Please Download Unicode Standard Myanmar Fonts To View this Blog!
FavIcon လုပ်ကြမလား?
FavIcon ဆိုတာရဲ့ ဆိုလိုရင်းကတော့ Favourite Icon ပါ။ သူ့ကို အသုံးပြုတဲ့ နေရာကတော့ ၀ဘ်ဘရောက်ဇာတွေရဲ့ Website Address တွေရဲ့ရှေ့မှာ ၎င်းဝဘ်ဆိုဒ်ရဲ့ အမှတ်တံဆိပ်အသေးစားအဖြစ်၊ လှုပ်ရှားနေတဲ့ ပုံတွေအဖြစ်လည်းကောင်း၊ ပုံသေတွေ အဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ အောက်ကပုံကိုကြည့်လိုက်ရင် FavIcon ဆိုတာ ဘာလဲဆိုတာပိုရှင်းသွားပါလိမ့်မယ်။
နည်းလမ်း(၂)
အထက်ပါနည်းမှာ ကိုယ်ပိုင် Favicon တစ်ခုဖန်တီးဖို့ဆိုတဲ့ အဆင့်အတွက် အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ အကယ်၍ ဖန်တီးဖို့ အခက်အခဲ မရှိခဲ့ဘူး ဆိုရင်လည်း အချိန်ပေးဖို့အတွက် စကားပြောစရာရှိလာပါမယ်။ အဲဒီအတွက် အချိန်လည်းပေးစရာမလို၊ ကိုယ်တိုင်လည်း ဘာမှဖန်တီးစရာမလိုပဲ အမိုက်စား Animation FavIcon တွေကို မိမိစိတ်ကြိုက်၊ မိမိစက်ထဲမှာရှိတဲ့ ပုံတစ်ပုံပေးလိုက်ရုံ နဲ့ မိမိဘလော့ဂ် (သို့) ဆိုဒ် အတွက် Favicon တစ်ခုကို အမြန်ဆုံးနဲ့၊ အလကားဖန်တီးပေးတဲ့
အထက်က ပုံကတော့ ကျွန်တော်တို့ ရောင်းရင်းကြီး Blogger.com ရဲ့ Favicon ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ပိုင် Web Hosting ၀ယ်ပြီး၊ ကိုယ်ပိုင်ဝဘ်ဆိုဒ် ရေးသားလွတ်တင် ထားတဲ့သူတွေ အတွက် Favicon ကိုမိမိကိုယ်တိုင် ထည့်သွင်းပေးရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Blogger.com မှာတော့ အလိုအလျောက်ပဲ ပါရှိပြီးသားဖြစ်တဲ့အတွက် အဲဒီ မူရင်းပါရှိတဲ့ Blogger ရဲ့ Favicon ကို မိမိစိတ်ကြိုက်၊ မိမိရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့ အစားထိုးဆောင်ရွက်ကြည့်ကြပါမယ်။ ဘယ်လိုအစားထိုးကြမလဲ။ လုပ်နည်းက သိပ်ကိုလွယ်ပါတယ်။ အောက်ပါအတိုင်း ဆောင်ရွက်ပါ။
နည်းလမ်း(၁)
၁)Favicon အဖြစ်အသုံးပြုရန် မိမိ စိတ်ကြိုက် ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုကာ စိတ်ကြိုက်ဒီဇိုင်းတစ်ခုဖန်တီးပါ။ ပြီးလျင်ပုံကို .png အမျိုးအစားဖိုင် အဖြစ်သိမ်းဆည်းပါ။ ဖိုင်ရဲ့ အရွယ်အစားကတော့ ၁၆*၁၆ Pixels မှ ၃၂*၃၂ Pixels အတွင်းကြိုက်သလို ဖန်တီးလို့ရပါတယ်။
၂)၎င်း Icon ကို (Photobucket သို့မဟုတ် Googlepage) စသဖြင့် တစ်နေရာရာတွင် Upload လုပ်ပါ။ရလာသော လင့်ခ်ကို တစ်နေရာတွင် ကော်ပီကူးပြီးမှတ်ထားပါ။
၃)Blogger Dashboard ကိုဝင်ရောက်ပြီး၊ Template အောက်ရှိ Edit HTML တွင်အောက်ပါ ကုဒ်များကို Ctrl+F အကူအညီဖြင့် တွေ့အောင်ရှာဖွေပါ။
<title><data:blog.pagetitle/></title>
၎)တွေ့ရှိပါက ၎င်းကုဒ်များ၏ အောက်တွင် အောက်ပါကုဒ်များကို Copy->Paste လုပ်ပါ။
<link /outbound/www.html-kit.com');" onclick="javascript:pageTracker._trackPageview ('/outbound/www.html-kit.com');">ဒီနေရာ ကိုသွားတာ အကောင်းဆုံးပါပဲ။
(ကျွန်တော့်ဆိုဒ်မှာ အဲဒီနည်းကိုသုံးထားပါတယ်။)
ပုံအကြီးကြည့်ရှုရန် ပုံပေါ်တွင်ကလစ်ပေးပါ။
အဲဒီနေရာကိုရောက်ရင် ညီအစ်ကိုမောင်နှမများ တွေ့ကြတဲ့ အတိုင်းပါပဲ။
၁)Browse ထဲမှနေ၍ မိမိစိတ်ကြိုက်ပုံတစ်ပုံ (အရွယ်အစား၊ဖိုင်အမျိုးအစား ကန့်သတ် ချက်မရှိ) ကိုရွေးပါ။
၂) ပြီးလျင် Scrolling Text ၏ဘေးမှ အကွက်တွင် မိမိဘလော့ဂ်နာမည်၊ သို့ မိမိစိတ်ကြိုက် မိမိ ပေါ်စေချင်သော စာသားကိုရိုက်ထည့်ပါ။
၃)ပြီးလျင် Animate Favicon ၏ဘေးရှိ Check Box တွင် Enable ပေးပြီး Generate FavIcon.ico ကိုကလစ်လုပ်ပါ။
၎)နောက်တစ်မျက်နှာတွင် Download နှင့် Preview ဆိုပြီးပြလာမှာဖြစ်ပါတယ်။ မိမိ၏ FavIcon အထုပ်ကို Download လုပ်ပါ။
၅)ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ အထုပ်ဟာ zip file နဲ့ထုပ်ထားတာဖြစ်တဲ့ အတွက် အဲဒီအထုပ်ပေါ်မှာ Right Click ပေးပြီး Extract Here လုပ်ပါ။
၆)Extra File ထုပ်ထဲမှ animated_favicon1 ကိုရွေးချယ်ပြီး အထက်မှာ ပြောခဲ့တဲ့အတိုင်း မိမိစိတ်ကြိုက်နေရာတစ်ခုမှာ Upload လုပ်ပါ။ရလာတဲ့ လင့်ခ်ကို ကော်ပီကူးပြီးမှတ်သားထားပါ။
၇)ပြီးလျင် အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း “URL of your icon file” နေရာတွင်မိမိ FavIcon ရဲ့ လင့်ခ်ကိုအစားထိုးထည့်ပါ။
ထိုစာကြောင်းရှိ ‘ type=’image/vnd.microsoft.icon’ ဆိုသောနေရာတွင် အောက်ပါကုဒ်ဖြင့် အစားထိုးပါ။
type='image/gif'
၈)Template ကို Save လုပ်ပြီးလျင် အားလုံး Ready ဖြစ်ပါပြီ။ မိမိဘလော့ဂ်အား ဘရောက်ဇာ အသစ်တွင်ဖွင့်ပြီး ကျေနပ်မှုရယူပါ။
(Blogging ကိုအခုမှ စတင်ထိတွေ့သူများအတွက် ရည်ရွယ်ပြီး အသေးစိတ် ရေးသားပေးထားတာ ဖြစ်ပါတယ်။ တစ်ကယ်လုပ်လျင်(၂)မိနစ် လောက်အတွင်း ပြီးစီးသွားနိုင်ပါတယ်ခင်ဗျား။)
Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!
8 Responses to “FavIcon လုပ်ကြမလား?”
  1. ဒီပို့စ်လေးကို သဘောကျတယ်။ အားတာနဲ့ ပထမဆုံးလုပ်ကြည့်ရမယ့် အရာတစ်ခုတော့ ရပြီ။ အရမ်းဝါသနာပါတယ် ဒါမျိုးတွေ။ ဒီလို မသိရသေးတဲ့ ဆိုဒ်လေးတွေ တင်ပေးတာ ကျေးဇူး။
  2. ကောင်းပါလေ့ မနှင်းနှင်းရေ။ စမ်းလုပ်ကြည့်ပါ။အဆင်မပြေတာတစ်ခုခုရှိရင်လည်း ဒီမှာပြန်ပြောလို့ရပါတယ်။
  3. အစ်ကိုရေ အစ်ကိုပြောတဲ့နည်းလမ်း(၂)အတိုင်း တဆင့်ခြင်းလုပ်တယ် ဆေ့လို့တောင်မရဘူးဖြစ်နေတယ်။ ဘာဖြစ်တာလည်းမသိဘူး။
  4. ကိုပြည့်စုံရေ- type=’image/gif’ ကို ဒီကုဒ်လေးနဲ့ပြောင်းဆေ့ဗ် လုပ်ကြည့်ပါ။ အပေါ်မှာလည်း ကျွန်တော်ပြောင်းရေးပေးထားပါတယ်။ အဆင်ပြေမယ်လို့ထင်ပါတယ်။ မရသေးရင်လည်းပြန်ပြောပါခင်ဗျား။
  5. ဟို fav Icon လေးရပြီးတော့ web page ပေါ်ရောက်အောင် upload မလုပ်တတ်လို့ အဲ့ဒီအပိုင်း ကို အသေးစိတ်လေး ရှင်းပြပေးပါလားဗျာ
  6. ကျေးဇူးတင်တယ်နော်။ ဒီပို့စ်လေးအတွက်။
    လုပ်ချင်နေတာတော့ကြာပြီ။ ပုံကိုလုပ်ပြီးတော့တစ်နေတာ
    အဲဒီ ၀က်ဆိုက်မှာလုပ်လို့ download လုပ်ပြီးရင်
    photobucket မှာတင်လို့မရဘူး။ googlepage မှာတင်ရင်လည်းပုံမပေါ်ဘူး။ ဒါပေမဲ့ download လုပ်ထားတဲ့ favicon ကို paint
    နဲ့ ပြန်ဖွင့် ပြီး .png နဲ့ save လုပ်လိုက်ရင် တော့ရသွားတယ်။ အဲဒါလေးပြောပြတာပါ။
  7. ၀င်္ကပါ ရေ- သူများတွေအတွက်ပါ အကျိုးများစေမယ့် မှတ်ချက်လေးအတွက် ကျေးဇူးအထူးပါ။
    ကိုသူရ- Respond ပြန်တာ နောက်ကျသွားတဲ့ အတွက်ခွင့်လွတ်ပါ။ အခုကြည့်ပြီးသလောက် ကိုသူရ ဘလော့ဂ်မှာတော့ Favicon ရောက်နေပါပြီ။အဆင်ပြေ သွားပြီလို့လည်းယူဆပါတယ်။
    ဒါပေမယ့် Animation မဟုတ်ပဲ ပုံသေတစ်ခုပဲသုံးထားတာ ကတော့ ကိုယ်တိုင်ရွေးချယ်ထားတယ်လို့ပဲယူဆမိပါတယ်။ အကယ်၍ Animation Icon သုံးချင်တယ်ဆိုရင် တော့ Favicon ပြုလုပ်ပေးတဲ့ Website ကနေ ဒေါင်းလုဒ်လုပ်လို့ ရလာတဲ့ အထုပ်ထဲမှ animated_favicon1 ဆိုသော .gif Extension ဖြင့် အဆုံးသတ်တဲ့ Image အမျိုးအစားကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ၄င်းကိုရွေးချယ်ပြီးပါက webpage ပေါ်တွင်အသုံးပြုရန်အတွက် နေရာများကို ပို့စ်ထဲမှာ ၂-နေရာကျွန်တော်ပြောထားပါတယ်။ ထိုနေရာ တွေမှာ အဆင်မပြေဘူးဆိုပါက http://www.tinypic.com သို့သွားရောက်၍ လည်း အလွယ်တစ်ကူ Upload လုပ်နိုင်ပါတယ်။ ၎င်း ဆိုဒ်မှာ တင်မယ်ဆိုရင်တော့ ရလာတဲ့ လင့်ခ် တွေထဲက အောက်ဆုံးလင့်ခ်ဖြစ်တဲ့ “http://..” နှင့်အစပြုတဲ့ Direct Link ကိုသာ ယူပြီး အသုံးပြုရမှာ ဖြစ်ပါတယ်ခင်ဗျာ။
    ၎င်း Upload လုပ်ထားသော Image လင့်ခ် ရပြီဆိုပါက နည်းလမ်း(၂)၊ အဆင့်(၇) အတိုင်းဆက်လုပ်သွားလျင် အားလုံးအဆင်ပြေပြေ ပြီးဆုံးသွားမှာဖြစ်ပါကြောင်း ထပ်လောင်းရှင်းလင်းအပ်ပါတယ်ခင်ဗျာ။
  8. အကို…
    wordpress ထဲမှာကော အသုံးပြုလို့ရပါသလား..
    အကယ်၍ သုံးလို့ရမယ်ဆိုရင် ဘယ်လိုလုပ်ရတယ်ဆိုတာ တစ်လက်စတည်းပြောခဲ့စေချင်ပါတယ်ခင်ဗျာ..
    ကျေးဇူးတင်ပါတယ် ခင်ဗျာ…
Leave a Reply
You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>