နံက်ခင်းအတွေ့အကြုံများ
တစ်မနက်
အတ္တနဲ့ဥာဏ်ပညာ
လမ်းလျှောက်ထွက်လာတယ်။
ခဏအကြာ
ဝေဖန်ရေးတစ်ကောင်
ဓာတ်ကြိုးပေါ်နားနေတာအတွေ့
လက်မြန်ခြေမြန်အတ္တက
ခဲတစ်လုံးနဲ့ပစ်ဖို့လုပ်တယ်။
“မလုပ်နဲ့”
ဥာဏ်ပညာဆီက
အလောတကြီးဟန့်တားသံထွက်လာတယ်။
ပြီးတော့
တစ်လုံးခြင်း..
သူကဆက်ပြောတယ်
“အဲဒါဟာမှန်တစ်ချပ်ပဲ
ပစ်ခွဲဖို့မဟုတ်ဘူး။
ကံကောင်းရင်
မင်းရဲ့မြေပုံကို
အဲဒီမှာသင်ကြားနိုင်သေးတယ်။”
ဒီလိုနဲ့
သူတို့နှစ်ယောက် ငြင်းခုန်နေကြတုန်းမှာပဲ
သကောင့်သားဝေဖန်ရေး
အလန့်တကြားနဲ့
ဝုန်းကနဲ ထပျံသွားတယ်။
သူတို့နှစ်ယောက်လည်း
လမ်းဆက်လျှောက်သွားတယ်။
အေးလေ..
ကျန်ခဲ့တဲ့
ဓာတ်ကြိုး မှာသာ
တုန်ခါမှုတွေ ကမ္ဘာပျက်မတတ်နဲ့။















Apr 6th, 2008 at 12:33 pm
“”"ကျန်ခဲ့တဲ့ ဓာတ်ကြိုး မှာသာ တုန်ခါမှုတွေ ကမ္ဘာပျက်မတတ်နဲ့။”"‘ … မိုက်တယ် ဗျာ … ကျွန်တော်က တော့ ကိုယ်လိုရာဆွဲ ဘာသာပြန်ပြီး မိုက် ပစ်လိုက်တယ်