Please Download Unicode Standard Myanmar Fonts To View this Blog!

အိပ်မက်နှင့် စီးချင်းထိုးခြင်း

မနေ့ညက အိပ်မက်ထဲ
”ငါ့ကောင်းကင်ကြီး” ပြိုကျတယ်
ငါရွာချလိုက်တဲ့ မိုးရေထဲ
အဖတ်ဆည်မရအောင်
ငါကိုယ်တိုင် မျောပါသွားတဲ့အဖြစ်။

သေချာတယ်
မမေ့ပါဘူး ကောင်မလေးရေ
”လုံးဝ” မမေ့ပါဘူး။

ငါတို့ရှိခဲ့ဖူးတဲ့
”မိုးတစ်ညနဲ့ သစ်ပင်တစ်ပင်” အကြောင်း

ငါတို့သောက်သုံးဖူးတဲ့
”ကမ်းစပ်တစ်ခုက လေပြေ” အကြောင်း

ငါတို့လက်တွေ ငါတို့ဆုပ်ကိုင်လို့
ငါတို့လျှောက်ခဲ့ဖူးတဲ့
”မြစ်တစ်ခုနဲ့ ကမ်းနားလမ်း” အကြောင်း

ငါတို့ကိုယ်တိုင် တည်ဆောက်လို့
ငါတို့ထိုးခဲ့ဖူးတဲ့
”နှလုံးသားတစ်စုံပေါ်က တံတားတစ်စင်း” အကြောင်း

အဲဒီသမိုင်းတွေအကြောင်း
ငါ့အက္ခရာ ငါစီလို့
ငါ့ရဲ့ပြတိုက်ထဲ
ငါကိုယ်တိုင် ”တစ်သက်စာကမ္ဗည်း” ထိုးခဲ့ပြီးသားပါ။

ကောင်မလေးရေ
”အလွမ်းတစ်ခု” ဖြစ်တိုင်းသာ ”ခြေတစ်လှမ်း” နီးခွင့်ရမယ်ဆိုရင်
ဟောဒီ ပင်လယ်တောင်တန်းတွေ ဖြတ်ကျော်ဖို့
မိုးကုတ်စက်ဝိုင်းအလွန်အထိ ငါလွမ်းလိုက်ချင်ပါရဲ့။

အခုတော့
တိတ်တခိုးနဲ့ မိုးစက်လက် ”သာ”
လရောင်တစ်စက်တစ်လေတောင် ” ရွာ ”မချတဲ့ ဒီညထဲ
အနက်ရောင် ငါ့အိပ်မက်တွေပါ ဂြိုဟ်စီးဂြိုဟ်နင်း ညံ့ကုန်ပေါ့။ ။

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

One Response to “အိပ်မက်နှင့် စီးချင်းထိုးခြင်း”

  1. ကျောင်းစာအုပ်ထဲက ကွန်ပျူတာသင်ခန်းစာတွေ ဖတ်ရင်းနဲ့ ကဗျာတပုဒ်တွေ့ လို့ ဖတ်သွားတယ်။ ကဗျာလေးကြိုက်တယ်။ blogging lesson တွေအတွက်လည်းကျေးဇူး။

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>