Rating Stars Widget အား မိမိဘလော့ဂ်တွင် အလွယ်တကူ ထည့်သွင်းခြင်း
Blogger,Wordpress နှင့် Type Pad အစရှိတဲ့ Blog အသီးသီးမှာ မိမိရေးသားထားတဲ့ ပို့စ်တွေကို စာဖတ်သူတွေ ရဲ့ စိတ်ကျေနပ်မှု အဆင့်အတန်း အလွယ်တကူသတ်မှတ်နိုင်စေတဲ့ Widget လေးတစ်ခုပါပဲ။ Registeration လုပ်စရာမလို ၊ မည်သည့် HTML Code မှသိစရာမလိုပဲ ၊ Click တစ်ချက်လုပ်ရုံနဲ့တင် Install လုပ်နိုင်ပါတယ်။တစ်ခါ Install လုပ်လိုက်ရုံနဲ့ မိမိပို့စ်တိုင်းမှာ စာဖတ်သူတွေ Rating လုပ်ဖို့ လှတ ပတ Star လေးတွေကို အဲဒီ Widget က တပ်ဆင်ပေးပါလိမ့်မယ်။
ယခင်က Beta ဗားရှင်းသာ ရှိခဲ့ပေမယ့် ယခုအခါ Full Release အဖြစ် အခမဲ့ဖြန့်ချီလိုက်ပါပြီ။ စိတ်ပါဝင်စားသူများ ဒီနေရာ မှာသွားယူနိုင်ပါတယ်။ အဲဒီ Widget နဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းလိုပါက ဤနေရာ သို့သွားရောက် မေးမြန်းနိုင်ပါကြောင်း။
စာကြွင်း။ ။ Ne0 Template မှာတော့ တက်လာတဲ့ နောက်ဆုံးပို့စ်မှာပဲ Rating Star Widget အလုပ်လုပ်တာကိုတွေ့ ရပါတယ်။ပြစ်ချက်ရှာဖွေဆဲပါ။
















Jan 1st, 2008 at 10:08 am
မှော်ဆရာရေ ဘယ်နေရာကို click နှိပ်ပြီး download လုပ်ရမယ်ဆိုတာလေးလဲ လင့်ခ်ပေးပါဦးဗျ…
Jan 1st, 2008 at 12:11 pm
လင်ခ် ချိတ်ထားတာက ကျွန်တော့်ရဲ့ CSS ကြောင့် သိပ်မပေါ်ဘူးဖြစ်နေတာ ညလေးရေ။ အခုထင်သာမြင်သာရှိအောင် လုပ်ပေးထားလိုက်ပြီဗျ။ အဲဒီပို့စ်ထဲမှာ ပဲ “ဒီနေရာ” ဆိုတာကို ကလစ်လိုက်ရင် အဲဒီ Star လေးတွေ ထည့်လို့ရတဲ့နေရာ ရောက်သွားပါလိမ့်မယ်။ ဟိုရောက်ရင် သူညွှန်ကြားတဲ့ အတိုင်း Step 2 ခုလုပ်လိုက်ရုံနဲ့ အလွယ်တစ်ကူပဲ ပြီးသွားမှာပါ။
Jan 2nd, 2008 at 10:39 am
ဟုတ်ကဲ့မှော်ဆရာရေ ထပ်ပြီး မေးချင်လာလို့ပါ။ ညလေးဘလော့ဂ်မှာ လင့်ခ်ထည့်ပေးရင် ပို့စ်တိုင်းရဲ့ အောက်ခြေမှာ အကုန်မပေါ်ဘူးဖြစ်နေတယ်။ ခေါင်းစဉ်ကိုနှိပ်ပြီး တစ်ပုဒ်ချင်းဖတ်မှသာ ပေါ်လာပါတယ်။ အဲ့လိုဆိုရင် ဖတ်တဲ့သူက အလွယ်တကူ Rating ဘယ်ပေးလို့ရတော့မလဲဗျာ။ သူကလဲ တစ်ပုဒ်ချင်းဆီ လိုက်ပြီး နှိပ်ကြည့်မယ်လို့ မထင်ဘူးဗျ။
ဒီတော့ တန်းပလိတ်ရဲ့ ဘယ်နေရာမှာ သွားထည့်ပေးရင် ပို့စ်အကုန်လုံးမှာ ပေါ်နေမလဲဆိုတာလဲ တစ်ဆိတ်လောက်ဗျာ ပြောပြပေးပါလား ကျေးဇူး…. :$
Jan 2nd, 2008 at 5:38 pm
@ညလေး
အဲဒီ Widget မှာ အဲဒါတစ်ခုတော့ အားနည်းချက်ရှိတယ်ဗျာ။ ကျွန်တော့် ဘလော့ဂ်မှာလည်း အပေါ်မှာ ကျွန်တော် ပြန်ရှင်းထားသလိုပဲ မူရင်းပို့စ်ရဲ့ လင့်ခ် ကို မရောက်မချင်း အဲဒီ Widget ရဲ့ Rating Star တွေ အလုပ်မလုပ်ဘူးဖြစ်နေတယ်။
တစ်ခုရှိတာက ကျွန်တော့် Template က Neo Template မို့လို့ ထားပါတော့။ညလေးရဲ့ Template မှာတော့ ပေါ်ရမယ်ဗျ။ အဲဒီ Widget ပေးတဲ့ Website မှာလည်းပြောထားတာတွေ့တယ်။ တစ်ခါ Install လုပ်လိုက်ရုံနဲ့ ပို့စ်အားလုံးမှာပေါ်တယ်ဆိုတာလေ။ တစ်ကယ်လို့ ညလေးက Old Blogger Template ကိုသုံးထားတယ်ဆိုရင်တော့ မပေါ်တာ အဲဒါကြောင့်ဖြစ်မယ်။ New Blogger Template ကို Upgrade လုပ်လိုက်ဖို့ အကြံပေးချင်တယ်ဗျာ။ Old Blogger ကတော့ သိတဲ့အတိုင်းပဲ။ ပြင်ရပြုရတာ အတော်အလုပ်ရှုပ်ပါတယ်။ New Blogger မှာတော့ အားလုံးက Click to Click ပဲလေ။
မဟုတ်ဘူး။ ညလေးဘလော့ဂ်က New Blogger Template သုံးထားတာပါ ဆိုရင်တော့ မူရင်း Widget ရဲ့ အားနည်းချက်လို့ပဲ ပြောရတော့မှာပေါ့။ (ဒါပေမယ့် ကျန်တဲ့ New Blogger Template သုံးထားတဲ့ Blog တော်တော်များများမှာ အဲဒီ Widget ပုံမှန်အတိုင်းအားလုံး အလုပ်လုပ်တာ တွေ့ရတယ်ဗျ)
အဲဒီတော့ ..လောလောဆယ်ကျွန်တော် အကြံပေးချင်တာကတော့
နံပါတ်(၁) ညလေးဘလော့ဂ် Template ကို Old (or) New Template ဆိုတာပြန်စစ်ဖို့။ Old ဆိုရင် New Blogger Template ကို ပြန်ပြောင်းဖို့(Edit HTML Page မှာ Upgrade To New Blogger Template ဆိုတာ ကိုကလစ်ပေးလိုက်ရုံပါပဲ။ ပြီးမှ ကိုယ့်စိတ်ကြိုက် Template ပြန်ပြောင်းပေါ့။)
နံပါတ်(၂) တစ်ကယ်လို့ New Blogger Template သုံးထားတာဆိုရင် Widget ကို Header, Footer နှင့် Side Bar စတာတွေမှာ နေရာတွေ ပြောင်းထည့်ကြည့်ဖို့။
နံပါတ်(၃) နောက်ဆုံးအနေနဲ့ ဘယ်လိုမှ မရတော့ဘူးဆိုရင်တော့ ပို့စ်တိုင်းကို စာဖတ်သူ ခေါင်းစဉ်နှိပ်ပြီး ဖတ်စေခြင်းအလို့ငှာပေါ့ဗျာ. Blog ရဲ့ Front Page အများဆုံးပို့စ် (၂) ပို့စ်လောက်ပဲထားပြီး ရေးဖို့ ၊ နောက် Read More လုပ်ရင်လည်း မူရင်းပို့စ်ကို အပြည့်အစုံရောက်မှ ဖတ်လို့ရအောင်လုပ်ထားဖို့ အကြံပေးလိုပါတယ်ခင်ဗျား။
Feb 19th, 2008 at 5:08 pm
wordpress ထဲမှာဘယ်လိုထည့်တယ်ဆိုတာ ပြောပြပေးပါ..
သူရှင်းပြထားတာနားမလည်လို့ပါ..
ကျေးဇူးတင်ပါတယ်
Feb 20th, 2008 at 11:11 pm
@ကြယ်စင်မင်း- ကိုကြယ်စင်မင်းရေ ဒီအောက်က လင့်ခ်လေးရဲ့ နံပါတ်(၁)မှာ သူဒေါင်းလုဒ်ချခိုင်းတဲ့ .zip ဖိုင်လေးကို ဒေါင်းလုဒ်လုပ်လိုက်ပါခင်ဗျာ။ ပြီးတော့ အဲဒီ ဇစ်ဖိုင်လေးဟာ WordPress Plugin တစ်ခုဖြစ်တဲ့ အတွက် ကိုကြယ်စင်မင်းရဲ့ WordPress Plugin Directory ထဲကိုသွားထည့်ရပါမယ်။
http://www.outbrain.com/new/pages/get_ratings_wordpress.htmlကိုကြယ်စင်မင်းရဲ့ ဘလော့ဂ် ကလည်း ဖရီးဟို့စ်ထ် မှာပဲတင် Run ထားတယ်လို့ထင်ပါတယ်။ အဲဒီတော့ ကိုကြယ်စင်မင်းအနေနဲ့ WordPress Theme(Template) တွေကို အချိန်းအပြောင်းလုပ်တာတွေ၊ ဘာတွေနဲ့ အကျွမ်းတစ်ဝင်ဖြစ်ပြီးသားလို့ ယူဆမိပါတယ်။ Plugin တွေလည်း ဒီသဘောပါပဲ။ ကိုယ်ကြိုက်တဲ့ WP Theme တစ်ခုကို အသုံးပြုမယ်ဆိုရင် မိမိရဲ့ Hosting Account ကိုဝင်၊ File Manager ကတစ်ဆင့် မိမိရဲ့ Database ထဲရှိ Wordpress Theme Directory ထဲကို Theme တစ်ခု သွားထည့်ပေးရပါတယ်။ ပြီးတဲ့နောက် Wordpress Admin Panel ထဲရှိ Presentation Tab အောက်မှာရှိတဲ့ Themes ဆိုတာကို ကလစ်ပြီး မိမိအသုံးပြုလိုတဲ့ Theme ကိုရွေးချယ်ကလစ် ပေးရပါတယ်။
Plugins တွေမှာလည်း ဒီအတိုင်းပါပဲ။ ခြားနားသွားတာကတော့ File Manager ကနေတစ်ဆင့် Theme တစ်ခုကို Uplad လုပ်ဖို့ ၀င်တဲ့ အချိန်မှာ wp-content ဆိုတဲ့ Folder ကိုရောက်တာနဲ့ ခါတိုင်းလို Theme ဆိုတာကို မရွေးပဲ Plugins ဆိုတဲ့ File ထုပ်ကိုရွေးချယ်ပေးဖို့လိုပါတယ်။ အဲဒီနောက် Theme တစ်ခုကို အင်စတောလ် လုပ်သလိုပဲ Upload ဆိုတာကိုရွေးပြီး မိမိရဲ့ Plugin .zip လေးကို မိမိရဲ့ File Manager ထဲရှိ Plugins Folder ထဲကို ထည့်သွင်းပေးပါ။ အကယ်၍ ကိုကြယ်စင်မင်း သည် Byethost Free Hosting User တစ်ဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုကြယ်စင်မင်း Plugin ကို Upload လုပ်ရမယ့် Directory ရဲ့ ပုံစံက အောက်ကပုံစံနဲ့ အနီးစပ်ဆုံး တူညီပါလိမ့်မယ်။
/kingofstar.iblogger.org/htdocs/wp-content/pluginsအထက်ပါအတိုင်း Plugin ကို မိမိရဲ့ WP Directory ထဲ Upload လုပ်ပြီးတာနဲ့ မိမိရဲ့ Wordpress Admin Panel ကို ၀င်ပါ။ Dashboard Menu Bar ပေါ်မှာ
# Write # Manage # Comments # Blogroll # Presentation # Plugins .. စသဖြင့်ရှိကြတဲ့ အနက်မှ Plugins ဆိုသော Tab ကိုရွေးချယ်ကလစ်ပါ။ အဲဒီစာမျက်နှာရောက်တာနဲ့ စောစောက မိမိ Upload လုပ်ထားထဲ့ Plugin ကို အမှတ်စဉ်၊ အမည်၊ ရှင်းလင်းချက် စတာတွေနဲ့ တကွ တွေ့ပါလိမ့်မယ်။ ညာဘက် အစွန်ဆုံး ဇယား(၂) ကွက်မှာ “Activate” and “Deactivate” ဆိုတာရှိတဲ့ အနက် Activate ကို ကလစ်လိုက်တာနဲ့ မိမိ Plugin ဟာ Active ဖြစ်သွားပါပြီ။ မိမိဘလော့ဂ်မှာ အလုပ်မလုပ်စစ်ဆေးပါ။
အကယ်၍ အလုပ်မလုပ်ခဲ့သေးရင် အချို့သော Plugin တွေမှာ ရွေးချယ်ခွင့်(Option) တွေပါတတ်တဲ့ အတွက် မိမိရဲ့ မူလ WP Admin Panel ကိုပြန်သွားပါ။ Dashboard Menu Bar ပေါ်ရှိ Option ဆိုသည်ကို ရွေးချယ်ကလစ်ပါ။ ၎င်းအောက်မှာ အခြားသော Option များနှင့်တစ်ကွ Plugin နာမည်နဲ့ Option Tab တစ်ခု တွေ့ရပါလိမယ့်မယ်။ ၎င်းကိုကလစ်ပြီး မိမိလိုအပ်သလို ပြင်ဆင်ခြင်းဖြင့် မိမိ Plugin ကို အလုပ်လုပ်အောင် ပြုလုပ်နိုင်ပါပြီ။
(လောလောဆယ် အချိန်မရဖြစ်နေတဲ့ အတွက် ပုံနှင့်တကွရှင်းပြ မပေးနိုင်တာကို ခွင့်လွတ် စေလိုပါတယ်ဗျာ။
အဲဒီအကြောင်းအရာ အသေးစိတ်ကို ကဏ္ဍတစ်ခုချင်းစီအလိုက် ရေးသားသွားဦးမှာပါ။)
Feb 21st, 2008 at 1:37 pm
ကျေးဇူးတင်ပါတယ်အကို..
နောက်နောင် မသိတာရှိရင်မေးပါဦးမယ်..
အကိုအလုပ်အားမယ့်အချိန်ကိုတော့ စောင့်ရအုံးမှာပေါ့လေ…
Jul 14th, 2008 at 12:09 am
[...] သုံးရဖို့ အရေးကို တစ်ခြားသူတွေကနေ Blogger အတွက် Provide လုပ်ပေးထားတဲ့ Widget တွေ ကို လိုက်လံရှာဖွေ ထည့်သွင်း [...]