Please Download Unicode Standard Myanmar Fonts To View this Blog!

ရှည်လျားသောပို့စ်များကို ချုံ့/ချဲ့ မှုပြုလုပ်ခြင်း(Peekaboo view)

မိမိဘလော့ဂ်ရဲ့ မူလစာမျက်နှာမှာ ပို့စ်တွေရှည်လျားလွန်းနေရင် လာရောက် ဖတ်ရှုသူတွေ အတွက် ကိုယ်ဖတ်ချင်တဲ့ ပို့စ်ကို အလွယ်တစ်ကူရွေးချယ်ဖို့ အခက်အခဲဖြစ်စေတာအမှန်ပါပဲ။ အဲဒီအတွက် မိမိရဲ့ပို့စ်တိုင်းရဲ့ စာမြည်းမျှသာ ဖော်ပြပြီး ကျန်တဲ့အပိုင်းတွေကို ဖတ်ရှုလိုသူဆန္ဒရှိမှ ဆက်ဖတ်လို့ရအောင် လုပ်ထားပေးမယ် ဆိုရင် သိပ်ကိုအဆင်ပြေမှာပါ။ အဲဒီအတွက်ဘယ်လိုလုပ်ရမလဲ။

အောက်ပါအဆင့်များအတိုင်း အတိအကျနဲ့ ဂရုတစိုက်လုပ်ဆောင်သွားပါ။

အဆင့်(၁)။ ။မိမိဘလော့ဂ်ရဲ့ အကောင့်ထ် ကိုဝင်ပါ။ Setting ->Template->မှတဆင့် Edit HTML ကိုသွားပါ။ Download Full Template ကို ”ကလစ်” လုပ်ပြီး မိမိရဲ့ Template ကို Back Up လုပ်ထားပါ။ တစ်ကယ်လို့ အောက်ပါ ”ဟက်ခ်” ကိုလုပ်ဆောင်ရင်း အမှားတစ်ခုခုပါသွားခဲ့ရင် အလွယ်တစ်ကူ ယခင် Template ပြန်သုံးနိုင်အောင်လို့ ဖြစ်ပါတယ်။ (အထူးအရေးကြီး)

အဆင့်(၂)။ ။မိမိ Template Editing Box အတွင်း </head> ဆိုသော ကုဒ်ကို တွေ့အောင်ရှာပါ။ တွေ့လျင် ဤစာမျက်နှာ မှ ကုဒ်အားလုံးကို ၎င်းကုဒ် မတိုင်ခင် ထပ်ထည့်ပါ။

အဆင့်(၃)။ ။ပြီးလျင် includable “post” ကိုထပ်ရှာပါ။ တွေ့ပါက ဤနေရာမှ အနီရောင်ပြထားသော ကုဒ်များ အားလုံးကို ကော်ပီကူးပြီး အမှားအယွင်းမရှိစေပဲ သေချာစွာလိုက်ထည့်ပေးပါ။ “post” ကုဒ်ကို ဒီအတိုင်း ရှာမတွေ့ပါက Edit HTML Box ၏ ညာဘက် အပေါ်ထောင့်မှ Expand Widget Templates ၏ Check Box တွင် Click ပေးပြီး id=’post’ လို့ရှာဖွေနိုင်ပါတယ်။ရှာဖွေတဲ့အခါ မိမိရဲ့ Template Code ထဲမှာ “uncustomized-post-template”ဆိုတာကို တွေ့ချင်မှ တွေ့ရပါလိမ့်မယ်။ အဲဒီအတွက်ပြဿနာ မရှိပါဘူး။ အနီပြထားတဲ့ ကုဒ်တွေအတိုင်းသာ အသေအချာလိုက်ထည့်ပေးပါ။ ဒီအဆင့်မှာ မိမိဆန္ဒရှိပါက Read more နှင့် Summary only ဆိုတဲ့နေရာ မြန်မာလို မိမိစိတ်ကြိုက်စာသားများ ပြောင်းလဲရေးသားနိုင်ပါတယ်။ပြီးပါက နောက်တစ်ခေါက်ထပ်စစ်ပါ။ Save Template လုပ်ပါ။

အဆင့်(၄)။ ။နောက်တစ်ဆင့်အနေနဲ့ Setting ကိုသွားပါ။ Formatting Tab ကိုသွားပါ။၎င်းစာမျက်နှာရဲ့ အောက်ဆုံးမှာ Post Template ဆိုတဲ့ Box တစ်ခုကို တွေ့ရပါလိမ့်မယ်။ အဲဒီ Box ထဲမှာ အောက်ပါကုဒ်များကို ကော်ပီကူးပြီးထည့်ပါ။ Save Settings လုပ်ပါ။

Type your summary here
<span id=”fullpost”>
Type rest of the post here
</span>

အခုဆိုရင် နောက်တစ်ကြိမ် ပို့စ်အသစ်တင်တိုင်းမှာ ဘယ်နားမှာ ပို့စ် ကိုခွဲပြီးရေးသားမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါပြီ။ အကယ်၍ ခွဲပြီးရေးစရာ မလိုတဲ့ ပို့စ်တွေမှာဆိုရင်လည်း New Post ရေးတဲ့ Box မှာ Edit Html ထဲဝင်ပြီး ပို့စ်မရေးသားမှီ Delete လုပ်လိုက်ရုံပါပဲ။

ယခင်ပို့စ်အဟောင်းတွေကို ခွဲခြမ်းစိတ်ဖြာထပ်လုပ်ချင်သေးသပ ဆိုပါကလည်း အောက်ပါ ကုဒ်ကိုမိမိ ခွဲလိုတဲ့ပို့စ် ရဲ့တစ်ခုသောနေရာမှာထည့်ပါ။
<span id="fullpost">
ဒီကုဒ်ကိုတော့ ပို့စ်ရဲ့အောက်ဆုံး အပိတ်နေရာမှာထားပါ။
</span>
ဒါဆိုရင် ယခင်ပို့စ်အဟောင်းတွေကို လည်းအလွယ်တကူ ချုံ့/ချဲ့လုပ်နိုင်သွားပါပြီ။ ထပ်မံသေချာအောင်အတွက် ပို့စ်တိုင်းရဲ့ Edit Html View ထဲမှာဝင်ပြီး ကုဒ်တွေ အပိုအလိုလိုက်စစ်ပေးပါ။

မိမိကိုယ်တိုင်စမ်းကြည့်ပါ။ အဆင်မပြေတာတစ်ခုခု ရှိရင်လည်း Comment မှာဝင်ပြောနိုင်ပါတယ်။

စာကြွင်း။ ။ဤနေရာမှ သင့်တော်သလို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

2 Responses to “ရှည်လျားသောပို့စ်များကို ချုံ့/ချဲ့ မှုပြုလုပ်ခြင်း(Peekaboo view)”

  1. ကိုမှော်ဆရာရေ.. ကျနော်ကြိုးစားပီးလုပ်တယ် လုပ်လို့မရဘူး ကျနော်ထင်တယ်ကျနော်လုပ်တာလေတစ်ခုခုကျနော်မှားနေ တယ်ထင်တယ်လေ လုပ်မတတ်ဘူးဖြစ်နေတယ် ။ အဲဒါကို ကိုမှော်ဆရာကိုနော့် တန်းပလိပ်ဖိုင်ကိုယူပီးလုပ်ပေးလား ဒါမှမဟုတ် ကျနော်အကောက်ကိုယူပီးလုပ်ပေးပါ။ ကျနော်ပေးမယ်လေ။ အီးမေးနဲ့ပို့ပေးလေနော်။ လေးစားစွာဖြင့်-
    ပြည့်စုံ

  2. ကောင်းပါပြီ ကိုပြည့်စုံ. ကျွန်တော်ကူညီပေးပါ့မယ်။

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>