Please Download Unicode Standard Myanmar Fonts To View this Blog!

Blogger In Draft { Updated! }

Blogger Draft နောက်တစ်ခေါက်ပြန်လာပါပြီ။ အရင်ကထက် Feature တွေပိုစုံလာတယ်။ နောက် ဘော်ဒါ ဟောင်းကြီး Blogger.Com ကိုအမြဲသုံးနေရတာ ကြာလို့ ငြီးငွေ့လာတဲ့သူတွေ အတွက်လည်း ပြောင်းအသုံးပြုလို့ရတာပေါ့။ ကျွန်တော်လည်း အမှန်အတိုင်းပြောရရင် Draft ကို Beta ထက်ပိုကြိုက်တယ်ဗျ။ သုံးရတာ ပေါ့တယ်။ Design တွေလန်းတယ်။

ဒါနဲ့ အခုအသစ်တစ်ဖန် ပြန် Launch လုပ်လိုက်တဲ့ Draft ကိုလေ့လာကြည့်တော့ အောက်ပါအချက်တွေကို (အပြည့်အစုံတော့ မဟုတ်နိုင်သေး.. ကျွန်တော်သတိထားမိ သမျှသာ) Major Update တွေအဖြစ်တွေ့ရတယ်ဗျို့။

(က) Blogger 3.0 Rounder Template များထည့်သွင်းပေးထားခြင်း {Template အပိုင်းမှာထည့်ထားတာဗျ}

(ခ) အသုံးဝင်တဲ့ Special Widget တွေ အလွယ်တစ်ကူ အသုံးပြုလို့ရအောင် ထပ်မံဖြည့်စွက်ထားခြင်း { Google Gadgets,Search Box,Pool & Slide Show or Photo Album စသဖြင့်..}

ကျွန်တော် ရေကြည့်တာ စုစုပေါင်း Widget -၁၉ ခုအထိရှိပါတယ်။ Blogger Beta မှာတောင် ၁၆-ခုပဲပါတယ်။ အဲဒီထဲက ကျွန်တော့်စိတ်ကြိုက် Widget တစ်ခုကိုပြပါဆိုရင် ”Subscription Links” ဆိုတဲ့ Widget ကိုပြရမှာပဲ။ အရင်က ကိုယ့် Blog လာလည်သူတွေ စိတ်ကြိုက် Reader တစ်ခုခုနဲ့ ဖတ်နိုင်ဖို့အရေး၊ ကိုယ်တိုင်ရှာကြံလုပ်ကိုင်ပြီး ဒီ Widget ရအောင်လုပ်ခဲ့ရတာလေ။ အခုတော့ လွယ်မှလွယ်။ 1 Click & 2 Done! ပဲ။

(ဂ)နောက်ထပ် အကောင်းဆုံး Feature တစ်ခုကတော့ OpenID ပါပဲ။ မှန်ပါတယ်။ အခုဆိုရင် Blogger ရဲ့ Beta မှာမရသေးတဲ့ ဒီ Feature OpenID ကို Blogger Draft မှာရရှိနေပါပြီ။ OpenID အသုံးပြုခြင်းဖြင့် မည်သည့်ဘလော့မဆို (Google Account မရှိသော်ငြားလည်း) ခင်ဗျား Comment ၀င်ရေးလို့ရပါပြီ။
ဒါဟာ Blogger တွေတင်မက Reader တွေအတွက်ပါ အရမ်းကို အဆင်ပြေ၊ အသုံးကျလွန်းတဲ့ Feature တစ်ခုပါ။ ဒီ Feature (Wordpress မှာတော့ရတာ ကြာပါပြီ) ရရှိလာခြင်းဖြင့် မည်သူမဆို Knowledge ပိုင်းဆိုင်ရာတွေ ကိုလွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်ရရှိစေပါတယ်။

{OpenID အကြောင်းသိဖို့နဲ့ ကိုယ်ပိုင် OpenID တစ်ခုရယူဖို့အတွက် {ဒီနေရာ} ကိုသွားပါ။}

******************************************************

Blogger in Draft ၏ နောက်ဆက်တွဲသတင်း

အဲဒီ Blogger in Draft က Subscription Links Widget ကို ကျွန်တော် အတော်ကြိုက်တယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီ့ထက်ကြိုက်တာတစ်ခု ထပ်တွေ့လို့ အချိန်မဆိုင်းပဲ ရောင်းရင်းများကို အမြန်မျှဝေလိုက်ပါတယ်။ Blogger in Draft ရဲ့ Page Element စာမျက်နှာမှာ Search Box ထည့်လို့ရတဲ့ Feature တစ်ခုပါတယ်ဆိုတာ အပေါ်ကပို့စ်ကို ဖတ်ခဲ့ရင်သိပြီးဖြစ်မှာပါ။ အပေါ်ကပို့စ် ကို ရေးပြီးတဲ့ အထိကျွန်တော်လည်း သာမန်လောက်ပဲသဘောထားခဲ့တာပါ။ အခု ကျောင်းက ပြန်ရောက်၊ ဟိုဟိုဒီဒီကြည့်ရင်းနဲ့ Blogger HelpDesk မှာ Search Box လေး တစ်ခုလောက်ထည့်ထားရင် လာရောက် ရှာဖွေသူတွေအတွက် အတော်အဆင်ပြေမယ် လို့တွေးပြီး တဆက်တည်း Blogger in Draft ကို ပြေးသတိရလိုက်ပါတယ်။

ဒီလိုနဲ့ Page Element စာမျက်နှာက တဆင့် Search Box ကို ကျွန်တော် ထည့်လိုက်ပါတယ်။ ၎င်းကိုထည့်တဲ့ အချိန်မှာ ရှာဖွေစေချင်တဲ့ နေရာတွေကို သူက Tick လုပ်ခိုင်းပါတယ်။ ပထမ- မိမိဘလော့ဂ် အတွင်း၊ နောက် မိမိဘလော့ဂ်မှာ လင့်ခ်တွဲထားတဲ့ ဆိုဒ်များအတွင်း၊ နောက်ဆုံးတော့ The Web(Internet) အတွင်းပေါ့ဗျာ။ ကိုယ်ရှာစေချင်တဲ့ နေရာတွေကို Tick လုပ်လိုက်ရုံပါပဲ။ မရှာစေချင်တဲ့ နေရာတော့ ချန်ထားခဲ့ပေါ့ဗျာ။ Search Box ထည့်ပြီးတဲ့အထိလည်း သိပ်ထွေထွေးထူးထူး တွေ့ရလိမ့်မယ်လို့ မမျှော်လင့်မိသေးပါဘူး။ ဘာလို့လည်း ဆိုတော့ အရင်ကတည်းကလည်း ကျွန်တော်တို့ Google ရဲ့ Search Engine ကို ကိုယ်ပိုင် Custom လုပ်လို့တစ်မျိုး၊ မူရင်းအတိုင်း Gadgets များမှတသွယ် အမျိုးမျိုးထည့်ခဲ့ကြပြီး ရှာဖွေလို့ရသမျှဟာလည်း Google မှာရှာသလိုပဲ ၀ဘ်ပေ့ခ်ျတစ်ခုလုံးနဲ့ {New Tab မှာ(သို့)မူရင်းစာမျက်နှာအတွင်းမှာ} ပြသလေ့ရှိပါတယ်။

သို့သော်..သို့သော်ပေါ့.. အခု Blogger in Draft မှာသုံးထားတဲ့ Search Box Widget ကတော့ဖြင့် တစ်မူထူးတယ်ခင်ဗျ။ မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ ကြိုက်ရာတစ်ခုခုကို ရိုက်နှိပ်ရှာဖွေလိုက်တာနဲ့ မိမိဘလော့ဂ်စာမျက်နှာရဲ့ နောက်ဆုံးပို့စ် အထက်မှာ Dynamic HTML Page အဖြစ်နဲ့ အောက်ပါအတိုင်းပြသပေးတယ်ခင်ဗျ။ Page Loading မရှိပဲ AJAX Technology နဲ့ထည့်ပေးထားတယ်ဗျို့။ ရှာဖွေလို့ရသမျှ Results တွေကလည်း အတော့်ကို တိတိကျကျ ဖြစ်အောင်ရှာဖွေပေးထားတာကို တွေ့ရတယ်ဗျ။ ကျွန်တော်က ကျွန်တော့် ဘလော့ဂ်၊ လင့်ခ်တွဲထားတဲ့ ဘလော့ဂ်တွေ၊ ဆိုဒ်တွေ နှင့် နောက်ဆုံး အင်တာနက် ဆိုပြီး ရှာဖွေဖို့ Tick လုပ်ခဲ့တဲ့အတွက် ရှာဖွေလို့ရတဲ့ Results တွေကို Tab သုံးခုနှင့် ပြသပေးထားတာကို တွေ့ရမှာပါ။ မြန်မာလိုလည်း တိတိကျကျ ရှာဖွေပေးတာတွေ့ရတော့ မြန်မာ ဘလော့ဂ်ဂါတွေအတွက် Special ပဲပေါ့ဗျာ။ ကိုယ့်ဘလော့ဂ်မှာ ကဏ္ဍအသီးသီးက မြန်မာဘလော့ဂ်တွေနှင့် အခြား Resources တွေ များများလင့်ခ်ထားလေလေ၊ ကိုယ့်ရဲ့ Search Results များများနဲ့ တိတိကျကျ ပေါ်လေလေပါပဲ။ ၎င်း Widget လေးကတော့ ဒီနေ့အတွက် နှင့် ကျွန်တော့်အတွက် စိတ်ကျေနပ်စရာအကောင်းဆုံး အရာတစ်ခုပါပဲ။

Blogger in Draft နှင့် Blogger Beta တွင် Widget များထည့်သွင်းနည်း

BLogger မှာ Widget တစ်ခုကို ဘယ်လိုထည့်ရမယ်ဆိုတာ သိပြီးသားသူများ အတွက်ကတော့ ဒီအဆင့်မှာတင် ပြီးသွားပါပြီ။ အခုဆက်ရေးမှာက ၎င်း Widget တွေကို မိမိဘလော့ဂ် အတွင်းသို့ ဘယ်လိုထည့်ရမယ်ဆိုတာ မသိသေးသူများအတွက် ထပ်ဆောင်းရှင်းလင်းချက် သဘောမျိုး ဖြစ်ပါတယ်။ ၎င်းနည်းလမ်းများအတိုင်း နောက်များမှာလည်း မိမိနှစ်သက်ရာ Widget တွေကို အလွယ်တစ်ကူ ထည့်သွင်းလို့ရစေပါမယ်။

(က) အထက်ပါ Widget ကိုထည့်သွင်းရန်အတွက် Blogger in Draft မှတဆင့် မိမိ၏ Google Account ဖြင့် Blogger Dashboard သို့ ၀င်ရောက်ပါ။ Dashboard တွင် Posts,Setting,Layout ဆိုပြီး သုံးမျိုးရှိတဲ့အနက် Layout ကိုကလစ်ပါ။

Template Tab အောက်ရှိ Page Element Sub Tab သို့ တိုက်ရိုက် ရောက်သွားတာကို တွေ့ရပါမယ်။ ၎င်းစာမျက်နှာကို ရောက်ပြီဆိုလျင် Search Engine Widget ကို မိမိထည့်လိုတဲ့နေရာမှာ ရှိတဲ့ Page Element တွေအပေါ်က “Add a page element ” ဆိုတာကို ထပ်ကလစ်ပါ။

အောက်ပါအတိုင်းပေါ်လာလျင် မိမိထည့်လိုသော Widget အမျိုးအစားကိုရွေးပါ။ အခု ကျွန်တော်တို့က Search Box ထည့်မှာဖြစ်တဲ့ အတွက် ၎င်းကိုရွေးချယ်ပါမယ်။ Add to Blog ကို ကလစ်ပါ။

အောက်ပါအတိုင်း ၀င်းဒိုး အသစ်တစ်ခုတက်လာပြီး Configure Search Box လို့ပေါ်လာရင် မိမိရှာဖွေစေလိုတဲ့ နေရာတွေကို Tick လုပ်ပေးပါ။ မရှာစေချင်တဲ့နေရာကို ချန်ခဲ့လို့ရပါတယ်။ အားလုံးပြီးပြီဆိုတာနဲ့ “Save Change” ကိုကလစ်ပါ။

အထက်ပါအဆင့်ပြီးသွားတာနဲ့ မိမိဘလော့ဂ် ကို View Blog ကနေတဆင့် New Tab နဲ့ဖွင့်ပြီးကြည့်ပါ။ မိမိ Widget ကို နေရာအပြောင်းအရွေ့လုပ်ချင်တယ်ဆိုရင် စောစောက Page Element စာမျက်နှာကိုပြန်သွားပြီး ထည့်ထားတဲ့ Widget ပေါ်မှာကလစ်လုပ်ကာ Drag and Drop လုပ်ခြင်းဖြင့် အလွယ်တစ်ကူ ပြောင်းရွေ့လို့ရပါတယ်။ အားလုံးစိတ်ကြိုက် ဖြစ်ပြီဆိုရင် အောက်က ပြထားတဲ့နေရာမှာ “Save” ကို ကလစ်လုပ်ခြင်းဖြင့် ပြီးဆုံးပါပြီ။

Widget အသစ်များဖြင့် ပျော်ရွှင်လှပ၊ ဘလောဂ့်နိုင်ကြစေ ကုန်သတည်း။

Technorati Tags: | | | | |

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

Related Headlines

    None Found

4 Responses to “Blogger In Draft { Updated! }”

  1. ကိုမှော်ရေ.. Blogger In Draft { Updated! } ကိုလုပ်ပုံလုပ်နည်းလေးမသိလို့ လုပ်မတ်ဘူးဗျ.. ပြောပြပါအုံး.. သွင်းပုံသွင်းနည်းလေးပေါ့လေ… အခုက ကျနော်နားမလည်ဘူးဗျ…

    လေးစားစွာဖြင့်

    ပြည့်စုံ

  2. @Pyae Sone- ကိုပြည့်စုံရေ. Blogger ကို LogIn ၀င်တဲ့ အခါ၊ ရိုးရိုး http://www.blogger.com ကနေ မ၀င်ပဲ http://draft.blogger.com/ ကနေ၀င်လိုက်ရင် ကျွန်တော် အပေါ်မှာ ပြောထားသလိုပဲ အားလုံးကို အလွယ်တစ်ကူ လုပ်လို့ရပါလိမ့်မယ်ခင်ဗျာ။ လုပ်ချင်တာတစ်ခုစီကို ကျွန်တော် ရေးထားတွေကို သေချာဖတ်ပြီး လုပ်သွားရင် အားလုံး အဆင်ပြေသွားမှာပါ။ ပြောခဲ့သလိုပဲ အရေး အကြီးဆုံးကတော့ ကိုယ့်ဘလော့ဂ်ကို LogIn ၀င်တဲ့ အခါ ခါတိုင်း လင့်ခ် ကနေမ၀င်ပဲ http://draft.blogger.com/ ဆိုတဲ့ နေရာကနေ၀င်ဖို့ပါပဲ။ ကျန်တာအားလုံး Blogger.com မှာလိုပဲ ပြောင်းလဲမှု မရှိပါဘူး.

  3. [...] ကျွန်တော် Blogspot Blogger ဘ၀တုန်းက ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက Blogger in Draft ဟာ [...]

  4. [...] ကျွန်တော် Blogspot Blogger ဘ၀တုန်းက ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက Blogger in Draft ဟာ [...]

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>