Please Download Unicode Standard Myanmar Fonts To View this Blog!

Blog Footer ကို (၃) ကော်လံ ခွဲခြင်း

မိမိဘလော့ဂ် မှာ Footer ကို (၃) ကော်လံခွဲလိုက်ခြင်းအားဖြင့် ထပ်ဆောင်း Widget တွေထည့်ဖို့ အပိုနေရာတွေ ရရှိလာစေရုံမျှမက၊ Blog ရဲ့ ဒီဇိုင်းကိုလည်း ယခုနောက်ဆုံး Modern Web Design ရေးခြင်းမှာ အသုံးပြုမှုအများဆုံးဖြစ်နေတဲ့ Web 2.0 ပုံစံအဖြစ် Upgrade လုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။ ၎င်းအပြင် မိမိဘလော့ဂ် ကို Page Loading လုပ်တဲ့နေရာမှာ မြန်ဆန်သွက်လက်လာစေခြင်း၊ စတဲ့ ထပ်ဆောင်း အကျိုးကျေးဇူး တွေကိုပါ ခံစားရဦးမှာပါ။

Blog Footer ကို (၃) ကော်လံခွဲဖို့အတွက် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

(၁) မိမိ Template ကို Backup ပြုလုပ်ခြင်း

ဒါဟာ ဘလော့ဂ္ဂါကောင်း တစ်ယောက်မှာ ရှိနေသင့်တဲ့ အရေးကြီး အမူအကျင့်တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ Backup လုပ်မထားခဲ့ရင် မိမိ Template ကို ပြုပြင်မှုလုပ်ရင်း မှားယွင်းမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက အကြီးအကျယ် မဟုတ်သည့်တိုင်၊ အနည်းအကျဉ်းတော့ ဒုက္ခရောက်တတ်လို့ပါပဲ။မိမိမှာ Backup လုပ်ထားတဲ့ Template ရှိခဲ့ရင်တော့ မှားယွင်းသွားလျင်ပင် သက်တောင့် သက်သာဖြေရှင်းနိုင်ပါလိမ့်မယ်။ Edit HTML စာမျက်နှာမှာ Download Full Template ကို ကလစ်ပြီး Template XML ဖိုင်ကို ဒေါင်းလုဒ် ပြုလုပ်ထားလိုက်လျင် Template Backup လုပ်ခြင်းကိစ္စပြီးပါပြီ။

(၂)Footer Section ရှိ ယခင် Widget Contents များကို Backup ပြုလုပ်ခြင်း

Blogger Dashboard မှတဆင့် Layout ကိုသွားပြီး၊ မိမိ Footer Section မှာယခင်ထည့်ထားတဲ့ Widget Content များအားလုံးကို Edit ကိုကလစ်၍ Copy လုပ်ကာ Notepad တစ်ခုချင်းစီနှင့် သိမ်းဆည်းထားပါ။ ပြီးလျင် ၎င်း Footer Content များအားလုံးကို Remove လုပ်ပါ။ ဤသို့မလုပ်လျင် Template အား Footer Section 3 -Columns ခွဲ၍ ရမည်မဟုတ်။ New Footer Section တွေခွဲပြီးသွားတဲ့ အချိန်ကျတော့ အလွယ်တကူ အားလုံးကိုပြန်ထည့်နိုင်ပါလိမ့်မယ်။ (ယခင်ကတည်းက Footer Section မှာ ဘာမှထည့်မထားတဲ့ သူများအနေနဲ့ကတော့ ဒီအဆင့်ကို လုပ်ဆောင်ရန်လိုမည် မဟုတ်ပါ။)

(၃)Footer Section အတွက် CSS(Cascading Style Sheets) တွင် ဖြည့်စွက်ကြေညာခြင်း

Blogger Dashboard မှ တဆင့် Layout ကိုသွားပြီး Edit HTML Box ထဲတွင် “</b:skin>” ဆိုသော Tag ကိုတွေ့အောင်ရှာပါ။ ၎င်းကို တွေ့သည်နှင့် ထို Tag မတိုင်မှီ အောက်ပါကုဒ်များကို အပေါ်မှ ပေါင်းထည့်ပေးပါ။

#footer-column-container {
clear:both;

.footer-column {
padding: 10px;

(၄)ထပ်ဆောင်းကုဒ်များ Footer Section တွင်ထည့်သွင်းခြင်း

Blogger Dashboard မှတဆင့် Layout->Template->Edit HTML ကိုသွားပါ။ အောက်ပါကုဒ်များကို တွေ့အောင်ရှာပါ။

<b:section class=’footer-wrapper’ id=’footer’/>

အထက်ပါကုဒ်များကို ရှာဖွေရာမှာ မိမိရဲ့ Template ပေါ်မူတည်ပြီးတော့ အနည်းငယ်ကွဲလွဲမှု ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ- ‘footer-wrapper’ အစား ‘footer’ ပဲဖြစ်နေတာမျိုးတွေရှိတတ်ပါတယ်။အားလုံးဟာ အတိအကျ နေရာတိုင်းမှာ မတူပဲကွဲပြားမှု ရှိနိုင်တယ်ဆို တာလေးကို မှတ်ထားဖို့အတွက်ပါ။

၎င်း Footer Section ကိုတွေ့ပြီဆိုလျင် ကျွန်တော်တို့လုပ်ဖို့လိုတာကတော့ အနီနှင့်ပြထားတဲ့ ကုဒ်များအားလုံးကို အောက်ပါကုဒ်များဖြင့် အစားထိုးရန်ပါပဲ။

{ YOUR TEXT }

<b:section class=’footer-column’ id=’col1′ preferred=’yes’ style=’float:left;’/>

<b:section class=’footer-column’ id=’col2′ preferred=’yes’ style=’float:left;’/>

<b:section class=’footer-column’ id=’col3′ preferred=’yes’ style=’float:right;’/>

<b:section class=’footer’ id=’col-bottom’ preferred=’yes’>
<b:widget id=’Text2′ locked=’false’ title=” type=’Text’/>
</b:section>

အထက်ပါကုဒ်များထဲမှာ အနီနှင့်ရေးထားတဲ့ Your Text Here ဆိုတာကတော့ The Whole Footer Section ကြီးတစ်ခုလုံးအတွက် ခေါင်းစဉ်တပ်ထားပေးခြင်းဖြစ်၍ မိမိကြိုက်နှစ်သက်ရာ နာမည်တစ်ခုခုပေးနိုင်ပါတယ်။
အားလုံးပြီးတာနဲ့ မိမိ Template ကို Save လုပ်နိုင်ပါပြီ။ Blog View တွင် Footer Section ကို (၃) ကော်လံဖြင့်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ Layout ထဲကို သွားပြီး ကြိုက်နှစ်သက်ရာ Widget Contents များထပ်ဆောင်းပေါင်းထည့်နိုင်ပါပြီ။

အကယ်၍ Footer Section ကိုပိုင်းခြားထားသော ရေပြင်ညီမျဉ်းအရောင်ကို မိမိဘလော့နှင့်လိုက်ဖက်ညီအောင်ပြောင်းလဲလိုပါက အောက်ပါကုဒ်ကို တွေ့အောင်ရှာပြီး အနီပြထားသော ကာလာကုဒ် ကိုစိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။

ကာလာကုဒ်တွေကို အတိအကျနဲ့ အလွယ်တကူ သိချင်တယ်ဆိုရင်တော့ ဒီဆော့ဖ်ဝဲလ် လေးက ကူညီနိုင်ပါလိမ့်မယ်ခင်ဗျား။ ၎င်းမျဉ်း ပါရှိတာကိုပင် မလိုလားဘူးဆိုပါကလည်း အထက်ပါ စာကြောင်းတစ်ကြောင်းလုံးကို Delete လုပ်လိုက်ရုံသာဖြစ်ပါတယ်။

Sources: BLogU | BloggerBuster

Technorati Tags: | | | | |

Share and Enjoy:
• Digg
• StumbleUpon
• Sphinn
• del.icio.us
• Facebook
• Mixx
• Google
• TwitThis
• Pownce
• Technorati
• LinkedIn
• Print this article!
• E-mail this story to a friend!

Related Headlines

None Found

2 Responses to “Blog Footer ကို (၃) ကော်လံ ခွဲခြင်း”

1. ကိုမှော်ဆရာရဲ့ ဒီပို့စ်ကို တအားသဘောကျတယ်။ နံပါတ် ၄ မှာ အောက်ပါကုဒ်များကို ဆိုပြီး ပြတ်သွားတယ်နော်။ အဲဒါက ဘာလို့လဲဟင်။
အေးချမ်းသူ

2. အေးချမ်းသူ ရေ- ကျွန်တော်ဆီမှာတော့ အားလုံးမြင်ရတယ်ခင်ဗျ။ အဲလိုပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ကြည့်ခိုင်းလိုက်တော့ လည်း သူလည်းမြင်ရတယ်ပြောပါတယ်။

ကျွန်တော့်ဒီဘလော့ဟာ မီးမြေခွေး
Browser 1.5 နှင့်အထက် မည်သည့် ဗားရှင်းမှာမဆို အကောင်းဆုံးအလုပ်လုပ်ပါတယ်ခင်ဗျာ။ ဒါမမဟုတ်ပဲ IE(Internet Explore) နဲ့ဆိုရင်တော့ အခုလို Javascript အနည်းငယ်ကြောင်သွားပြီး ကောင်းကောင်းအလုပ် မလုပ်တာမျိုးတွေကြုံရလေ့ ရှိပါတယ်။

အကြံပေးလိုတာကတော့ အကယ်၍ မိမိစက်မှာ မီးမြေခွေးဘရောက်ဇာ(FireFox) ရှိခဲ့ရင် ၎င်းနဲ့ ပြန်ဖွင့်ကြည့်ဖို့ ၊ အကယ်၍ မီးမြေခွေးမရှိခဲ့ဘူးဆိုရင်လည်း IE နဲ့ပဲ
အဲဒီဝဘ်ပေ့ခ်ျ ကို Refresh ထပ်လုပ်ကြည့်ပြီးတော့ ပဲဖြစ်ဖြစ်၊ နောက် ဒါမမဟုတ် ဘရောက်ဇာ အသစ်ပြန်ဖွင့်ပြီး တော့ပဲဖြစ်ဖြစ် ပြန်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား။

အကယ်၍ အဆင်မပြေမှုတစ်ခုခု ထပ်ရှိခဲ့ရင်လည်း ဒီမှာထပ်မံ ပြောကြားနိုင်ပါတယ်ခင်ဗျာ။ :)

Leave a Reply

You can use these XHTML tags:   <acronym title="">