Drop Down Menu များ အလွယ်တစ်ကူဖန်တီးခြင်း
လုပ်နည်းက သိပ်ကိုလွယ်ပါတယ်။ ထားပါတော့။ မိမိရဲ့ဘလော့ဂ်မှာ “သူငယ်ချင်းများ” ဆိုတဲ့ Drop Down Menu လေးတစ်ခုဖန်တီးချင် တယ်ဆိုပါစို့။ ဒီစာမျက်နှာ ကိုအရင်သွားပါ။ ရောက်တဲ့အခါ Default Text ဆိုတာရဲ့ဘေးက Box မှာ ခေါင်းစဉ်ကို “သူငယ်ချင်းများ” လို့ရိုက်ထည့်ပါ။ နောက်တစ်ဆင့်အနေနဲ့ မိမိရဲ့ သူငယ်ချင်း List မှာပါတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ Blog Address ကိုယူပါ။ Option Link ရဲ့ဘေးက Blank Box ထဲမှာထည့်ပါ။ ပြီးပါက သူ့ကို နံမည်တစ်ခုပေးပါမယ်။ သူ့ဘလော့ဂ်ရဲ့ နာမည်ဖြစ်ဖြစ် သူ့နာမည်ပဲဖြစ်ဖြစ် ကြိုက်သလို မြန်မာနံမည် ပေးလို့ရပါမယ်။ ပြီးရင် Add option ကိုကလစ်ပါ။ သူငယ်ချင်း နောက်တစ်ယောက်ကို ထပ်ထည့်မယ်ဆိုရင် Option name နဲ့ Option Link မှာထပ် ပြောင်းပါ။ Add option ထပ်လုပ်ပါ။တစ်ခုခုမှားသွားရင် Clear Options ကိုကလစ်လုပ်ပြီး အစကနေပြန်လုပ်ပါ။ အဲဒီအတိုင်း “သူငယ်ချင်းများ” ဆိုတဲ့ Drop Down Menu List တစ်ခုပြီးသွားပြီဆိုရင် Look Great!Add this menu to my blog ဆိုတာကို ကလစ်လုပ်လိုက်တာနဲ့ မိမိရဲ့ ဘလော့ဂ်မှာ အထက်ပါ Drop Down Menu လေးသွားထည့်ပြီးသား ဖြစ်နေပါမယ်။ နောက်ထပ် Drop Down Menu ထပ်လုပ်ချင်ရင်လား။အပေါ်က အတိုင်းပဲပေါ့။ ခေါင်းစဉ်တစ်ခုပေး ၊ လင့်ခ် တစ်ခုထည့် ၊ အဲဒီလင့်ခ်ကို နံမယ်တစ်ခုပေး Add လုပ်။ကြိုက်သလောက် Drop Down Menu တွေဖန်တီးလို့ရပါတယ်ခင်ဗျာ။ အရမ်းလွယ်ပါတယ်။
ဒါက ကျွန်တော် နမူနာဖန်တီးထားတဲ့ စာမျက်နှာပါ။
အော်.. နောက်တစ်ခုကျန်တာက ကိုယ့်ဘလော့ဂ်ထဲမှာထည့်ပြီးသား Drop Down Menu တစ်ခုကို အပ်ဒိတ် လုပ်ဖို့လိုကောင်းလိုလာနိုင်ပါတယ်။ ဥပမာ သူငယ်ချင်းအသစ်တွေတိုးလာတဲ့ အခါသူတို့ဘလော့ဂ် လိပ်စာတွေကို ထပ်ထည့်ဖို့ လိုလာတာမျိုးပေါ့။ အဲဒီအခါကြရင် ဒီနေရာမှာပဲ ထပ်ပြီးအစအဆုံးလာလုပ်ဖို့ မလိုပါဘူး။ မိမိရဲ့ ဘလော့ဂ်မှာပဲ Update လုပ်လို့ရပါတယ်။ Drop Down Menu တွေဟာ Page Element တွေအနေနဲ့ဝင်သွားတာဖြစ်တဲ့ အတွက် Add a page Element ဆိုတာကိုသွားပါ။ အဲဒီမှာ ကိုယ်အပ်ဒိတ်လုပ်ချင်တဲ့ Drop Down Menu .( Page Element -> HTML/Java Script) ကိုရွေးချယ်ပါ။ Edit ကိုသွားပြီး အောက်ပါပုံအတိုင်းလုပ်ဆောင်ပါ။
Drop Down Menu များဖြင့် သပ်ရပ်စမတ်ကျ လှပနိုင်ကြစေသတည်း။
PS:Kindly Regards to Hackosphere!















Oct 22nd, 2007 at 9:58 am
ကိုမှော်ဆရာရေ ကျနော်တော့ အစ်ကိုပြောတဲ့အတိုင်းလုပ်ကြည့်တယ်ရပါတယ်။ ကျေးဇူးပါဗျာ အသေးစိတ်ဖော်ပြပေးတဲ့အတွက်။
Oct 22nd, 2007 at 10:58 am
အောင်မြင်ပါစေဗျာ။ ကြားရတာဝမ်းသာမိပါတယ်။
Oct 23rd, 2007 at 9:38 am
ကျေးဇူးဗျာ။ feed တွေကို လုပ်ချင်နေတာ အတော်ပဲ။ ဒါနဲ့ ဗျ အဲဒီလို drop down က web spider တွေက အလုပ်လုပ်နိုင်ရဲ့လား ခင်ဗျ။ ကျွန်တော့် သူငယ်ချင်းတွေ ကျွန်တော့် ဘလော့ခ်ကို လင့်လုပ်တဲ့အခါ ကျွန်တော့်မှာ technorati အကောင့်တက်မလာတတ်လို့။ google spider ကတော့ တွေ့လောက်မယ်ထင်တယ်ဗျ နော်။
Oct 25th, 2007 at 12:24 pm
ကိုတေဇာရေ။ ဒီ Drop Down Menu Generator ကတော့ အသုံးပြုတဲ့သူတွေ လွယ်အောင် Script တစ်ခုကို Generate လုပ်ပေးတဲ့သဘောလောက်ပါပဲ။ ကျန်တာတော့ ကျွန်တော်သုံးကြည့်သလောက် အငြိအစွန်း မရှိသေးပါဘူး။ Technorati မှာ Authority Counter အရေအတွက် မတက်တာကတော့ ကျွန်တော်လည်း ကောင်းကောင်းမသိသေးဘူးဗျ။ ဘာကြောင့်လည်း ဆိုတာကို လေ့လာနေတုန်းပဲ။ (ဟဲဟဲ..ကျွန်တော့်ဘလော့ဂ်မှာလည်း Technorati Authority အခုထိ ဘဲဥ မကွဲသေးတာကိုသာကြည့်ဗျို့..စမ်းပြီး Tag လုပ်ကြည့်တာလည်း မရဘူး၊ အတည်လုပ်တာလည်း မရသေးဘူးဗျို့။) ..သိတာနဲ့ ပိုစ်တစ်ခုရေးတင်ပေးလိုက်မယ်ဗျို့။