သစ္စာတရား
ကဲကီးဒါးစ်က သစ္စာတရားဟူသည် စာပေအယူဝါဒများကို ဖတ်ရှုလေ့လာပြီးနောက် ရရှိလာသည့် အရာမဟုတ်။ အဟုတ်တစ်ကယ် ရှိနေသည့် (၀ါ) ဖြစ်နေသည့် အရာတစ်ခုသာဖြစ်သည်။ အသိဥာဏ်ပိုင်းဆိုင်ရာ အယူဝါဒ ကျမ်းဂန်များကို ဒိုးလိုမွေပြီး သင်ကြားတတ်မြောက်သော်လည်း ခရစ်ယာန် ဘာသာတရား၏ သစ္စာတရားကို မျက်မှောက်ပြုနိုင်မည်မဟုတ်ပေ။ ယေရှုသခင် နေထိုင်ကျင့်ကြံသွား သကဲ့သို့ စစ်စစ်မှန်မှန် စိုက်လိုက်မတ်တတ် ယုံယုံကြည်ကြည် ကျင့်ကြံမှုဖြင့်သာ သစ္စာတရားကို ချဉ်းကပ်နိုင်မည်။ မိမိသာ သစ္စာတရားနှင့် ထပ်တူဖြစ်လာမည် ဟုဆိုခဲ့ပေသည်။ တနည်းအားဖြင့်ဆိုသော် သစ္စာတရား၏ ဒြပ်မဲ့သီအိုရီ သဘောတရားများ မှတဆင့် မချဉ်းကပ်နိုင်။ တစ်ကယ့် လက်တွေ့ဘ၀နှင့် ထပ်တူကျင့်ကြံနိုင်မှသာ ရရှိနိုင်မည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
သိပ်ကိုနှစ်သက်မိတဲ့ အယူအဆတစ်ခုပါ။ မည်သည့်ဘာသာတရား အတွက်မဆို မှန်ကန်တဲ့ ပြောဆိုချက်တစ်ခုပါပဲ။
ဆရာ မောင်ကြည်သစ်ရဲ့ ”ငြင်းပယ်ခြင်းအလှ ဖြစ်တည်မှုဒဿန နိဒါန်း” စာအုပ်မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။














