How to make Clickable Link & Tool Tip
အောက်ပါ အတိုင်း HTML ကုဒ်များကို ရိုက်ထည့်ပါ။
<a href="URL of target site">anchor text</a>
(URL is short for Uniform Resource Locator. In layman’s term perhaps it can be called the address of a page on the Web & normally started with http:// )
အထက်ပါ HTML ကုဒ်မှာ ပါတဲ့ anchor text ဆိုတာဟာ ဖော်ပြချက် ဖြစ်ပါတယ်။ ဥပမာ မိမိက ဘလော့ဂ်တစ်ခုကို ညွှန်ပြလိုတယ်ဆိုရင် အဲဒီဘလော့ဂ်ရဲ့ ခေါင်းစဉ်၊ ဒါမမဟုတ် ပို့စ်တစ်ခုကို ညွှန်ပြလိုတယ်ဆိုရင် အဲဒီပို့စ်ကို ကိုယ်စားပြုတဲ့ ဖော်ပြချက်တစ်ခုခု စသဖြင့် မိမိကြိုက်နှစ်သက်သလို အမည်သုံးစွဲလို့ရပါတယ်။
နောက် URL of target site ဆိုတဲ့နေရာမှာတော့ ထည့်သွင်းရမယ့်အပိုင်း (၂)ခုရှိပါမယ်။ URL ဆိုတာကတော့ အထက်မှာ ရှင်းပြထားတဲ့ အတိုင်းပါပဲ။ အရင်းအမြစ်သိုမှီးရာပုံစံတစ်ခု (သို့မဟုတ်) နားလည်လွယ်အောင်ဆိုရင် မိမိဘရောက်ဇာ Address Bar ထဲမှာအမြဲတွေ့နေကြ Website Address တစ်ခုဖြစ်ပါတယ်။ Target site ဆိုတာကတော့ မိမိရည်ညွန်းလိုတဲ့ဆိုဒ်၊ နေရာ၊လိပ်စာပါပဲ။
အထက်ပါ ကုဒ်တွေကို အသုံးပြုပြီး ကျွန်တော်က အောက်ပါအတိုင်း ဘလော့ဂ္ဂါ ဒေါ့ထ် ကွန်း ကိုညွန်ပြပါမယ်။
<a href="https://www.blogger.com/"target="_blank">ဘလော့ဂ္ဂါ</a>
ဒီလင့်ခ်ကို တစ်ကယ်မြင်ရမယ့် ၀ဘ်စာမျက်နှာမှာ အောက်ပါအတိုင်းမြင်ရမှာပါ။ ကလစ်လုပ်ကြည့်ပါ။ ဘယ်လိုရလာဒ် ထွက်လာသလဲဆိုတာကို လေ့လာကြည့်နိုင်ပါတယ်။
ဒီနေရာမှာ target=”_blank” ဆိုတာရဲ့ အဓိပ္ပာယ်က မိမိရည်ညွှန်းတဲ့ ၀ဘ်လိပ်စာကို ကလစ်လိုက်ရင် မိမိရဲ့မူရင်းစာမျက်နှာမှာ မဖော်ပြစေပဲ နောက်ထပ်ဝင်းဒိုးတစ်ခုနဲ့ ဖော်ပြပါလို့ဆိုလိုတာဖြစ်ပါတယ်။ target=”_blank” အစား target=”new” လို့လည်းသုံးလို့ရပါသေးတယ်။ ဒါပေမယ့် ဒီနေ့အထိ ၀ဘ်ဆိုဒ်ရေးသားသူ အများစုကတော့ target=”blank” ကိုအသုံးပြုနေကြဆဲပါ။
အထက်ပါရှင်းလင်းချက်ဟာ မည်သည့် ၀ဘ်ဆိုက်များအတွက်မဆို ရည်ရွယ်တာဖြစ်ပြီး ဘလော့ဂ္ဂါမှာ တော့အဲဒီလို ကုဒ်တွေရိုက်စရာ မလိုပဲ ကိုယ်ညွှန်ပြချင်တဲ့ ၀ဘ်ဆိုဒ်တစ်ခုကို အလွယ်တစ်ကူနဲ့ လင့်ခ်ချိတ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘလော့ဂ္ဂါမှာ ဘယ်လိုလင့်ခ်တွဲ ရမလဲဆိုတာကို အောက်မှာပုံနှင့်တကွရှင်းလင်းထားပါတယ်ခင်ဗျား။
၁)ဘလော့ဂ္ဂါရဲ့ Compose Mode ထဲမှာ မိမိလင့်ခ် တွဲလိုတဲ့ စကားလုံးကို Select လုပ်ပါ။(အခု ကျွန်တော်က ဘလော့ဂ္ဂါ ဆိုတဲ့စကားလုံးကို Select ပေးပါ့မယ်။)
၂)ပြီးပြီဆိုလျင် Tool Bar ပေါ်ရှိ Link ဆိုတဲ့ Icon ကိုကလစ်လုပ်ပါ။ မိမိထည့်လိုသော လင့်ခ်ထည့်ရန်အတွက် Box တစ်ခုကျလာပါမယ်။ ၎င်းBox ထဲမှာ မိမိထည့်လိုသော လင့်ခ် သို့မဟုတ် ၀ဘ်ဆိုဒ်လိပ်စာ ခေါ် URL တစ်ခုထည့်ပြီး Ok ပေးလိုက်လျင်ရပါပြီ။ ပိုမိုရှင်းလင်းစေရန်အတွက် အောက်ပါပုံကို ရည်ညွန်းလိုပါတယ်။
Link Tooltip တစ်ခုပြုလုပ်နည်းဒါကတော့ မိမိလင့်ခ်တွဲထားတဲ့ စကားလုံး သို့မဟုတ် Clickable Link တစ်ခုပေါ်မှာ Mouse Pointer တင်ကြည့်တဲ့အခါ ထပ်ဆောင်းရှင်းလင်းချက်စာသား ပြသစေရန် အတွက်ဖြစ်ပါတယ်။ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
<a href="https://www.blogger.com/"title="ဂူးဂဲလ်၏၀န်ဆောင်မှုများ အနက်မှတစ်ခု">ဘလော့ဂ္ဂါ</a>
အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။
မိမိကိုယ်တိုင်လည်း URL နေရာ တွေ၊ Title နေရာတွေ၊ ဖော်ပြချက်နေရာတွေမှာ မိမိကိုယ်ပိုင်အရာတွေနဲ့ အစားသွင်းကြည့်ပြီး အသုံးပြုလို့ရနိုင်ပါကြောင်း။
အညွန်း။ ။အထက်ပါ Tool Tips ဒီဇိုင်းအမိုက်စားလေးများကို Java Script အသုံးပြုပြီး လှလှပပ အသုံးပြုချင်တယ်ဆိုရင် ဖြင့်
Related Headlines
- None Found















Oct 22nd, 2007 at 10:52 pm
ကျွန်တော်တို့လိုဘာမှမသိတဲ့ဘလော့စရေးမဲ့သူတွေကို အခုလို အချိန်ကုန်ခံပြီးတော့ စိတ်ရှည်လက် ရှည်ရှင်းပြပေးတဲ့အတွက်၊ ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ။
Oct 23rd, 2007 at 9:20 am
code တွေနဲ့စိမ်းတဲ့သူတွေအတွက်ဒီလိုအသေးစိတ်ရှင်းပြပေးတာကျေးဇူးတင်ပါတယ်။ target=”_blank” ရဲ့အဓိပ္ပာယ်ကိုခုမှသိသွားတာ။
Oct 23rd, 2007 at 9:38 am
Compose Mode ထဲက link icon ကိုသုံးပြီးအဲ့ဒီလို link လို့ရမှန်းလည်းခုမှသိတာ။
Oct 23rd, 2007 at 12:02 pm
အားလုံးအတွက် အကျိုးရှိတယ်ဆိုရင် ကျွန်တော်လည်း အင်မတန်ကျေနပ်ပါတယ်ခင်ဗျာ။ မှတ်ချက်များအတွက်လည်း ကျေးဇူးအထူးပါ။ ဒီမှတ်ချက်တွေက ကျွန်တော့်အတွက် ခွန်အားတွေပါပဲ။