Please Download Unicode Standard Myanmar Fonts To View this Blog!

တံလျပ်ဆောင်းချင်း

၁။ အကြည့်နက်နက် တစ်ပွင့်ကိုခူး

အပြုံးလွင့်လွင့် တစ်စုံကိုပန်

ရေချိန်ကိုက် နှလုံးသားက

သိုင်းကွက်နင်း ခရီးထွက်သွားပြီ။

၂။ တစ်လှပ်လှပ်ထ တံလျပ်အလွမ်းထဲ

ရင်ဘတ်အပြည့် အချစ်တွေအန်ချ

ဒီ…..ဆောင်းကလည်း ခေါင်လွန်းလိုက်တာ။

၃။ ကဲ……

ဘာသက်တန့်မှလည်း

ရေသောက်မဆင်းမယ့် အတူတူတော့

ရင်ဘတ်နာကျ ငနဲသားကမ္ဘာအတွက်

လက်ငင်းရှင်း-

အမုန်းနံ့ခါးခါးတစ်ခွက်သာ တိုက်တော်မူ။ ။

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

3 Responses to “တံလျပ်ဆောင်းချင်း”

  1. ကဗျာက
    ဖတ်လို့ပီးသွားတယ်
    ကဗျာ ဖတ်ပီးသွားတော့ မျက်စိတန်း
    လျှပ်တစ်ပြက် တန်းဝင်လာတယ်
    ရပ်ကွက်တည်းက အမူးသမား တစ်ယောက်
    :P

  2. ကဗျာက
    ဖတ်လို့ပီးသွားတယ်
    ကဗျာ ဖတ်ပီးသွားတော့ မျက်စိထဲ
    လျှပ်တစ်ပြက် တန်းဝင်လာတယ်
    ရပ်ကွက်တည်းက အမူးသမား တစ်ယောက်
    :P

  3. @နတ်ပျိုမလေး - ဟဲ၂. ကိုယ့်လက်ရာကို သိပါပြီဗျာ. :P

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>