သမိုင်းရေးတဲ့သူ
၁။ ငါ့သမိုင်း ငါရေး..
တစ်ခါတစ်လေ လည်း
ဆွေးဆွေးမြေ့မြေ့ပေါ့။
၂။ငါ့လက်နဲ့ငါထွင်း
တစ်ခါတစ်လေလည်း
လင်းလင်းတောက်တောက်။
၃။ငါ့လက်နဲ့ငါဆစ်
တစ်ခါတစ်လေလည်း
အဖုအထစ်တွေပါမှာပဲ။
၎။နောက်ပြီး…
အကြောက်၊အမုန်း၊ အရှုံး ၊ အချစ်
မလှမပဖြစ်တာတွေလည်း ရှိတာပေါ့။
၅။ဘာပဲဖြစ်ဖြစ်
သမိုင်းမရှိတာက
သမိုင်းမလှတာထက်ပိုဆိုးတယ်။
၆။ကဲ..
နိမ့်မြင့်တက်ကျ
ဒီဘ၀ထဲ …
ညစ်ပေဟောင်းနွမ်း.
ဖြစ်နေစမ်းဦးတော့
ကိုယ်တိုင်ရေး သမိုင်းတစ်ပုဒ်တော့ သယ်သွားလိုသေးတယ်။ ။















Oct 27th, 2007 at 1:01 pm
အရေးအသားလေးက ကောင်းလိုက်တာ။
ဒီတပုဒ်တော့ အတော်ကြိုက်တယ် အစ်ကိုရေ..
Oct 29th, 2007 at 5:06 pm
အားပေးတဲ့အတွက် ကျေးဇူးပါ မိုးချစ်သူ ရေ…. နောက်များလည်းဆက်ရေးဖြစ်ဖို့ ကြိုးစားသွားမှာပါ။
Feb 3rd, 2008 at 10:13 am
ရေးထားတဲ့သမိုင်းကို မှတ်ကျောက်တင်လိုက်တယ်။ လက်ရေးလှလို့လေ။
Apr 1st, 2008 at 4:40 pm
ကောင်းတယ် ညီလေး .. ကိုယ့် သမိုင်း ကိုယ် ရေးကြတာပဲပေါ့
Apr 13th, 2008 at 8:01 am