မိမိဘလော့ဂ်၏ Label ရှိကိန်းဂဏန်း အရေအတွက်များကို ဖယ်ရှားခြင်း
မိမိရဲ့ဘလော့ဂ်မှာ ပို့စ်တွေကို လေဘယ်ထိုးရတာ၊ ပြီးရင် အဲဒီလေဘယ်တွေမှာ မိမိရေးသားထားတဲ့ ပို့စ်အရေအတွက်အလိုက် ဂဏန်းတွေပြသ နေတာကို အားလုံးပဲသိကြပါလိမ့်မယ်။ ၎င်းလေဘယ်တွေမှ ကိန်းဂဏန်းတွေကို အချို့သော ဘလောဂ္ဂါတွေအနေနဲ့ လိုလားမှုရှိချင်မှရှိပါလိမ့်မယ်။ ထို့အတွက် လေဘယ်ရှိ ကိန်းဂဏန်းများကို ဖြုတ်ထားလိုတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၁)မိမိ၏ ဘလော့ဂ္ဂါအကောင့်ထ် ကိုဝင်ပါ။ Layout ကိုဆက်ဝင်ပြီး ၊ Template မှတဆင့် Edit HTML ကိုဆက်သွားပါ။
၂)Expand templates widgets ကို Enable ပေးပါ။
၃)အောက်ပါ ကုဒ် များကို Ctrl+F အသုံးပြုပြီး မိမိ၏ Template ကုဒ်များထဲတွင် ရှာပါ။ တွေ့လျင် သေချာစွာ Select လုပ်ပြီး Delete လုပ်ပါ။
(<Data: label.count />)
Template ကို Save လုပ်ပါ။ပြီးလျင် အားလုံးအဆင်သင့်ဖြစ်သွားပါပြီ။ လေဘယ်တွေမှာ မည်သည့် ကိန်းဂဏန်းမျှ ပြတော့မှာမဟုတ်ပါဘူး။ အကယ်၍ ပြန်ပေါ်စေချင်တယ် ဆိုရင်လည်း အထက်ပါ ကုဒ်လေးကိုပဲ မိမိ Delete လုပ်ခဲ့တဲ့နေရာမှာ ပြန်ထည့်ဖို့ မမေ့ပါနဲ့ဦး။
















Oct 24th, 2007 at 6:47 pm
လာစားသွားတယ်ဗျို့ ….. ဆရာကအဆင်သင့်ခူးခပ် ကျွေးနေတော့ တပည့်ကလာစားသွားတာပေါ့ ..နော … ဆရာသမားနေကောင်းကျန်းမာ .. အချစ်တွေဝေဆာ နိုင်ပါစေဗျာ ။
Oct 24th, 2007 at 6:59 pm
အဆင်ပြေတယ်ဆိုတော့လည်း ကျွန်တော်ပါသိပ်ကျေနပ်တာပေါ့ ကိုပွကြီးရာ ၊ ကျွန်တော်လည်း ဆရာမဟုတ်ပါသေးဘူးဗျာ၊ ကျောင်းသားပဲရှိပါသေးတယ်။ ဒါကြောင့်မိုလို့ ဘလော့ဂ်နာမည်ကိုတောင် ကျောင်းစာအုပ်လို့ ပေးထားတာသာကြည့်။အဓိပ္ပာယ်ကတော့ ကျွန်တော်လုပ်ထားတဲ့ အိမ်စာလေးတွေကို ရောင်းရင်းတွေနဲ့မျှဝေတဲ့ သဘောပါပဲ။မှားတာတွေ့ရင်လည်း ပြင်ပေးလို့ရပါတယ်။ အောင်မြင်ပါစေဗျာ။
Jan 1st, 2008 at 9:58 am
အဆင်ပြေတယ် မှော်ဆရာရေ ကျေးဇူးပါ