ဘလော့ဂ် ထိပ်ဆုံးက navbar ဖျောက်ခြင်းသည် တရားဝင်၊မ၀င် ?
ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ အဲဒီလို Navigation Bar ဖျောက်သုံးခြင်းဟာ Google ရဲ့ Terms of Service တွေ ၊ Privacy Polcy တွေနဲ့ညီ မညီဆိုတာပါပဲ။ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်မိတဲ့ အချိန်မှာ Blogger ရဲ့ TOS စာမျက်နှာ မှာမည်သည့် ရည်ညွှန်းချက်မှ မတွေ့မိသလို Blogger Support Group ရဲ့ ဆွေးနွေးခန်း မှာ ဆိုရင်လည်း Navigation Bar နဲ့ ပတ်သက်တဲ့ မေးခွန်းတိုင်းကို အမြဲတစေ ငြင်းပယ်လေ့ ရှိတာကိုတွေ့ရပါတယ်။
ဒီပြဿနာကို ရှင်းရှင်းလင်းလင်း သိဖို့အတွက် အိန္ဒိယ နိုင်ငံ ဘန်ဂလိုမြို့မှာ ပြုလုပ်ခဲ့တဲ့ Google ရဲ့ Road Show ပြပွဲအတွင်း Blogger များမှ navbar Polcy နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးဖို့ Google ရဲ့တာဝန် ရှိသူများကို မေးမြန်းခဲ့ကြပါတယ်။ အဲဒီပြပွဲအတွင်းမှာပဲ Google အမှုဆောင်အဖွဲ့( Google’s Bangalore office) မှ အရေးပေါ်အစည်း အဝေးခေါ်ခဲ့ပြီး navbar ဖျောက်ခြင်းဟာ တရားဝင်(Legal) ဖြစ်ပါကြောင်း သေချာတဲ့ ဆုံးဖြတ်ချက်နှင့် ရှင်းရှင်းလင်းလင်းကြေညာခဲ့ပါတယ်။
ကောင်းပါပြီ။ အဲဒီတော့ ကျွန်တော်တို့ဒီ nvabar လေးကိုဖျောက်သုံးခြင်းဟာ တရားဝင်ဖြစ်ကြောင်း သေချာသွားပါပြီ။ ဘယ်လိုဖျောက်မလဲ။ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပြီး၊ အမျိုးမျိုးသုံးကြပါတယ်။ ဘလောဂ္ဂါအများစု သုံးလေ့သုံးထရှိတဲ့ နည်းလမ်းကတော့ မိမိရဲ့ Blog Template အတွင်း </head> ဆိုတဲ့ကုဒ် မတိုင်ခင်မှာ အောက်ပါကုဒ် လေးထည့်သွင်း လိုက်ကြခြင်းပါပဲ။
#navbar-iframe {display:block}
ဒါပေမယ့် အဲဒီ နည်းလမ်းအရ သုံးတဲ့ navbar ကို ဖျောက်ရာမှာ တိကျသေချာမှု သိပ်မရှိလှပါဘူး။ တစ်ခါတစ်လေ လုပ်တဲ့ နေ့ကတော့ အကောင်းဖြစ်ပေမယ့် နောက်(၂) ရက်လောက်အကြာမှာ navbar ကပြန်ပေါ်လာတတ် တာမျိုးတွေရှိပါတယ်။
နောက် .. ဒီနည်းနဲ့လည်း navbar ကိုဖျောက်နိုင်ပါသေးတယ်။ မိမိဘလော့ဂ်ရဲ့ Edit Html စာမျက်နှာကိုသွား ပါ။ body { ဆိုတဲ့ ကုဒ် ကိုတွေ့အောင်ရှာပါ။ ပြီးတဲ့နောက် ၎င်းကုဒ်မတိုင်ခင် အောက်ပါကုဒ် များကို ပြထားသည့် အတိုင်း ထည့်ပါ။.Navbar {
display:none;
visibility:hidden
}
body {
အထက်ပါနည်းလေးကတော့ မဆိုးလှပါဘူး။အသုံးပြုသူတွေကို လုံလောက်တဲ့ ကျေနပ်မှုရစေမှာပါ။
အကောင်းဆုံးနဲ့ လက်ရှိကျွန်တော်သုံးနေတဲ့ နည်းကတော့ အောက်ပါ နည်းလမ်း ပါပဲ။
၁) သင့် ဘလော့ဂ္ဂါ အကောင့်ထ် ကိုဝင်ပါ။ Setting ကိုဆက်ဝင်ပြီး ၊ Template tab မှတဆင့် Edit HTML ကိုဆက်သွားပါ။ အဲဒီကိုရောက်ပြီဆိုတာနဲ့ အောက်ပါ ကုဒ် ကိုတွေ့အောင်ရှာပါ။<body>
၂)ကုဒ်ကိုတွေ့ပြီဆိုပါက ၎င်း၏နောက်မှ ကုဒ်များကို အောက်ပါအတိုင်း ဆက်ထည့်ပေးပါ။
<body>
<style type=”‘text/css’”>
#navbar-iframe {display:none;}
</style>
ဒါဆိုရင် မပေါ်စေချင်တဲ့ navbar လုံးဝ ကိုပေါ်လာတော့မှာ မဟုတ်ပါဘူး။ navbar မပေါ်စေချင်သူများ မိမိဘလော့ဂ်မှာ လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။














