွှန်ကြားချက်ကို တစ်ဆင့်ချင်း သေသေချာချာ နဲ့ ပြန်လုပ်ဖို့ ။

    (၃) နောက် အရေးအကြီးဆုံး အချက်ကတော့ ဘယ်က ညွှန်ကြားချက်အရပဲ လုပ်လုပ်၊ အဲဒီ ပြောင်းလဲမှု ၊ ဒါမမဟုတ် ပြုပြင်မှု တစ်ခုလုပ်တဲ့ နေရာဟာ ကိုသင်္ကြန် လက်ရှိသုံးနေတဲ့ Domain Name နဲ့ တည်ဆောက်ထားတဲ့ Htdocs Folder အတွင်းမှာပဲ ဖြစ်ရပါမယ်။ Cpanel ညွန်ကြားချက် အရ လုပ်တယ်ဆိုရင်လည်း အဲဒီ Ticket သို့ Link တစ်ခုရဲ့ နောက်ဆုံး အဆုံးသတ် လုပ်ဆောင်မှု အကျိုးသက် ရောက်ခြင်းဟာ ကိုသင်္ကြန် လက်ရှိအသုံးပြုနေတဲ့ SMSY.IBLOGGER.ORG Foler ထဲမှာ အပြီးသတ်ရဲ့လား ဆိုတာ ပြန်စစ်ဆေးသင့်ပါတယ်။

    ကျွန်တော်လည်း အရင်ယူဆမိတာက မူလ Folder ကြီး [yourname.byethost.com] အတွင်း မှာပဲ ပြောင်းဖို့လိုမယ် လို့ထင်မှတ်ခဲ့မိတာပါ။ ဒါပေမယ့် တစ်ကယ်တန်းကျတော့ ယခင်က My SQL Server တစ်လုံးထဲပေါ်မှာ WP Blog နှစ်ခု Run ထားခဲ့တယ်ဆိုရင် အဲဒီ WP Blog Folder ပါဝင်တဲ့ Sub Domain ဖြစ်စေ၊ Main Domain ဖြစ်စေ နှစ်ခုလုံးရဲ့ Config.php File တွေမှာ ပြောင်းခိုင်းတဲ့ SQL Server အသစ် နာမည်ကို ပြောင်းပေးဖို့ လိုပါတယ်။

    (၄) နောက်ဆုံး Personally အကြံပေးချင်တာကတော့ ဘာတွေ မှအဆင်မပြေဘူးဆိုရင် အရင် Sql3 နဲ့ WP ကိုပြန်ဝင်၊ ကိုယ့်ရဲ့ ပို့စ်တွေကို Export နဲ့ Backup လုပ်၊ နောက် File Manager သို့ FTP software တစ်ခုခုနဲ့ ကိုသင်္ကြန်ရဲ့ လက်ရှိ WP Folder ကို ဒေါင်းလုဒ်ချ၊ Backup လုပ်ထားပြီးတာနဲ့ အခုကိုသင်္ကြန်လည်း ဘယ် SQL Server ကို ပြောင်းရမယ်ဆိုတာ သိပြီးတဲ့ နောက် SMSY.IBLOGGER.ORG Htdocs Folder ထဲက config.php ကို ဒေါင်းလုဒ်လုပ်၊ နောက် အဲဒီဖိုင်ကို လုံးဝ ရှင်းတဲ့ အနေနဲ့ Delete လုပ်၊ ဒေါင်းလုဒ်လုပ်ထားတဲ့ config.php မှာ ကိုသင်္ကြန်ရဲ့ ပြောင်းရမဲ့ My SQL Server အသစ်ထပ်ထည့်ပြီး Fresh Upload ပြန်လုပ်ကြည့်ဖို့ ဥာဏ်မှီသလောက် စဉ်းစားပြီး လေးစားစွာ နဲ့ တတ်နိုင်သလောက် အကြံပေးလိုက် ရကြောင်းပါ ကိုသင်္ကြန်ခင်ဗျား။

    အဆင်မပြေသေးခဲ့ရင်လည်း ထပ်မံပြီး ၀ိုင်းဝန်းစဉ်းစားကြတာပေါ့ ခင်ဗျာ။ :D

    အောင်မြင်ပါစေ။

  6. ကျေးဇူးပါ မှော်ဆရာရေ
    အီးမေးလ်က ရတယ်ဗျ။ ရရချင်း လုပ်တာ။ မှော်ဆရာ အကြံပေးတာ ဖတ်ကြည့်တော့ ကျနော်က sql data base တစ်ခုတည်းမှာ ဘလော့ဂ် 5 ခုလောက်လုပ်ထားတာကိုးဗျ။ မဟုတ်မှ လွဲရော ဘလော့ဂ်အားလုံးကို မချိန်းမိလို့လား မသိဘူး။ လုပ်လို့မရတာနဲ့ဗျာ backup အကုန်လုပ်ပြီး အားလုံးဖျက် အသစ်ပြန်လုပ်ပစ် လိုက်တယ် အေးရော :)

  7. ဟဲ…နောက်ဆို ဒုက္ခရောက်ရင် အကူညီတောင်းရမဲ့ လူတစ်ယောက်တိုးလာပြီ..။ တောင်းမယ်နော်..။

  8. @mtj - အဲဒါလည်း ရှင်းတာပဲ ကိုသင်္ကြန်ရေ။ ပြတ်ပြတ်သားသားပဲ။ ဟဲဟဲ. လက်ပိုယဉ်သွားတာပေါ့။ :D

    @layma - ကောင်းပါပြီဗျာ။ ကူညီနိုင်တာမှန်သမျှ ကူညီဖို့ ၀န်မလေးပါဘူး။ အဆင်ပြေသွားရင် ၀မ်းသာရတာပေါ့ဗျာ။ :)

  9. ကို မှော်ဆရာရေ
    ကျနော်က ပြောင်းရကောင်းမှန်းမသိ။ ဒီပို့စ်ကို ကိုသင်္ကြန်လာလက်တို့တော့မှ ချက်ချင်းထလုပ်ဖြစ်တယ်။ လုပ်လည်းပြီးရော အားလုံး အိုကေပြတယ်။

    ဒါပေမယ့် ပို့စ်လည်းတင်ရော ပထမတစ်ခုမှာ အိုကေပြီး၊ ဒုတိယတစ်ခုကစပြီး Read More က အလုပ်မလုပ်တော့ဘူး။ Read More ကို ကလစ်ရင် အောက်ကပို့စ်ကို ပြန်ပြန်ချိတ်သွားတယ်။
    ဘယ်လိုမှ လုပ်မရ။

    ဒါနဲ့ပဲ စိတ်ပေါက်ပေါက်နဲ့ ကိုသင်္ကြန်ကို လှမ်းမေး။ Backup လုပ်၊ အဟောင်းကို ဖျက်ချပြီး အရင် Phpnet ကနေ bythost ပြောင်းချခဲ့တယ်။ အေးရော။

    ဒီမှာတော့ အိုကေတယ်။ ပြင်ဆင်စရာလေးတွေတော့ရှိနေသေးတာပေါ့ဗျာ။
    တန်းပလိပ် အသစ်တွေလည်း ကြည့်သွားတယ်။

    WP ပြဿနာတွေကို ဦးဆောင်ရှင်းပေးတာ ကျေးဇူးပဲခင်ဗျ။

    သင်ကာ

  10. @thinker - ဟုတ်တယ် ကိုသင့်ရေ- ကျွန်တော်လည်း ကိုသင့်ကို ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ၊ ကိုသင့်လည်း အလုပ်တွေရှုပ်နေတယ်ထင်လို့လေ။ Byethost မှာတော့ PHP.net လို Ads တွေရန်က ကင်းတာပေါ့ဗျာ။ ကောင်းပါတယ် ကိုသင့် အခုလိုပြောင်းလိုက်တော့လည်း။ အားလုံးအဆင်ပြေပါစေဗျာ။ :)

  11. [...] အတွက် သော်လည်းကောင်း၊ ရံဖန်ရံခါ မပြောမဆိုလည်း ဒေါင်း၊ ပြောပြောဆိုဆ

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>